Skip to main content
အခုရှုပ်မှ နောင်ရှင်း
မေ ၃၁ 
သရ၀ဏ်(ပြည်)
(Kyaw Swar Myint ဖေ့စ်ဘွတ်ခ်မှ မူရင်းသတ်ပုံအတိုင်း ကူးယူဖော်ပြပါသည်။)

ကျွန်တော် ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီထဲသို.၀င်တော.မည် ။ ဘယ်သူတွေဘာထင်ထင် ကျွန်တော်ဝင်မည် ။ ဒီခေတ်မှာနိုင်ငံရေးပါတီတစ်ခုတော.နောက်ခံရှိထားမှဖြစ်မည် ။ သူများတွေဝင်သော ပါတီထဲသို.လည်း
အုတ်အရောရောကျောက်အရောရော သူများလုပ်တိုင်းလိုက်လုပ်ကာ ရောတိရောရာ မလုပ်ချင် ။ ကိုယ်ထင်တာ ကိုယ်လုပ်တာ ကျွန်တော်.၀ါသနာဖြစ်သည် ။ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီကို ကျွန်တော်ကြိုက်သည် ။ ယခင်ပါတီဥက္ကဌ ဦးသိန်းစိန်သည် လာဘ်မစားဘူးဟု နာမည်ကျော်ကြားသော Mr. Clean ဖြစ်သည် ။ ယခုပါတီဥက္ကဌဖြစ်သူ၊ သူရဦးရွှေမန်းသည် တိုင်းပြည်ကောင်းအောင် လုပ်နိုင်မည်.သူတစ်ဦးဖြစ်သည် ဟု ကျွန်တော်ယုံသည် ။ ထို.ကြောင်.ပါတီသို.ကျွန်တော်ဝင်မည် ။သို.သော် ကျွန်တော်သည် ဥာဏ်ရည်နုံနဲ.သူဖြစ်သည် ။ ကြံ.ခိုင်ဖွံ.ဖြိုးရေးပါတီနှင်.ပါတ်သက်လာလျင် ကျွန်တော် မရှင်းလင်းသော ၊ မည်သို.မျှ မစဉ်းစားတတ်သော ကိစ္စလေးအနည်းငယ်ရှိသည် ။ မေးခွန်းအနည်းငယ်ရှိသည် ။

ခုရှုပ်မှ နောင်ရှင်း ဆိုသလို ထိုကိစ္စများကို သက်ဆိုင်ရာပါတီခေါင်းဆောင်များမှ ကျွန်တော် သဘောပေါက် နားလည်လာအောင် ရှင်းပြနိုင်ပါက အလွန်ကျေးဇူးတင်မိပေမည် ။ ရှင်းပြမည်ဟုလည်း ယုံကြည်မျှော်လင်.ပါသည် ။ ထိုအခါ ကျွန်တော်သည် ပါတီထဲသို. ၀င်ရန်သာရှိပါတော.သည် ။

ပထမအချက်အနေဖြင်.ကျွန်တော် မေးလိုသည်မှာ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးအသင်းနှင့် ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသည် အတူတူပဲလားဟူသော မေးခွန်းဖြစ်ပါသည် ။အဘယ်.ကြောင်.ဆိုသော် ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးအသင်းသည် အစိုးရပိုင်အသင်းကြီးဖြစ်ခဲ့သည် ။ အစိုးရပိုင်အသင်းဖြစ်စဉ်က အသင်းပိုင်ရုံးခန်းများ၏ မြေနေရာနှင်. အဆောက်အဦ အားလုံးသည် နိုင်ငံတော်ဘဏ္ဍာငွေဖြင်.တည်ဆောက်ထားသော ရုံးခန်းများဖြစ်သည် ။ ထိုသို. နိုင်ငံတော်ပိုင်မြေနှင်.ရုံးများသည် အသင်းကြီးအဖြစ်မှ နိုင်ငံရေးပါတီတစ်ခုအဖြစ်သို. ပြောင်းလဲလိုက်သောအခါ နိုင်ငံတော်ပိုင်ပစ္စည်းများကို နိုင်ငံတော်သို.ပြန်အပ်ရမည်ဖြစ်သည် ။ နိုင်ငံရေးပါတီဆိုသည်မှာ နိုင်ငံတော်ပိုင်မဟုတ်သဖြင်. ယခင်နိုင်ငံတော်ပိုင်အသင်းကြီး၏မြေနေရာ ၊ဘဏ္ဍာငွေ ၊အဆောက်အဦ ၊ လက်ကျန်ငွေ ၊ စီးပွားရေးလုပ်ငန်းစသည်များကိုတစ်ခုမကျန် နိုင်ငံတော်သို.ပြန်အပ်ရပေမည် ။ ပြည်သူတို.၏ ချွေးနည်းစာဖြစ်သော နိုင်ငံတော်ဘဏ္ဍာငွေသည် ပါတီတစ်ခုအတွက်သုံးလို.ရမရ ကျွန်တော်သိချင်သည် ။

