Skip to main content

ဒိဌိခွာမှမြင်မယ့်ကမ္ဘာ

ဒီပုံတွင် ပါဝင်နိုင်သည့်အရာများ: လူ ၁၀ ဦး၊ ပြုံးနေသော လူများ
ဒိဌိခွာမှမြင်မယ့်ကမ္ဘာ
------------------------------------
နာဂစ်ဖြစ်လို့
အဝတ်တစ်ထည်ကိုယ်တစ်ခုပဲကျန်ပြီး
တစ်ချို့ဆိုရင်ဂုန်နီအိတ်နဲ့အရှက်လုံအောင်ဖုံးနေရတဲ့အချိန်မှာ
ဝတ်ကျေတန်းကျေလက်ဗလာနဲ့ လာကြည့်တဲ့အဘကို မိုးထဲရေထဲမှာစောင့်​ကြောင့်ထိုင်လက်အုပ်ချီနေကြရတာတွေကိုလည်း မြင်ခဲ့ဖူးတယ်..
တမင်ထိမ်ချန်ရက်ခဲ့ကြတဲ့ မုန်တိုင်းသတိပေးချက် သတင်းအမှားအောက်မှာ
သားကိုအမေမကယ်နိုင်
အမေကိုသားမကယ်နိုင်ပဲ
မျောပါသေဆုံးသွားကြရတဲ့အလောင်းတွေကို
"ဆယ်ပြီးတော့သရဏဂုံတင်မနေနဲ့
အသားကိုငါးစားပြီး အရိုးရေထဲကျသွားလိမ့်မယ်လို့ "
လူမဆန်စွာအမိန့်ပေးခဲ့တာတွေကိုလည်း ကြားခဲ့ဖူးတယ်..
ငါးပါးသီလတောင်မလုံတဲ့အပြင်
ကိုယ်မဲပေးရွေးချယ်ထားတာလည်းမဟုတ်ပဲနဲ့
ပြည်သူပေးထားတဲ့လစာကိုစားပြီး
ပြည်သူ့ဘဏ္ဍာကိုလည်းရသမျှအိတ်ထဲထည့်ကာ
သူ့သဘောနဲ့သူဘုရင်လုပ်နေတဲ့
မသူတော်အဂတိသမားတွေကို
လက်အုပ်ချီကြိုရတဲ့ခေတ်ကိုလည်း ကြုံဖူးခဲ့တယ်..
သာမာန်ပြည်သူမဆိုထားနဲ့
လုပ်ငန်းရှင်တွေတောင်
အဘဗိုလ်ချုပ်ကြီးတွေနဲ့တွေ့ခွင့်ရဖို့ အဘရဲ့အနီးကပ်ပုဂ္ဂိုလ်သို့မဟုတ်PSOကို ခယ မ နေခဲ့ကြရတာတွေကိုလည်း မြင်ဖူးခဲ့တယ်..
အလေးပြုနေတာကိုတောင်
ကားမှန်တစ်ချက်လောက်ချပြီးအသိအမှက်ပြုဖော်မရပဲ
သောက်ကြောကြီးနဲ့ဖြတ်သန်းသွားတဲ့
အဘပေါင်းများစွာကိုလည်းကြုံဖူးခဲ့တယ်..
တစ်နေ့တည်းဗိုလ်ဖြစ်ကြတဲ့တစ်ပတ်စဥ်ထဲချင်းတောင်
ဗိုလ်ချုပ်PSOဖြစ်သွားတဲ့ကောင်က
ကိုယ့်ထက်ကိုယ်ပိုင်နံပါတ်အများကြီးနောက်ကျပေမဲ့ စောင့်ကြွားကြွားနဲ့မတူသလိုမတန်သလိုအခြာက်တိုက်ဘဝင်မြင့်နေတာတွေကိုလည်း ကြုံဖူးခဲ့တယ်..
ဒါတွေကို ....
