Skip to main content

Posts

Showing posts from December, 2019

ဆုတ်လည်း စူး၊ စားလည်း ရူး

ဆုတ်လည်း စူး၊ စားလည်း ရူး ✴ ✴ ✴ ✴ ✴ ✴ ✴ ✴ ✴ ✴ ✴ Zero-Sum အယူအဆကို သုံးတယ်။ ရှုံးရင် ပြည်သူကို မဲတာ နောက်ဆုံးအကြိမ် ဖြစ်လိမ့်မယ်လို့ ထင်တယ်...။ ဘယ်အာဏာရှင်မှ ရာသက်ပန်အာဏာကို မယူနိုင်ကြဘူး...။ The fish rots form the head down. "ငါးတွေက စပုပ်ရင် ခေါင်းပိုင်းက"ဆိုတာကို စစ်အုပ်စုက နိုင်ငံရေးနှင့် မဟာဗျူဟာအကြံ ပေးတွေ နားလည်မယ်လို့ မျှော်လင့်ထားတယ်... ရခိုင်အရေးအခင်းနောက်ကွယ်မှာ ဖန်တီးထားတဲ့ နိုင်ငံရေးထောင်ချောက်တွေ ကောင်းကောင်း အလုပ်မလုပ်တဲ့့အပြင်၊ မြှားဦး ပြန်လှည့်နေပြီဆိုတာ...။ မဖြစ်မနေမို့ ဖွင့်ပေးလိုက်ရတဲ့ ဆက်သွယ်ရေးကွန်ယက်ကြောင့် ရွှေပြည်တံခွန်က ဦးလွင်နိုင်ဦးကို အမှုန့်ကြိတ်ချင်လောက်အောင် ဒေါသထွက်နေမယ်ထင်တယ်... ၂၀၁၂ခုနှစ်မှာ ဆင်းကဒ်တစ်ကဒ်ကို ၅၀၀၀ကျပ်နဲ့ လုပ်ပေးနိုင်ပါတယ်လို့ ကြေညာလိုက်တဲ့အတွက်ကြောင့် - ၅သိန်းတန်တဲ့ Sim Card ၂သိန်း၅သောင်း၊ ၂သိန်းထိ ထိုးကျပြီး တခြားဆက်သွယ်ရေအော်ပရေတာက ၁၅၀၀ကျပ်တန်ထိ ရောင်းချရတဲ့အထိ ဖြစ်ခဲ့တယ်....။ နောက်ပိုင်းမှာ ဆက်သွယ်ရေးဝန်ကြီးသိန်းထွန်းရဲ့ ခြစားမှုတောင် ပေါ်ပေါက်ခဲ့သေးတယ်.. အဓိက ဆက်သွယ်ရေးကွန်ယက်ပွင့်လာပြီး နောက်ပိုင်းမ

ဒိဌိခွာမှမြင်မယ့်ကမ္ဘာ

ဒိဌိခွာမှမြင်မယ့်ကမ္ဘာ ------------------------------------ နာဂစ်ဖြစ်လို့ အဝတ်တစ်ထည်ကိုယ်တစ်ခုပဲကျန်ပြီး တစ်ချို့ဆိုရင်ဂုန်နီအိတ်နဲ့အရှက်လုံအောင်ဖုံးနေရတဲ့အချိန်မှာ ဝတ်ကျေတန်းကျေလက်ဗလာနဲ့ လာကြည့်တဲ့အဘကို မိုးထဲရေထဲမှာစောင့်​ကြောင့်ထိုင်လက်အုပ်ချီနေကြရတာတွေကိုလည်း မြင်ခဲ့ဖူးတယ်.. တမင်ထိမ်ချန်ရက်ခဲ့ကြတဲ့ မုန်တိုင်းသတိပေးချက် သတင်းအမှားအောက်မှာ သားကိုအမေမကယ်နိုင် အမေကိုသားမကယ်နိုင်ပဲ မျောပါသေဆုံးသွားကြရတဲ့အလောင်းတွေကို "ဆယ်ပြီးတော့သရဏဂုံတင်မနေနဲ့ အသားကိုငါးစားပြီး အရိုးရေထဲကျသွားလိမ့်မယ်လို့ " လူမဆန်စွာအမိန့်ပေးခဲ့တာတွေကိုလည်း ကြားခဲ့ဖူးတယ်.. ငါးပါးသီလတောင်မလုံတဲ့အပြင် ကိုယ်မဲပေးရွေးချယ်ထားတာလည်းမဟုတ်ပဲနဲ့ ပြည်သူပေးထားတဲ့လစာကိုစားပြီး ပြည်သူ့ဘဏ္ဍာကိုလည်းရသမျှအိတ်ထဲထည့်ကာ သူ့သဘောနဲ့သူဘုရင်လုပ်နေတဲ့ မသူတော်အဂတိသမားတွေကို လက်အုပ်ချီကြိုရတဲ့ခေတ်ကိုလည်း ကြုံဖူးခဲ့တယ်.. သာမာန်ပြည်သူမဆိုထားနဲ့ လုပ်ငန်းရှင်တွေတောင် အဘဗိုလ်ချုပ်ကြီးတွေနဲ့တွေ့ခွင့်ရဖို့ အဘရဲ့အနီးကပ်ပုဂ္ဂိုလ်သို့မဟုတ်PSOကို ခယ မ နေခဲ့ကြရတာတွေကိုလည်း မြင်ဖူးခဲ့တယ်.. အလေးပြုနေတာကိုတောင် ကားမှန်တစ်ချက်လောက