ထို.ကြောင်.ကြံ.ခိုင်ရေးအသင်းကြီး၏မြေများ ၊ တိုက်များ ၊ ရုံးခန်းများ ၊စီးပွားရေးလုပ်ငန်းများကို ပြည်ခိုင်ဖြိုးပါတီက မိဘအမွေသားသမီး ဆက်ခံသလို ယူလိုက်ခြင်းမှာ တည်ဆဲဥပဒေနှင်.ညီမညီ ၊နိုင်ငံတော်အေးချမ်းသာယာရေးနှင်. ဖွံ.ဖြိုးရေးကောင်စီသည် ပြည်သူပိုင်ပစ္စည်းများကို နိုင်ငံရေးပါတီတစ်ခုသို.ကိုယ်.သဘောနှင်. ကိုယ်ပေးပိုင်ခွင်.ရှိမရှိ ၊ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသည် နိုင်ငံပိုင်ပစ္စည်းကိုပါတီအတွက် လွှဲပြောင်းရယူပိုင်ခွင်. ရှိမရှိ ကျွန်တော် သိလိုပါသည် ။

ဒုတိယ သိလိုသည်မှာ အသင်းကြီးကို စတင်တည်ထောင်သူ နာယကကြီးဖြစ်သော အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွေအကြောင်း ဖြစ်သည် ။ ပြည်ခိုင်ဖြိုးပါတီသည် ပြည်ခိုင်ဖြိုးအသင်းမှ ဆင်းသက်လာသည်ဖြစ်ရာ အသင်းကြီး၏ မူလစတင်တည်ထောင်သူတစ်ယောက်အကြောင်းကို ပါတီက ရှင်းပြနိုင်လိမ်.မည်ဟု ယူဆ၍ မေးရခြင်းဖြစ်ပါသည် ။ ကျွန်တော် သိလိုသည်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) ယခုနေနေသော အိမ်တော်ဟုခေါ်သည်. နေပြည်တော်မှ မြေနေရာနှင်.အဆောက်အဦသည် သူချွေးနည်းစာဖြင်. လစာဝင်ငွေထဲမှ စုဆောင်းကာ ဆောက်လုပ်ထားခြင်းလော ၊ သို.တည်းမဟုတ် နိုင်ငံတော်ပိုင်ဘဏ္ဍာငွေများဖြင်. ဆောက်လုပ်ထားခြင်းလော မရှင်းသဖြင်.မေးချင်ပါသည် ။

