25 June 2020 20:42(+0630) (လွန်ခဲ့သော 17 နာရီ ခန့်က)
ကိုဗစ်ကာလဖြစ်တဲ့ အတွက် မြန်မာနိုင်ငံက မထွက်ခွာမီမှာလည်း ကျန်းမာရေးအရ စစ်ဆေးမှုတွေကို ပြုလုပ်ပြီးမှ ထွက်ခွာတာဖြစ်သလို၊ ပြန်ရောက်လာရင်လည်း သတ်မှတ်စည်းကမ်းတွေအတိုင်း ပြုလုပ်မှာဖြစ်တယ် |
ရုရှားနိုင်ငံကိုရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို ရှရှားနိုင်ငံကာကွယ်ရးဝန်ကြီးဌာနက စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တည်တံ့ခိုင်မြဲရေး ဂုဏ်ထူးဆောင်တံဆိပ်ကို ဇွန်လ ၂၃ရက်ညနေပိုင်းက ပေးအပ်ခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ရုရှားနိုင်ငံမှာကျင်းပနေတဲ့ စစ်အောင်နိုင်ခြင်း ၇၅နှစ်မြောက် အခမ်းအနားကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်နေတာလည်းဖြစ်ပါတယ်။
ရုရှားနဲ့ မြန်မာတပ်မတော်တို့ ရေတပ်ဆိုင်ရာပူးပေါင်းရေး၊ စစ်ဘက်ဆိုင်ရာလေ့လာသင်ယူရေး၊ တပ်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ပူးပေါင်းရေးဆိုင်ရာ စာချုပ်ကို ၂၀၁၆ခုနှစ်မှာပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် လက်မှတ်ထိုး သဘောတူ စာချုပ်ချုပ်ခဲ့ဖူးပါတယ်။
အဲဒီပွဲကိုတက်ရောက်ဖို့အတွက် နိုင်ငံ ၁၀နိုင်ငံက သမ္မတတွေ၊ ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးအစရှိတာတွေကို ရုရှားနိုင်ငံက ဖိတ်ကြားပြီး တက်ရောက်ကြတာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။
ကိုဗစ်ကာလဖြစ်တဲ့ အတွက် မြန်မာနိုင်ငံက မထွက်ခွာမီမှာလည်း ကျန်းမာရေးအရ စစ်ဆေးမှုတွေကို ပြုလုပ်ပြီးမှ ထွက်ခွာတာဖြစ်သလို၊ ပြန်ရောက်လာရင်လည်း သတ်မှတ်စည်းကမ်းတွေအတိုင်း ပြုလုပ်မှာဖြစ်တယ်လို့ သူကဆိုပါတယ်။
BBC Burmese
Comments
Post a Comment