Skip to main content
၄၃၆ ပြင်ဆင်ရေး ကဗျာ၊ ကာတွန်း ဆရာများလက်မှတ်ရေးထိုး
မေလ ၃၀၊ ၂၀၁၄


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ အဓိကကျတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ ပြည်တွင်းက ကဗျာဆရာတွေနဲ့ ကာတွန်းဆရာတွေ ဒီကနေ့ စုပေါင်းလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ကဗျာဆရာတွေက ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းက The Last Leaf ပြခန်းမှာ လက်မှတ်ထိုးကြပြီး ကာတွန်းဆရာတွေကတော့ ၃၅ လမ်း အလယ်ဘလောက်က Capacity Development Centre မှာ စုပေါင်း လက်မှတ်ထိုးကြတာပါ။
လက်မှတ်လာထိုးဖြစ်တဲ့အကြောင်း ကာတွန်းဆရာ ရွှေမင်းသားက “လက်မှတ်ထိုးတယ်ဆိုတာက
မကြိုက်လို့ ပြင်ပေးပါ သို့မဟုတ် ပြောင်းပေးပါဆိုတဲ့ သဘောပေါ့နော်။ ကျနော့်မျှော်လင့်ချက်က သူတို့အပေါ်မှာ မူတည်တယ်။ တကယ်လို့ ကပ်သပ်ပြီးတော့ ခွင့်မပြုဘူးဆိုရင်တော့ အားလုံးအတိုင်းအတာအရ ဘာမှ မတတ်နိုင်ဘူး ပေါ့နော်။ သူတို့က မကပ်သပ်ဘူး ပြင်ပေးမယ်ဆိုရင် ဖြစ်နိုင်တာပဲ။ လူရေးတဲ့ စာလုံးဟာ လူပြင်လို့ရတာပဲ။ အဲဒီသဘောပါပဲ။ အားလုံးရဲ့ဆန္ဒဟာ လိုအပ်လို့ ပြင်ခိုင်းတယ်၊ သူတို့ပြင်ပေးရင် အားလုံးရဲ့ဆန္ဒကို လိုက်လျောတာပေါ့။ ပြင်မပေးဘူးဆိုရင် မလိုက်လျော ဘူးပေါ့။ သူတို့အပေါ်မှာ မူတည်တယ်လို့ သဘောထားပါတယ်” လို့ ပြောပါတယ်။
အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကာတွန်းဆရာ ဆရာအော်ပီကျယ်က “ကျနော်တို့ လက်မှတ် ဘယ်လိုထိုးထိုး မပြင်ဘူး ကျနော်သိတယ်။ ပြင်တာ မပြင်တာ သူကိစ္စ၊ သမ္မတကလည်း မပြင်ဘူးဆိုတာ သူတယောက်တည်း သဘောထားပေးတာလေ၊ တပြည်လုံးစာ သူပြောခွင့်မရှိဘူး။ ကျနော်တို့ကလည်း ကိုယ့်တယောက်စာ ကိုယ်ပြောမယ် ဒါပါပဲ” လို့ ပြောပါတယ်။
ကဗျာဆရာ ဆရာစောဝေကတော့ မနှစ်က တောင်တွင်းကြီးနဲ့ အောင်လံမြို့တွေမှာ မြို့ထဲကို လှည့်လည်ပြီး ပုဒ်မ ၄၃၆ နဲ့ပတ်သက်တဲ့ ကဗျာတပုဒ်ရွတ်ခဲ့ဖူးကြောင်းနဲ့ အဲဒီကဗျာရဲ့ ဆိုလိုရင်းကို သူက အခုလို ပြောပြပါတယ်။
“အခြေခံဥပဒေဆိုတာ ပြည်သူတိုင်း အသားအရောင်၊ ဘာသာ၊ လူမျိုးမခွဲခြားပဲ တိုင်းပြည်မှာရှိတဲ့ ပြည်သူတိုင်းနဲ့ ဆိုင်တဲ့ ဥပဒေတရပ်။ အဲဒီ ဥပဒေတရပ်ကို ပြည်သူအားလုံး သိဖို့လိုတယ်။ ပြည်သူအားလုံး လက်ခံနိုင်တဲ့ ဥပဒေဖြစ်ဖို့လိုတယ်။ ပြည်သူအားလုံး လက်ခံနိုင်တဲ့ ဥပဒေဖြစ်ဖို့ဆိုရင် ဒီဥပဒေကြီးဟာ ဘယ်တော့မှ အတည်အခြေကြာကြီး ဖြစ်မနေရဘူး။ အခြေအကြာကြီး ဖြစ်နေတဲ့ ဥပဒေဆိုတာလည်း ဘယ်နိုင်ငံမှ မရှိဘူး။ ပြည်သူလူထုရဲ့ ယနေ့ စားဝတ်နေရေး တိုင်းပြည်ရဲ့ အခြေအနေနဲ့ကိုက်ညီတဲ့ ဟာကို အချိန်မရွေးပြောင်းလွယ် ပြင်လွယ် ဖြစ်ရမယ်ဆိုတဲ့ ဟာမျိုးကို အဲဒီဒေသမှာရှိတဲ့ ဒေသခံပြည်သူတွေကို အသိပေးတဲ့ဟာမျိုး၊ အဲဒီမှာ အဲဒီလို လုပ်မယ်ဆိုတာ ဒီအခြေခံဥပဒေထဲက ပုဒ်မ ၄၃၆ ဟာဖြင့် အရေးကြီးပါဆိုတာ အဲဒီကဗျာထဲမှာ ထည့်ရွတ်တာဗျ။”
အလားတူ မန္တလေးမြို့မှာလည်း နိုင်ငံရေးအကျဉ်းသားဟောင်းများ ကွန်ရက်- အထက်မြန်မာပြည်က အဖွဲ့ဝင် ၁၀၀ လောက် စုပေါင်းပြီး ပဒုမ္မာခန်းမမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံလက်မှတ်ထိုးခဲ့ကြပါတယ်။
မန္တလေးမြို့က ကဗျာဆရာတွေနဲ့ ကာတွန်းဆရာတွေကတော့ လှုံ့ဆ်ာရေး အသွင်ဖြစ်အောင်အတွက် ပြီးခဲ့တဲ့ ရက်ပတ်ကပဲ မန္တလေးတိုင်း အန်အယ်လ်ဒီရုံးမှာ စာပေါင်းလက်မှတ်ထိုး ဆန္ဒပြုခဲ့ကြပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဒီမိုကရေစီနည်းမကျတဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်နိုင်ရေးအတွက် အဓိကကျတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ဟောပြောပွဲတွေ၊ လက်မှတ်ထိုး လူထုဆန္ဒခံယူပွဲတွေကို နိုင်ငံအနှံ့မှာ ရက်ပေါင်း ၅၀ ကျော်ကြာ ပြုလုပ်နေတာ ဖြစ်ပါတယ်။
By ပိုင်စိုး DVB

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...