သူ.ငွေဖြင်.သူ ဆောက်လုပ်ထားပါသည်ဟု တစ်ခွန်းဖြေလျင် ဘာမှစောဒကတက်၍ ရှေ.ဆက်မမေးတော.ပါ ။ သို.သော် နိုင်ငံတော် ဘတ်ဂျက်ငွေဖြင်. ဆောက်ထားပါသည်ဆိုလျှင် မရှင်းတာလေး အနည်းငယ်ရှိပါသည် ။ နိုင်ငံတော်ဝန်ထမ်းတစ်ယောက်အား တာဝန်ထမ်းဆောင်စဉ်ပေးထားသောအိမ်သည် သက်ပြည်.ပင်စင်ယူ၍ (အမှန်မှာ သက်ကျော်ပင်စင်ဟုပင် ပြောရမလိုဖြစ်ပေသည် ။ စကားချပ် ။ ) ရာထူးမှ အနားယူသွားသောအခါ ထိုအိမ်တွင် ဆက်နေ၍ရမရ သိလိုပါသည် ။ နိုင်ငံတကာတွင် အမေရိကန်သမ္မတအဆက်ဆက် သည်ရာထူးမှ နှစ်စေ.၍ဆင်းသွားသောအခါ အိမ်ပေါ်မှ ဆင်းပေးရပါသည် ။ နောက်သမ္မတနေရန် အိမ်အသစ်ထပ်ဆောက်ရရိုး ထုံးစံမရှိပါ။ အိမ်ဖြူတော်သည် လေးနှစ်တစ်ခါ (သို.မဟုတ် ) ရှစ်နှစ်တစ်ခါ သမ္မတများ ပြောင်းနေပါသည် ။ ဗြိတိန်တွင်လည်း ၀န်ကြီးချုပ်အသစ် တက်လာသောအခါ ၀န်ကြီးချုပ်ဟောင်းသည် လန်ဒန်မြို. အမှတ် (၁၀ ) ဒေါင်းနင်းလမ်းနေအိမ်မှ ထွက်ခွာပေးကြရစမြဲဖြစ်သည် ။

မြန်မာနိုင်ငံတွင်လည်း တပ်မတော်သားဝန်ထမ်းများသည် အသက် (၆၀) ပြည်.၍ ပင်စင် ယူသောအခါ ရရှိထားသော လိုင်းခန်း (သို.မဟုတ် )အရာရှိအိမ်ယာကို စစ်တပ်သို. ပြန်အပ်ရပါသည် ။ က.ပ.စ တွင် အလုပ်လုပ်သော ကျွန်တော်၏ မိတ်ဆွေ တပ်မတော်သားတစ်ဦးသည် ပင်စင်ယူသောအခါ နေစရာမရှိတော.သဖြင်. သူတို.မိသားစုထဲမှ တစ်ယောက်ကို အလုပ်ထဲတွင် ပြန်သွင်းထားပြီးမှ ထိုအိမ်ယာကို ပြန်နေခွင်.ပြုရန် လျှောက်လွှာတစ်ခါပြန်တင်ကာ ဘောင်ဝင်အောင် ဆောင်ရွက်ရပါသည် ။ အခြား အရပ်ဘက်ဝန်ထမ်းများလည်း ထိုနည်းနှင်နှင်ဖြစ်ပါသည် ။ ၀န်ထမ်းဘ၀က ရခဲ.သောအိမ်သည် ပင်စင်ယူသောအခါ အပြီးအပိုင် ရလိုက်သည်ဟူ၍လည်း မကြားဖူးပါ ။ ထို.ကြောင်. တပ်ချုပ်ကြီး( ဟောင်း) ၏အိမ်သည် ကိုယ်ပိုင်အိမ်လား ၊နိုင်ငံတော်ပိုင်အိမ်လား သိလိုခြင်းဖြစ်ပါသည် ။

ဒုတိယတစ်ချက် သိလိုသည်မှာ ပင်စင်လစာကိစ္စ ဖြစ်ပါသည် ။ ၂၀၁၁ ခုနှစ် မတ်လ (၃၁) ရက်နေ. မှစ၍ ပင်စင်ဦးစီးဌာနမှစ၍ ခံစားခွင်.ပြုလိုက်သည်. ပင်စင်လစာငွေများမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) ၏ ပင်စင်လစာမှာ တစ်လလျင် ကျပ် သိန်း (၁၀၀) ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး (ငြိမ်း) မှာ တစ်လလျင် ကျပ်သိန်း (၈၀) ခံစားခွင်. ရှိသည်ဟုဆို၏ ။ ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေ အခန်း (၃) ပုဒ်မ (၅၈) တွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည်ဟု ဖော်ပြပါရှိ၏ ။ ထိုသို.ဆိုလျင် ဖွဲ.စည်းပုံဥပဒေအရ နိုင်ငံတော်၏ အထွတ်အထိပ်ဖြစ်သည်ဟုဆိုသော သမ္မတဦးသိန်းစိန်က လုပ်ခလစာ တစ်လလျင် သိန်း (၅၀ )ပဲ ရနေပါလျက် အထွတ်အထိပ်မဟုတ်တော.သော ပုဂ္ဂိုလ်တစ်ယောက်၏ ပင်စင်လစာငွေမှာ အထွတ်အထိပ်ထက် နှစ်ဆများနေသည်မှာ ဖွဲ.စည်းပုံအခြေခံဥပဒေနှင်. ညီညွတ်ခြင်းရှိမရှိ ၊ ဖွဲ.စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်မရောက် သိရှိလိုပါသည်ခင်ဗျား ။

