လွတ်တော်မှာလည်းအတိုက်အခံဖြစ်နေဆဲ ဒေါ်စုပြော မေလ ၃၀၊ ၂၀၁၄ လွှတ်တော်ထဲမှာ NLD လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ နှုတ်ဆိတ်မနေဘဲ ပြည်သူတွေအတွက် အကျိုးရှိမယ့်ကိစ္စပေါ်မူတည်ပြီး ဆန့်ကျင်မှု၊ ထောက်ခံ မှုတွေလုပ်နေတယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းကြည်က ဒီကနေ့ ပြော ကြားလိုက်ပါတယ်။ ဒီနေ့ နေပြည်တော်က ပြည်သူ့လွှတ်တော် အစည်း အဝေး ခေတ္တရပ်နားချိန်မှာ သတင်းထောက်တွေ နဲ့ တွေ့ဆုံစဉ် အခုလိုပြောခဲ့တာပါ။