Skip to main content

Posts

အင်ဒိုနီးရှားရောက် လှေစီးပြေးဒုက္ခသည်တွေကို COVID-19 ရောဂါရှိမရှိစစ်ဆေးနေ

ခွေးတိုးပေါက်တွေကို ပိတ်ပြစ်မှရမယ်

စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှု ဂုဏ်ထူးဆောင်တံဆိပ် တပ်ချုပ်ကို ရုရှားက ချီးမြှင့်

25 June 2020 20:42(+0630)  (လွန်ခဲ့သော 17 နာရီ ခန့်က) ကိုဗစ်ကာလဖြစ်တဲ့ အတွက် မြန်မာနိုင်ငံက မထွက်ခွာမီမှာလည်း ကျန်းမာရေးအရ စစ်ဆေးမှုတွေကို ပြုလုပ်ပြီးမှ ထွက်ခွာတာဖြစ်သလို၊ ပြန်ရောက်လာရင်လည်း သတ်မှတ်စည်းကမ်းတွေအတိုင်း ပြုလုပ်မှာဖြစ်တယ် (Unicode)⤵⤵⤵ ရုရှားနိုင်ငံကိုရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို ရှရှားနိုင်ငံကာကွယ်ရးဝန်ကြီးဌာနက စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တည်တံ့ခိုင်မြဲရေး ဂုဏ်ထူးဆောင်တံဆိပ်ကို ဇွန်လ ၂၃ရက်ညနေပိုင်းက ပေးအပ်ခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ရုရှားနိုင်ငံမှာကျင်းပနေတဲ့ စစ်အောင်နိုင်ခြင်း ၇၅နှစ်မြောက် အခမ်းအနားကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်နေတာလည်းဖြစ်ပါတယ်။ ရုရှားနဲ့ မြန်မာတပ်မတော်တို့ ရေတပ်ဆိုင်ရာပူးပေါင်းရေး၊ စစ်ဘက်ဆိုင်ရာလေ့လာသင်ယူရေး၊ တပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ပူးပေါင်းရေးဆိုင်ရာ စာချုပ်ကို ၂၀၁၆ခုနှစ်မှာပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် လက်မှတ်ထိုး သဘောတူ စာချုပ်ချုပ်ခဲ့ဖူးပါတယ်။ အဲဒီပွဲကိုတက်ရောက်ဖို့အတွက် နိုင...

စစ်တပ်ရဲ့ ဘတ်ဂျက်အသုံးစရိတ်

25 June 2020 06:02(+0630)   (၁ ရက် ခန့်က) (Unicode)⤵⤵⤵ မြန်မာအစိုးရရဲ့ ဘတ်ဂျက်အသုံးစရိတ်မှာ စစ်တပ်ရဲ့ အသုံးစရိတ်ဟာ အများဆုံး ဖြစ်ပါတယ်။ ပညာရေးနဲ့ ကျန်းမာရေးအသုံးစရိတ် နှစ်ခုပေါင်းထက် များပါတယ်။ တိုင်းပြည်နှစ်စဉ် အသားတင်ထုတ်လုပ်မှုရဲ့ (၃) ရာခိုင်နှုန်းလောက်ကို စစ်တပ်က သုံးစွဲနေတာပါ။ အစိုးရအသုံးစရိတ်ရဲ့ (၁၅) ရာခိုင်နှုန်းနီးပါး စစ်တပ်ကို ပေးရတာဟာ လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီနှစ်ကစပြီး ပညာရေးနဲ့ ကျန်းမာရေးစရိတ် နှစ်ခုပေါင်းဟာ စစ်တပ်အသုံးစရိတ်ထက် ပိုများလာတာ တွေ့ရပါတယ်။ အသုံးစရိတ်အများဆုံးရတဲ့ စစ်တပ်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလည်း အများအပြား ရှိပါသေးတယ်။ NLD အစိုးရလက်ထက်မှာ စစ်တပ်အသုံးစရိတ်ကို ပထမဆုံးအကြိမ် ဖြတ်တောက်နိုင်တာဟာ ဒီနှစ်ရဲ့ ထူးခြားချက်တခုလို ဖြစ်ပါတယ်။ ဖြည့်စွက်ဘတ်ဂျက်အနေနဲ့ ကာကွယ်ရေးဌာနက စစ်တပ်အသုံးစရိတ် ကျပ်သန်း (၁) သိန်း (၉) သောင်းကျော် တောင်းခံတာကို လွှတ်တော်က ကျပ်သန်း (၁) သောင်းကျော် ဖြတ်တောက်လိုက်ပါတယ်။ ကာကွယ်ရေးစရိတ်ကို (၁၀) ရာခိုင်နှုန်းလောက်သာ လျှော့ချတာ ဖြစ်ပေမယ့် ဒါဟာ ပထမဆုံးအကြိမ်ဖြစ်လို့ ထူးခြားသလို ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ...