တစ်ဖန် နိုင်ငံရေးဆုငွေ (အရပ်အခေါ် ဂရယ်ဂျူတီကြေး) ချီးမြှင်.ရာတွင်လည်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွေ၏ ခံစားခွင်.မှာ သိန်းပေါင်း ( ၂၃၀၀ ) ဖြစ်သည်ဟု သိရပါသည် ။ ထိုကိစ္စသည် ကောလဟလလား တကယ်လား သိလိုပါသည် ။ တကယ်ဖြစ်ပါက Gratuity ကြေး သိန်း (၂၃၀၀ ) ရအောင် တွက်လိုက်သော တွက်နည်းစနစ်ကို သိလိုပါသည် ။ သာမန်အားဖြင်. ၀န်ထမ်းများ အငြိမ်းစားယူသောအခါ Gratuity (ခေါ်) လုပ်သက်ခံစားခွင်. တွက်ချက်သော ပုံသေနည်းမှာ ကျွန်တော် သိသလောက် အောက်ပါအတိုင်း တစ်နိုင်ငံလုံး တွက်ကြပါသည် ။

အငြိမ်းစားမယူမီ နောက်ဆုံးရခဲ.သော လစာ x လုပ်သက် ÷ ( ၂ ) ဖြစ်ပါသည် ။ ဤနည်းဖြင်.တွက်ချက်ပါက ဗိုလိချုပ်မှူးကြီးသန်းရွှေ၏ လုပ်သက်ကို (၄၅ )နှစ်ဖြင်. စဉ်းစား၍ တွက်ချက်လျင် သူ၏မူရင်းလစာမှာ တစ်လလျင် သိန်း (၁၀၀ ) ရှိပါမှ ဂရယ်ဂျူတီကြေး သိန်း ၂၃၀၀ ခန်. ရပေလိမ်.မည် ။ ထို.ကြောင်. ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မူရင်းလစာမှာ တစ်လ သိန်းတစ်ရာလား ၊ ထိုသို. သိန်းတစ်ရာ လစာရခဲ.လျင် ပင်စင်ကြတော. ဘယ်လိုလုပ် တစ်လ သိန်းတစ်ရာ ဖြစ်သွားသလဲ မရှင်းပေ ။ ပင်စင်တွက်နည်းမှာ နောက်ဆုံးရလစာကို လုပ်သက်နှင်.မြှောက်ပြီး တပ်မတော်သားဆိုလျင် (၅၀ ) နှင်. စားရပါသည် ။ အရပ်ဘက်ဝန်ထမ်းဆိုလျင် ( ၇၀ ) နှင်. စားရပါသည် ။ တစ်လလျင် ယခင်က လစာ သိန်း (၁၀၀ ) ရခဲ.လျင်တော. လုပ်သက် (၄၅ )နှစ်နှင်. မြှောက်ကာ (၅၀ ) နှင်.စားလိုက်သောအခါ သိန်း (၉၀) ရပါသည် ။ တွက်နည်းတွင် တပ်မတော်သားများအတွက် မူရင်းလစာနှင်.အတူ အရည်အချင်းလစာ ၊ နှစ်တိုး ၊ အိမ်ငှားခများပါ ထပ်ထည်.လေ.ရှိရာ ဤသိန်း (၉၀ ) မှ သိန်း (၁၀၀ ) ရသွားသည်ဆိုလျင် ဖြစ်နိုင်ပါသည် ။