စစ်ပွဲတစ်ရာနွှဲလိုက်ချင်ရဲ့

"စစ်ပွဲတစ်ရာနွှဲလိုက်ချင်ရဲ့…." *********************** မကြာခင်က ရန်ကုန်မြို့လယ်မှာ လုပ်ခဲ့တဲ့ "တပ်မတော်ထောက်ခံပွဲ" စင်မြင့်မှာ သင်္ယန်းဝတ်တဦးက "သူတို့အမေလို အနမ်းနဲ့ ကြိုမှာ မဟုတ်ဘူး၊ ဂန်းနဲ့ ကြိုမှာ" လို့ ကြိမ်းလိုက်တော့ ငပိန်းတွေ လက်ခုပ်တဖြောင်းဖြောင်း တီးကြတယ်။ ကျနော်ကတော့ မပြုံးဘဲ ဝါးလုံးကွဲသာ ရယ်လိုက်ချင်တယ်။ ခေတ်ပြောင်းသွားတာ ကြာလှပြီ။ ၂၁ ရာစုထဲမှာ ၁၉ ရာစု စစ်တိုက်နည်းတွေ သုံးစားလို့ မရတော့ဘူးဆိုတာ သူလို သင်္ကန်းခြုံတစ်ယောက်မပြောနဲ့ မြန်မာဗိုလ်ချုပ်တွေတောင် ခုထက်ထိ100% နားမလည်၊ သဘောမပေါက်ကြသေးဘူး။ ခုခေတ်မှာ စစ်သည်ချင်း မျက်နှာချင်းဆိုင် ပစ်ခတ်တိုက်ခိုက်ဖို့ အခွင့်အလမ်းက အလွန်နည်းသွားပြီး ခေတ်မီနည်းပညာတွေနဲ့ အဝေးကလှမ်း ချေမှုန်းကြမှာ ဖြစ်ပါတယ်။ ဓာတ်ပုံတွေမှာ ပြထားတာ အမေရိကန်စစ်သားတွေ ဂိမ်းဆော့နေတာ မဟုတ်ဘူး။ မောင်းသူမဲ့ ဒရုန်းတိုက်လေယာဉ်တွေကို ထိန်းချုပ်မောင်းနှင်ပြီး စစ်ဆင်ရေးဆင်နွှဲနေတာပါ။ စစ်မြေပြင်နဲ့ မိုင် ၃,၀၀၀ ကျော်အကွာအဝေးက ထိန်းချုပ်တိုက်ပွဲဝင်နေတဲ့ Morden စစ်သည်တွေကို မြန်မာပြည်ကတစ်ယောက်က ဂန်းနဲ့ကြိုမယ်လို့ ကြိမ်းဝါးနေတာ ဘယ်လောက် ရယ်

ဘာလို့စစ်တိုက်လဲ။စားခွက်ပျောက်မှာစိုးလို့။ ဘာလို့စစ်တိုက်လဲ။မငြိမ်းချမ်းချင်လ်ု့။ငြိမ်းချမ်းရင် သူခိုးပေါ်မှာမ်ု့။စားခွက်ပျောက်မှာမို့ ထိုးစစ်ဆင်နေရတယ်ပေါ့ဗျာ။