ရသေ့တောင်အနီး ပစ်ခတ်မှုတွေအတွင်း အရပ်သားများ ထိခိုက်ဒဏ်ရာရ

25 June 2020 20:44(+0630)   (လွန်ခဲ့သော 17 နာရီ ခန့်က) ရခိုင်ပြည်နယ် ရသေ့တောင်အနီး ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့သူတဦးကို သယ်ဆောင်နေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ကိုဘက္ကာ - ဇွန် ၂၄၊ ၂၀၂၀) (Unicode)⤵⤵⤵ ရခိုင်မြောက်ပိုင်းက ရသေ့တောင်မြို့နယ်မှာ နှစ်ရက်ဆက်တိုက် ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ဒေသခံ သောင်းချီ ထွက်ပြေးနေကြရသလို အရပ်သားထိခိုက်မှုတွေ ရှိနေတဲ့ အကြောင်း ပြောချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။ ရခိုင်မြောက်ပိုင်းက ရသေ့တောင်မြို့နယ်အနီးမှာ မနေ့က ညနေပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် ရသေ့တောင်မြို့ပေါ်က စစ်ရှောင်တစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ရသေ့တောင်မြို့ပေါ် စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကိုဘက္ကာက ပြောပါတယ်။ "နှစ်ဘက်ထိခိုက်မှုဖြစ်ပြီးတော့ လေးဘက်လေးတန် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပြီးတော့ ပစ်ခတ်တာကြောင့် ရသေ့တောင်မြို့ပေါ်က ရွှေပါရမီ စစ်ဘေးရှောင်ဘုန်းတော်ကြီးကျောင်းမှာ စစ်ဘေးရှောင်တစ်ဦးဖြစ်တဲ့ ဦးမောင်အေးညွှန့် အသက် ၅၄နှစ် သူ့ကို ထိသွားတယ်။" ဒီကနေ့လယ်ပိုင်းမှာလည်း ပစ်ခတ်မှုတွေ ရှ...

ရသေ့တောင် တပ်မိသားစုဝင် သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း AA အတည်ပြု

25 June 2020 20:44(+0630)   (လွန်ခဲ့သော 17 နာရီ ခန့်က) ရသေ့တောင်မြို့နယ်မှာ လက်နက်ကြီးကျည်ကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဦးမောင်အေးညွန့်ကို စစ်တွေဆေးရုံဆီ ၂၀၂၀ ဇွန် ၂၅ ရက်နေ့က အရေးပေါ်သယ်ဆောင်လာစဉ် / Photo: Ni Min Tun/RFA (Unicode)⤵⤵⤵ ရခိုင်ပြည်နယ် ရသေ့တောင်မြို့အနီး နယ်မြေခံ တပ်မတော်မိသားစုဝင် သုံးဦးကို အမည်မသိ လူတစ်စုက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးခံ သုံးဦးကို ရှာဖွေတဲ့ စစ်ကြောင်းကို AA က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက် ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ AA ပြောခွင့်ရသူကတော့ ဒီလိုဖမ်းဆီးထားတာ ဟုတ်မှန် ကြောင်း ဒီနေ့ RFA ကို အတည်ပြုပြောပါတယ်။ မိုင်းခွဲတိုက်ခိုက်အပြီး နောက်ဆက်တွဲ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေကြောင့်  ရသေ့တောင် စစ်ဘေးဒုက္ခသည်စခန်းထဲ လက်နက်ကြီးကျရောက်ခဲ့ပြီး  အရပ်သားတစ်ဦး လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း RFA က စုံစမ်းသိရပါတယ်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့အနီး တံတားနားမှာ မနေ့က ညနေ ၄ နာရီကျော်လောက်က တပ်မတော် စစ်ကြောင်းတစ်ခုကို အေအေအဖွဲ့က မိုင်းခွဲတိုက်ခိုက်အပြီး နောက်ဆက်တွဲ အပြန်အလှန်ပစ်ခတ်မှုတွေကနေ အနီးအနားကျေးရွာ ရပ်ကွက်တွေထဲကိုပါ...