ဆိုလိုသည်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ပင်စင်မယူမီက လစာမှာ တစ်လလျင် သိန်း (၁၀၀ ) ဖြစ်ခဲ.လျှင်တော. ပင်စင်ကြေး သိန်းတစ်ရာဆိုတာရော ၊ လုပ်သက်ခံစားခွင်. ( Gratuity ) သိန်း (၂၃၀၀ ) ဆိုတာရော စာရင်းကိုက်ပါသည် ။ သို.သော် ပြသနာမှာ ဗိုလ်ချုပ်မှူးကြီးတို. ယခင်ကလစာ ဘယ်လောက်ယူခဲ.ပါသည်ဟု နိုင်ငံတော်ပြည်သူများကို တစ်ခါမှ လူရာသွင်း၍ မကြေငြာခဲ.ခြင်းဖြစ်သည် ။ ထို.ကြောင်. ကျွန်တော် သိလိုသည်မှာ ပြည်ခိုင်ဖြိုးအသင်းကြီး၏ မူလတည်ထောင်သူ နာယကကြီး ဦးသန်းရွေ၏ ပင်စင်မယူခင်က ခံစားခဲ.သော တရားဝင်လစာသည် တစ်လလျင် သိန်း (၁၀၀ ) ကျပ် ဟုတ်မဟုတ် သိလိုပါသည် ။ မဟုတ်ခဲ.လျင် ပင်စင်နှင်. ဂရယ်ဂျူတီကြေးကို မည်သည်.တွက်နည်းဖြင်. တွက်လိုက်သလဲဆိုတာ သိလိုပါသည် ။ ဟုတ်ခဲ.လျင် လုပ်ခလစာ တစ်လလျင် ကျပ်သောင်းဂဏန်းဖြင်. တစ်နိုင်ငံလုံး နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲနေချိန်တွင် ဤမျှများသော လစာကို မည်သည်.အချိုးချ လစာစနစ်ဖြင်. ရယူခဲ.သလဲ သိလိုပါသည် ။

နောက်တစ်ခု သိလိုသည်မှာလည်း ပြည်ခိုင်ဖြိုးဥက္ကဟောင်းနှင်. ဥက္ကဌသစ်၏ ပင်စင်လစာအကြောင်းဖြစ်သည် ။ တပ်မတော်ပင်စင်လစာအဖြစ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဟောင်း လက်ရှိ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် တစ်လ ကျပ်သိန်း (၅၀ ) ပင်စင်ရသည်ဟု သိရပါသည်။ လက်ရှိပါတီဥက္ကဌလည်းဖြစ် ပြည်ထောင်စုလွှတ်တော် နာယကလဲဖြစ်သူ၊ သူရဦးရွှေမန်းသည်လည်း ပင်စင်လစာ တစ်လ သိန်း (၅၀ ) ဟု သိရပါသည် ။ ထိုမှတစ်ဖန် လက်ရှိသမ္မတလစာ အဖြစ် ဦးသိန်းစိန်က တစ်လလျင် သိန်း(၅၀ ) ၊ ဦးရွှေမန်းက ပြည်သူ.လွှတ်တော်ဥက္ကဌရာထူးအတွက် လစာ တစ်လလျင် (၃၅) သိန်း ရနေပြီဖြစ်သည် ။ ထိုသို.ဆိုလျင် ကျွန်တော် သိလိုသည်မှာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဟောင်းနှင်. လက်ရှိဥက္ကဌသစ်တို.သည် လက်ရှိရာထူးအတွက်လဲ လစာယူသည် ၊ တပ်မတော်ပင်စင်အတွက်လဲ သိန်း (၅၀ ) ၊ (၃၅) သိန်း စသည်ဖြင်. နှစ်ပြန်နှစ်လဲယူနေကြပါသလား ၊ လစာတစ်မျိုးထဲပဲ ယူပါသလား၊ လစာနှစ်မျိုးကို တစ်ပြိုင်တည်း ရယူခံစားနေကြပါလျင် တိုင်းပြည်ဘဏ္ဍာကို ထိုသို.ရယူခံစားခြင်းမှာ ဖွဲ.စည်းပုံအခြေခံဥပဒေနှင်. ညီညွတ်ပါရဲ.လား ဟူ၍ဖြစ်ပေသည် ။

