Skip to main content

ရသေ့တောင်အနီး ပစ်ခတ်မှုတွေအတွင်း အရပ်သားများ ထိခိုက်ဒဏ်ရာရ

25 June 2020 20:44(+0630) (လွန်ခဲ့သော 17 နာရီ ခန့်က)


ရခိုင်ပြည်နယ် ရသေ့တောင်အနီး ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရခဲ့သူတဦးကို သယ်ဆောင်နေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - ကိုဘက္ကာ - ဇွန် ၂၄၊ ၂၀၂၀)
(Unicode)⤵⤵⤵
ရခိုင်မြောက်ပိုင်းက ရသေ့တောင်မြို့နယ်မှာ နှစ်ရက်ဆက်တိုက် ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ဒေသခံ သောင်းချီ ထွက်ပြေးနေကြရသလို အရပ်သားထိခိုက်မှုတွေ ရှိနေတဲ့ အကြောင်း ပြောချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်မြောက်ပိုင်းက ရသေ့တောင်မြို့နယ်အနီးမှာ မနေ့က ညနေပိုင်းက တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် ရသေ့တောင်မြို့ပေါ်က စစ်ရှောင်တစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ရသေ့တောင်မြို့ပေါ် စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ကိုဘက္ကာက ပြောပါတယ်။

"နှစ်ဘက်ထိခိုက်မှုဖြစ်ပြီးတော့ လေးဘက်လေးတန် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပြီးတော့ ပစ်ခတ်တာကြောင့် ရသေ့တောင်မြို့ပေါ်က ရွှေပါရမီ စစ်ဘေးရှောင်ဘုန်းတော်ကြီးကျောင်းမှာ စစ်ဘေးရှောင်တစ်ဦးဖြစ်တဲ့ ဦးမောင်အေးညွှန့် အသက် ၅၄နှစ် သူ့ကို ထိသွားတယ်။"

ဒီကနေ့လယ်ပိုင်းမှာလည်း ပစ်ခတ်မှုတွေ ရှိနေပြီး ရသေ့တောင်မြို့ပေါ်ရပ်ကွက်တွေကို လက်နက်ကြီးကျည် ထိမှန်တာတွေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

"ဒီနေ့ဆိုရင်လည်း ၁ နာရီ ၃၀လောက်မှာ အဲဒီ ပြားချောင်းကြီး ကျေးရွာနားမှာ မိုင်းကွဲတယ်လို့ ပြောသံကြားတယ်။ ဝုန်းဝုန်း အသံကြားပြီးတော့ မြို့ပေါ်တပ်ရင်းက နေပြီးတော့ မြို့ပေါ်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာကြောင့် မြို့ပေါ်ကိုလည်း ထိတယ် အထက ၂ စာသင်ကျောင်းကိုလည်း ထိတယ်ဗျာ။ တခြားအိမ်တွေကိုလည်း ထိတယ်လို့ ပြောသံကြားပါတယ်ခင်ဗျာ။"

ရသေ့တောင်ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သတ်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

"မနေ့က ညနေပိုင်းက ရသေ့တောင်အရှေ့ဘက် မီတာ ၁,၅၀၀ လောက်အကွာမှာ တပ်မတော်စစ်ကြောင်းက AA က မိုင်းထောင် မိုင်းခွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်သည်တချို့ ဒဏ်ရာ ရရှိခဲ့တာရှိတယ်။ မိုင်းဆွဲတိုက်ခိုက်ခံရလို့ ပြန်ပစ်တာလောက်ပဲ ရှိတယ်။ ကျနော်တို့ဆီက စစ်သည်တချို့ ဒဏ်ရာရတာရှိတယ်။"

မနေ့က ရသေ့တောင်မြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွားတာ ရှိခဲ့တယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

"မနေ့က ရသေ့တောင်မြို့ပြင်မှာ မိနစ်အနည်းငယ် တိုက်ပွဲဖြစ်ပွားတာ ရှိတယ်။ မြန်မာစစ်တပ်ဘက် ငါး ဦးထက်မနည်း ကျဆုံးပြီးတော့ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ အဲတာကြောင့် သူတို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရခိုင်တွေနေတဲ့ ရွာတွေ ရပ်ကွက်တွေကို ပစ်ခတ်တာကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့တာရှိတယ်လို့ သိရတယ်။"

လက်ရှိအချိန်မှာ တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ်အနီးတဝိုက်က ဒေသခံတွေ ထောင်ချီထွက်ပြေးနေကြရတယ်လို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

"မနေ့က ညနေက မိုင်းကွဲတော့ အဲဒီရပ်ကွက်တစ်ခုက မြို့ထဲကို ဝင်ပြေးလာတယ်။ နောက်ရသေ့တောင်မြို့ရဲ့ တဘက်ကမ်း ပြင်ခေါင်၊ ရွာသစ်၊ ပြင်ခေါင်ရွာဟောင်း၊ အလယ်ရွာ ပြားချောင်းကြီးရွာတွေက ပြေးကြတယ်။ ဒီနေ့မနက်မှာလည်း ထပ်ပြီးတော့ ပြေးကြတယ်။ ဒီနေ့မနက်ပြေးတာက ပြင်သာ၊ ထွန်းရဝေ၊ ရွာဟောင်း၊ ရွာသစ်၊ ပါဒလေကျေးရွာ၊ နောက်ပုဏ္ဏကျွန်းမြို့နယ်က တစ်ရွာ အဲဒီရွာတွေက ထွက်ပြေးတယ်။ အကုန်လုံး လူ ၁၀,၀၀၀ လောက်ရှိတယ်။"

ရသေ့တောင်မြို့နယ် ကျောက်တန်း ကျေးရွာနဲ့ အနီးတစ်ဝိုက်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က လှုပ်ရှားမှုတွေ ရှိနေတာကြောင့် အဲဒီကျေးရွာတွေကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်သွားမှာ ဖြစ်တာကြောင့် ဒေသခံကျေးအနေနဲ့ ကျေးရွာအတွင်းမှာ ထွက်ခွာပေးဖို့ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးလက်မှတ်နဲ့ သတိပေးစာ ပေးထားတာလည်း ဖြစ်ပါတယ်။

ရခိုင်မြောက်ပိုင်းမှာ လက်ရှိအချိန်ထိ အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေသလို တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေ များလာပြီး ဒေသခံအရပ်သားတွေလည်း ထိခိုက်မှုတွေ ရှိနေပါတယ်။

သက်နိုင်  / ဗွီအိုအေ (မြန်မာပိုင်း)

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...