နေပြည်တော်မှာ အစိုးရ ခေါင်းဆောင်တွေ မြေယူမယ့် ကိစ္စ ဘယ်လို သဘောထားတွေ ရှိနေလဲ - BBC News မြန်မာ

မန္တလေးမြို့မှာ အုပ်စုလိုက် မြေကွက် လိမ်လည်မှုကြိီး ဆက်တိုက်ဖြစ်ပေါ်နေ

တပ်အတွင်း မဲဆွယ်ခွင့်မပြုဘူးလို့ တပ်မတော်ပြော

24 June 2020 02:39(+0630)  (လွန်ခဲ့သော 15 နာရီ ခန့်က) ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်း ရွေးကောက်ပွဲဆိုင်ရာ ဟောပြောမှုတစ်ခု (Unicode)⤵⤵⤵ တပ်ရင်းတပ်ဖွဲ့တွေအတွင်းမှာ နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးခွင့်ပြုမှာမဟုတ်ဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇွန်လ ၂၃ ရက်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ တပ်မတော်ဟာ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သလို ဝန်ထမ်းအဖွဲ့အစည်းဖြစ်ကြောင်း၊ တပ်တွင်းမှာ နေထိုင်ပြီးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းလည်း ဖြစ်တာကြောင့် ခွင့်မပြုတာလို့လည်း သူက ပြောပါတယ်။ လွတ်လပ်ရေးရပြီးခေတ်က မြန်မာ့သမိုင်းမှာ နိုင်ငံရေးအယူအဆတွေ ကွဲပြားတာကြောင့် လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးမူဝါဒ ကွဲပြားမှုတွေ နိုင်ငံရေးပေါ်မှာ ပါဝင်ဆောင်ရွက်မှုတွေကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ ရှိခဲ့တာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလကလည်း တပ်မတော်မှာ နိုင်ငံရေးအယူအဆတွေ ကွဲပြားခဲ့ကြပြီး တပ်မတော်မှာ တပ်ရင်းတပ်ဖွဲ့လိုက် တောခိုကြတာတွေ ရှိကြောင်းလည်း သူက ပြောပါတယ်။ ဒီအချက်တွေကြောင့် လာမယ့်ရွေးကောက်ပွဲမှာ နိ...

ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ချောင်းမြောင်းတိုက်ခိုက်ခံရ၍ ၄ ဦးသေဆုံး ၊ ၅ဦး ဒဏ်ရာရရှိ

23 June 2020 19:49(+0630)   (လွန်ခဲ့သော 14 နာရီ ခန့်က) ရခိုင်ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသော နယ်ခြား စောင့် ရဲတပ်ဖွဲ့ဝင် တစ် ဦး အား တွေ့ရ စဉ် (ဆင်ဟွာ)  (Unicode)⤵⤵⤵ ရန်ကုန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဇွန် ၂၂ ရက် ညနေပိုင်းက AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ ချောင်းမြောင်းတိုက်ခိုက်ခံရသဖြင့် ရဲတပ်ဖွဲ့ ၃ဦး နှင့် အရပ်သား ၁ဦး စုစုပေါင်း ၄ဦး သေဆုံးပြီး အခြား ရဲတပ်ဖွဲ့ဝင် ၄ဦးနှင့် အရပ်သား ၁ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆင်ဟွာသို့ ယနေ့ နံနက်တွင် ပြောကြားခဲ့သည်။  ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာအနီး မောင်တောအငူမော်ကားလမ်းပေါ်၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များရောက်ရှိနေပြီး အများပြည်သူအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်မှုများဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် တရားဥပဒေ စိုးမိုးရေးနှင့်နယ်မြေတည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရန် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဇွန် ၂၂ရက် ...