နောက်ထပ်မေးခွန်းမှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးစဉ်ကာလနှင်. သက်ဆိုင်သည် ။၂၀၁၀ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ပြည်သူလူထုကို ပြည်ခိုင်ဖြိုးပါတီက လမ်းများ ခင်းပေးခြင်းလဲ ပါဝင်ပါသည် ။ ကျွန်တော် သိလိုသည်မှာ ထိုသို.မဲဆွယ်စည်းရုံးမှုအဖြစ် ခင်းပေးသော ကွန်ကရစ်လမ်းများသည် နိုင်ငံတော်ဘဏ္ဍာငွေဖြင်. ခင်းပေးသည်လား ၊ ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်ပိုင်ငွေဖြင်. ခင်းပေးတာလား သိလိုရင်းဖြစ်သည် ။

နိုင်ငံတော်ဘဏ္ဍာဖြင်. ခင်းပေးသည်ဆိုပါက နိုင်ငံတော်ဘဏ္ဍာကို နိုင်ငံရေးပါတီတစ်ခု၏ မဲဆွယ်စည်းရုံးမှုအတွက် သုံးခွင်.ရှိမရှိ သိလိုပါသည် ။ ပြည်ခိုင်ဖြိုးပါတီ၏ ကိုယ်ပိုင်ရန်ပုံငွေဖြင်. စေတနာသက်သက် ခင်းပေးခဲ.သည်ဟုဆိုလျင် ကျေးဇူးတင်ပါသည် ။ တစ်ခုထပ်မေးချင်သည်မှာ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီနှင်. ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီသည် ဘိလပ်မြေဂိုဒေါင်တစ်ခုကို နှစ်ဖွဲ.အတူ မျှသုံးပါသလား ၊ နှစ်ဖွဲ.ပူးတွဲ၍ ပိုင်ဆိုင်ပါသလားဟု သိချင်စိတ်လဲ ဖြစ်မိပါသည် ။ အဘယ်.ကြောင်.ဆိုသော် ကျွန်တော် နေထိုင်သော မြောက်ဥက္ကလာပမြို.နယ် ၊ (ဆ) ရပ်ကွက် အတွင်းမှ လမ်းတစ်လမ်းကို ပြည်ခိုင်ဖြိုးပါတီမှ မဲဆွယ်သည်.အနေဖြင်. ကွန်ကရစ်လမ်း ခင်းပေးပါသည်။ ပြည်ခိုင်ဖြိုးပါတီမှ ခင်းပေးသည်.အတွက် ကျေးဇူးတုန်.ပြန်သောအနေဖြင်. လမ်းထဲမှ လူငယ်များ ပြည်ခိုင်ဖြိုးပါတီသို. ၀င်ကြရပါသည် ။ ပါတီတံဆိပ်ပါသော တီရှပ်အကျီ များ ၀တ်ကြရပါသည် ။ လမ်းခင်းရန်အတွက် ဘိလပ်မြေထုတ်သောအခါ ကျွန်တော်တို.လမ်းထဲမှ လူဆယ်ဦးခန်. သူတို. ခေါ်သောကားဖြင်. လိုက်သွားရပါသည် ။ ဘိလပ်မြေ သွားထုတ်ရသောဂိုဒေါင်မှာ ရန်ကုန်မြို.တော်စည်ပင်သာယာရေးကော်မတီမှ ပိုင်ဆိုင်သော အစိုးရဌာနဆိုင်ရာ ဂိုဒေါင်ဖြစ်ပါသည် ။ ထို.ကြောင်. ကျွန်တော် ယနေ.အထိ မရှင်းသည်မှာ ကျွန်တော်တို. လမ်းကို ကွန်ကရစ်ခင်းပေးသူ ကျေးဇူးရှင်မှာ ရန်ကုန်မြို.တော်စည်ပင်လား ၊ ပြည်ထောင်စုကြံ.ခိုင်ရေးနှင်. ဖွံ.ဖြိုးရေးပါတီလား ဆိုသည်ကို သဲသဲကွဲကွဲ မဆုံးဖြတ်တတ်ပါ ။

