Skip to main content
၄၃၆ လက်မှတ်ထိုးစာရင်းများ ရဲစခန်းမှ တောင်းယူ
မေလ ၃၀၊ ၂၀၁၄ 
ရန်ကုန်၊ မဇ္ဈိမ။ ။ရန်ကုန်မြို့၊ သာကေတမြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသည့် နေရာများတွင် ရဲတပ်ဖွဲ့ဝင်များက လူစားရင်းတောင်းခံခြင်း ဓာတ်ပုံများ ရိုက်ခြင်းများ ပြုလုပ်သည် အဆိုပါ မြို့နယ် ဥက္ကဋ္ဌများက မဇ္ဈိမကို ပြောသည်။
သာကေတ မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့မှ မြို့နယ် ဥက္ကဋ္ဌ ဦးကျော်ထွေးကမနေ့ကတော့ သူတို့စာရင်းတွေ တောင်းတယ်။ မနေ့က အထိတော့ လက်မှတ်ထိုးတဲ့နေရာတွေပါ လာတယ်။ ခြောက်နောက်ရပ်ကွက် နယ်ထိန်း ခင်မောင်ဦးက မနက် နာရီမှာ တစ်ကြိမ်၊ နေ့လည် နာရီမှာ တစ်ကြိမ် နောက် နာရီမှာ တစ်ကြိမ် စုစုပေါင်း သုံးကြိမ်တောင် လာတောင်းတာပါဟု ပြောသည်။

ယင်းကဲ့သို့ လာရောက်တောင်းခံစဉ် သက်ဆိုင်ရာ မြို့နယ်ရုံးကို စာတင်ကာ လူစာရင်းအား တောင်းခံပါဟု နောက်ရပ်ကွက် ၄၃၆ ပုဒ်မပြင်ဆင်ရေး တာဝန်ခံက ပြန်လည်ပြောကြားခဲ့သည်ဟု ဦးကျော်ထွေးက ပြန်လည်ပြောပြသည်။
အလားတူပင် မေလ ၂၈ ရက်က စမ်းချောင်းမြို့နယ်ရှိ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးရန် ဖွင့်လှစ်ထားသည့် နေရာ၂ဝအနက် ၅နေရာတွင် နယ်ထိန်းများက လူစာရင်းတောင်းခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု စမ်းချောင်းမြို့နယ် ဥက္ကဋ္ဌ ဦးဘိုဘိုဦးက မဇ္ဈိမသို့ပြောသည်။
ကျွန်တော်တို့ ပုဒ်မပြင်ဆင်ရေး လက်မှတ်ထိုးတစ်နေရာဆို စာအုပ်ကိုလှန်ပြီး ဓာတ်ပုံရိုက်သွားတယ်။ ကျွန်တော်တို့အနေနဲ့ ရဲရဲဝံ့ဝံ့ ဆန္ဒပြုလို့မရအောင် လုပ်နေတာလို့မြင်တယ်။ သတင်းယူတယ်ဆိုလည်း မြို့နယ်ရုံးတွေမှာ နေ့စဉ် ရရှိတဲ့ လက်မှတ်စာရင်းတွေ တင်တယ်။ စမ်းချောင်း ဖေ့စ်ဘွတ်မှာလည်း စာရင်းတွေ တင်ထားတယ်။ ဒီဖြစ်ရပ်အပေါ် အထက်ကခိုင်းလို့ လုပ်တာလို့မြင်တယ်ဟု ဦးဘိုဘိုဦးက ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးတွင် ဆန္ဒပြုလက်မှတ်ရေးထိုးသူ သာကေတမြို့နယ်က ကိုကျော်ဇင်ဦးကလည်းလက်မှတ်ထိုးတဲ့ နေရာမှာ လူစာရင်းဘယ်လောက်ရပြီးလဲ၊ ဘယ်နှစ်ခုရပြီးလဲ ဆိုတာတွေက ဆန္ဒပြု နေတဲ့သူတွေကို လာနှောက်ယှက်နေတယ်လို့ မြင်တယ်" ဟု ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သတ်၍ စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ရုံးသို့ မဇ္ဈိမက သွားရောက်မေးမြန်းခဲ့ရာတွင် ရဲစခန်းတာဝန်ခံကကျွန်တော်တို့ ရပ်ကွက်မှာ ဖြစ်သမျှကိုတော့ တာဝန်တခုအနေနဲ့ သိရမယ်။ မီးပျက်တာကအစ ဘယ်အချိန်ကပျက်တာ ဘယ်အချိန်လာတယ် ဆိုတာကို ကျွန်တော်တို့သိရမှာ တာဝန်ရှိတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြေဆိုခွင့်မရှိပါဘူးဟု ပြောသည်။ အဆိုပါ တာဝန်ခံက သူပြောစကားများကို တာဝန်မခံဟုလည်း ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဦးဆောင်ကာ မတ်လ ၂၇ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ခဲ့သည်။
Written by ခင်မြတ်မြတ်ဝေ
Mizzima - News in Burmese

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...