အမျောက်ဆံတစ်လုံး သိန်းလေးဆယ်။ ဆန်တစ်အိပ် ၂သောင်း။အမြောက်ဆံတစ်လုံးသည် ဆန်အိပ် နှစ်ရာနဲ့ညီမျှမနေဘူးလား။ ဆန်အိပ်နှစ်ရာဆို လူဘယ်နှစ်ယောက်စားလို့ရမလဲစဉ်းစားသာကြည့်ပေတော့။ယနေ့စားဝတ်နေရေးအတွက်ရုန်းနေရသူတွေ တနေ့တာလုပ်ခကငါးထောင်လောက်ပဲရကြတယ်။အမြောက်ဆံတစ်လုံးတန်ဖိုးသည် လူဘယ်နှစ်ယောက်ရဲ့လုပ်အားခတန်ဖိုးနဲ့ညီမျှနေမလဲ။ တကယ်လို့စစ်ပွဲတွေမရှိရင် အလဟသ ကုန်ကျမယ့် ငွေတွေ တိုင်းပြည်အတွက်လုပ်လို့မရဘူးလား။စာသင် ကျောင်းတွေ ဆေးရုံတွေ ဒါတွေအတွက်သုံးမယ်ဆိုရင် နိုင်ငံအတွင်းရှိလူအားလုံးအတွက် ပိုပြီးအဆင်မပြေဘူးလား။ နိုင်ငံကတည်ငြိမ်အေးချမ်းပြီး စီးပွားရေးအဆင်ပြေရင် နိုင်ငံတကာရင်းနှီးမြုပ်နံှသူတွေကြောင့် မိမိတို့နိုင်ငံသားတွေအလုပ်အက်ုင်အခွင့်အလန်းပိုမရနိုင်ဘူးလား။ ဒီနေရာမှာ အဓိက က တိုင်းပြည်ငြိမ်းချမ်းရေးပဲ။ဒါက်ုဖေါ်ဆောင်ဖို့မလုပ်ကြဘူးလား။NLD အစိုးရတက်လာကတည်းက တိုင်းပြည်ငြိမ်းချမ်းရေး ကိုပထမဦးစားပေး အနေနဲ့လုပ်တာတွေ့ရတယ်။အောင်မြင်ပြီလားဆိုတော့ မအောင်မြင်သေးဘူး။ ဘာလို့မအောင်မြင်လဲ။တွေးစရာဖြစ်လာပြီ။မငြိမ်းချမ်းလိုသူ ငြိမ်းချမ်းရေးမလိုလားသူ တိုင်းပြည်ချမ်းသာမှာကြောက်သူ ပြည်သူလူထုဘဝဖူလုံမှာကြောက်သူတွေကြ

Mytel ဆက်သွယ်ရေးညွှန်ကြားရေးမှူးနှင့် ယာဉ်မောင်းတို့ကို AA ဖမ်းဆီးသွားကြောင်း တပ်မတော်သတင်း ထုတ်ပြန်

Maung  သည်  Maung Koko Maung Koko  နှင့်အတူ ရှိနေသည်။ မနေ့က ညနေ ၂၀:၀၇ တွင် Mytel ဆက်သွယ်ရေးညွှန်ကြားရေးမှူးနှင့် ယာဉ်မောင်းတို့ကို AA ဖမ်းဆီးသွားကြောင်း တပ်မတော်သတင်း ထုတ်ပြန် ……………………………………………………… ရန်ကုန်၊ ဒီဇင်ဘာ - ၂၇ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Mytel ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်နယ် ဆက်သွယ်ရေးဆိုင်ရာညွှန် ကြားရေးမှူး ဦးဇော်ထွန်းအောင်နှင့် ယာဉ်မောင်းဖြစ်သူ ဦးစောသိန်းမောင်တို့ ၂ ဦးသည် ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်အတွက် ကွင်းဆင်းဆောင်ရွက်စဉ် ဒီဇင်ဘာ ၂၃ ရက် နံနက် ပိုင်းတွင် ကျောက်တော်မြို့အနီးသို့ အရောက် ဆက်သွယ်မှုမရရှိဘဲ ပျောက်ဆုံးခဲ့သည်။ ပျောက်ဆုံးမှုအခြေအနေအား စစ်ဆေးစုံစမ်းရာ ဦးဇော်ထွန်းအောင်နှင့် ဦးစောသိန်းမောင်တို့ ၂ ဦးသည် ရခိုင် ပြည်နယ်အတွင်း ဆက်သွယ်ရေးလုပ်ငန်းများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်အတွက် စစ်တွေမြို့မှ ဒီဇင် ဘာ ၁၇ ရက်တွင် စတင်ထွက်ခွာခဲ့ပြီး အမ်းမြို့၊ သံတွဲမြို့၊ မင်းပြားမြို့များသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၂ ရက်တွင် မင်းပြားမြို့၌ ညအိပ်ရပ်နားခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်တွင် ကျောက်တော်မြို့သိ