နောက်ထပ် မသဲကွဲသော အချက်တစ်ခုကိုလည်း တစ်လက်စထဲ မေးပါရစေ ။ ကျွန်တော်သည် ဧည်.လမ်းညွန်အဖြစ် ပုဂံဒေသဘက်သို. သွားသောအခါ အညာဒေသ (အထူးသဖြင်.) ကျောက်ပန်းတောင်းနှင်. ညောင်ဦးကြား ရွာအချို.တွင် ပြည်ခိုင်ဖြိုးရွာ ဟူသော ကျောက်စာတိုင်လိုလို ကမ္ဖည်းမော်ကွန်းလိုလို ဆိုင်းဘုတ်များကို ရွာထိပ်ကားလမ်းနဘေး လူမြင်သာသော နေရာများတွင် မကြာခန တွေ.ရပါသည် ။ ပြည်ခိုင်ဖြိုးသည် နိုင်ငံရေးပါတီအဖြစ် အသွင်မကူးပြောင်းမီ ပြည်ခိုင်ဖြိုးအသင်းကြီးအဖြစ်ရှိစဉ်က နိုင်ငံတော်ဘဏ္ဍာငွေဖြင်. ရွာကို ကူညီခဲ.သဖြင်. ပြည်ခိုင်ဖြိုးရွာဟု ဂုဏ်ဖော်ကာ ကျောက်တိုင် စိုက်ထူခဲ.ခြင်းဖြစ်မည် ။

သို.သော် ပြည်ခိုင်ဖြိုးသည် နာမည် ၊ တံဆိပ် ၊ ဆောင်ပုဒ် မပြောင်းပဲ ပြည်ခိုင်ဖြိုးအမည်ဖြင်.ပင် နိုင်ငံရေးပါတီအဖြစ် ကူးပြောင်းရောက်ရှိသွားပြီဖြစ်ရာ အရင်ခေတ်က နိုင်ငံတော်ပိုင် (ပြည်သူ.ငွေ)ဖြင်. ထောက်ပံ.ကူညီခဲ.သော ကျေးရွာတစ်ရွာ၏ အမည်ကို ယခုအခါ နိုင်ငံရေးပါတီဖြစ်နေသော ပါတီအမည်ဖြင်. ပြည်ခိုင်ဖြိုးရွာဟု ကြော်ငြာဆိုင်းဘုတ် ရေးထိုးထားခြင်းမှာ နိုင်ငံတော်ငွေဖြင်. ပါတီအတွက် မဲဆွယ်နေခြင်းဖြစ်သောကြောင်. ဤကိစ္စသည် ရွေးကောက်ပွဲဥပဒေဖြင်. ညီညွတ်၏ မညီညွတ်၏ကို သိလိုပါသည် ။

နောက်ဆုံးအနေဖြင်.ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးတင်အေး (ငြိမ်း) အကြောင်းကို မေးမြန်းလိုပါသည် ။ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် မူလက ပြည်ထောင်စုကြံ.ခိုင်ရေးနှင်. ဖွံ.ဖြိုးရေးပါတီဝင်တစ်ယောက်သာမက ပါတီထိပ်တန်းခေါင်းဆောင်တစ်ဦ ဖြစ်ပါသည် ။၂၀၁၀ ရွေးကောက်ပွဲတွင် မန္တလေးတိုင်း တံတားဦးမြို.နယ် ၊ ပြည်သူ.လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြု၍ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံခဲ.သူ ဖြစ်ပါသည် ။ လွှတ်တော်အမတ်ဖြစ်ပြီးကာမှ သမ္မတကြီး တာဝန်ပေးခန်.အပ်၍ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဖြစ်လာသူဖြစ်သည် ။

ကျွန်တော် သိလိုသည်မှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးသည် ယခုလက်ရှိတွင် ပြည်ခိုင်ဖြိုးပါတီဝင် ဖြစ်နေသေးပါသလား ၊ ပါတီမှ တရားဝင်နှုတ်ထွက်လိုက်ပြီလား သိလိုပါသည် ။ ပါတီဝင်ဖြစ်နေသေးလျင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌရာထူး ယူထားသူသည် နိုင်ငံရေးပါတီတစ်ခုခု၏ ပါတီဝင်ဖြစ်နေ၍ ရမရ သိလိုပါသည် ။ ပါတီမှ နုတ်ထွက်ပြီးဖြစ်သည်ဟုဆိုလျင် သမ္မတကြီးဦးသိန်းစိန်သည်ပြည်တွင်းပြည်ပ ခရီးစဉ်များတွင် ဦးတင်အေးကို မကြာခန ခေါ်ယူလိုက်ပါစေခြင်းသည် ကြံ.ခိုင်ရေးပါတီဝင် အချင်းချင်းမို. ခေါ်သွားသည်လား ၊ တပ်မတော် D.S.A အပါတ်စဉ် (၉) ကျောင်းဆင်းဘက်ချင်းမို. မျက်နှာသာပေးကာ ခေါ်သွားသည်လား သိလိုပါသည် ။

ထိုသို. တစ်ပါတီထဲမှ တက်လာသူ သမ္မတနှင်. ရွေးကောက်ပွဲ ဒိုင်လူကြီးလုပ်မည်.သူတို. ရင်းနှီးလွန်းနေခြင်းသည် နောင်ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးပါတီ အသာစီးရစေရန် အားသာချက်ဖြစ်မဖြစ် သိလိုပါသည် ။ တစ်ဖန် ဦးတင်အေးက ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလများတွင် အတိုက်အခံပါတီကြီးတစ်ခုမှ ပါတီဝင်အချို.သည်ကြယ်ငါးပွင်.အလံများကို ကိုင်ဆောင်ခဲ.ကြသဖြင်. အလံတော်ဥပဒေအရ အရေးယူ၍ ရသည် ၊ ကန်.ကွက်သူရှိလျင် အရှုံးပေးပစ်မည်ဟု ပုသိမ်ခရီးစဉ်တွင် မိန်.ကြားခဲ.ပါသည် ။ ထိုအခါ သတိရ၍မေးလိုသည်မှာ ပြည်ထောင်စုကြံခိုင်ရေးနှင်. ဖွံ.ဖြိုးရေးပါတီညီလာခံကြီးတွင် တည်ဆဲသုံးရောင်ခြယ် နိုင်ငံတော်အလံကို ပြောင်းပြန်ဇောက်ထိုး လွှင်.ထူခဲ.ခြင်းကိုအ လံတော် ဥပဒေအရ အရေးယူ၍ ရမရ ၊ ပါတီမှ အရေးယူခဲ.ခြင်း ရှိမရှိ သိလိုပါသည် ။

ကျွန်တော် သိလိုသော အကြောင်းအရာ မြောက်များစွာ ရှိပါသေးသည် (ဥပမာ အစိုးရအဖွဲ.၀င် နိုင်ငံ.ခေါင်းဆောင်များနှင်. လွှတ်တော်အမတ်များ၏ ပိုင်ဆိုင်မှုဓနဥစ္စာထုတ်ဖော်ကြေငြာရေးအဆိုကို ဘာကြောင်. လွှတ်တော်တွင် ပြည်ခိုင်ဖြိုးအမတ်များ ကန်.ကွက်ကြသည် ၊ White Card ကိုင်ထားသော နိုင်ငံသားမဟုတ်သူ ဘင်္ဂလီများ မဲပေးခွင်. ၊ ပါတီထောင်ခွင်.ပြုထားခြင်းကို လာမည်. ၂၀၁၅ ရွေးကောက်ပွဲတွင် ဘယ်လို သဘောထားသည် ၊ စသည်ဖြင်. ) ။ သို.သော် အလုပ်မအားသည်.ကြားထဲမှ လူကြီးများ ခေါင်းခြောက်မည်စိုးသောကြောင်. ဤမျှသာ မေးခွန်းမေးလိုက်ပါသည် ။ တကယ်မရှင်း၍ မေးခြင်းဖြစ်၍ ရိုင်းတာပါခဲ.လျှင် ခွင်.လွတ်စေချင်ပါသည် ။ ကျွန်တော် သိလိုသည်များကို တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် သိရသည်နှင်. ကျွန်တော်ကိုယ်တိုင်လည်း ပြည်ထောင်စုကြံ.ခိုင်ရေးနှင်.ဖွံ.ဖြိုးရေးပါတီသို.၀င်ပါမည် ။ မိသားစုကိုလည်း ၀င်စေပါမည် ။ အခြားသူများကိုလည်း ၀င်ဖို.တိုက်တွန်းပါမည် ။ ကျွန်တော်.အတွက်ပါတီဝင်လျှောက်လွှာတစ်စောင် ချန်ထားပေးပါခင်ဗျား ။

သရ၀ဏ်(ပြည်)

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video