အနီတွေကော အစိမ်းတွေကောအပါအဝင်
မြန်မာနိုင်ငံသားအားလုံးလည်း
မကြာသေးခင်အချိန်ကအထိ ကြုံဖူးမြင်ဖူးခဲ့ကြမှာပါ..
လက်ရှိအချိန်မှာတော့....
ဒီနိုင်ငံမှာအာဏာအရှိဆုံး
နိုင်ငံ့ခေါင်းဆောင်ရဲ့ကိုယ်ရေးအရာရှိPSOတောင်မှ မောက်မာခြင်းမာန်တက်ခြင်းအလျဥ်းမရှိဘဲ ကားပေါ်က​နေ ပြည်သူကို ရိုသေမှုအပြည့်နဲ့လက်အုပ်ချီပြီး အလေးအမြတ်ထားတာတွေ..
သူလိမ်နေတာပါအမေဆိုပြီး
ပွင့်လင်းစွာတင်ပြခွင့်ရလာတဲ့အသံတွေ..
ကိုယ်ကလက်အုပ်ချီကြိုဆိုရင်
ကိုယ့်ကိုပြန်လည်လက်အုပ်ချီတန်ဖိုးထားတာတွေ..
တွေ့ဆုံပွဲမှာ ဘယ်သူ့ကိုမှကြောက်စရာမလိုဘဲ
တစ်ဝါးဝါးတစ်ဟားဟားနဲ့စိတ်လက်ပေါ့ပါးစွာ တိုင်ကြားတင်ပြခွင့်ရတဲ့အသံတွေ..
ကြီးသူပဲဖြစ်ပစေ ငယ်သူပဲဖြစ်ပစေ
သူတောင်းစားပဲဖြစ်ပစေ သူဌေးသူကြွယ်ပဲဖြစ်ပစေ
အနာကြီးရောဂါသည်ပဲဖြစ်ပစေ
မသန်စွမ်းပဲဖြစ်ပစေ
ကြုံသမျှတွေ့သမျှလူအားလုံးကို အမိအဖလို သားသမီးလို လူရာသွင်းတန်ဖိုးထားပြီး တွေ့ဆုံအားပေးနားထောင်ဖြေရှင်းပေးတဲ့မြင်ကွင်းတွေကိုတော့အခုမှပဲမြင်ဖူးရတော့တယ်..
ယူနီဖောင်းကိုချွတ်
တိုက်ပုံအဖြူဝတ်ပြပြီး
ခိုးခဲ့လုခဲ့တာတွေကိုအကာအကွယ်ပေးမဲ့
၂၀၀၈ခြေဥကိုတည်မြဲစေဖို့အတွက်
အခုမှမင်းသားခေါင်းဆောင်း ဆောင်းပြပြီး
လူပိန်းကြိုက်စကားလုံး
အမျိုးဘာသာစကားတွေနဲ့
ကြွေးကြော်စည်းရုံးနေကြတဲ့
ငတေမာဘီလူးသူခိုးဓားပြတွေဂျင်းထဲ့နေတဲ့ ဘာသာရေးမှိုင်း
ကုလားအစွဲအလမ်းကို
ဒိဌိခွာပြီးကြည့်နိုင်ကြရင်
ဘယ်သူကကိုယ့်ကိုလူလိုတန်ဖိုးမထားခဲ့ပဲ..
အခုထိလည်းလူလိုတန်ဖိုးမထားဘဲ သူတို့စည်းစိမ်တွေကိုကာကွယ်နိုင်ဖို့မဲရဖို့အတွက် လူကိုနွားတစ်ကောင်ကိုသက်မှက်ပြီး လက်တွေ့မပါတဲ့အမျိုးဘာသာစကားတွေနဲ့နဖားကြိုးထိုးနေတဲ့ ငတေမာဘီလူးတွေဖြစ်မလဲဆိုတာနဲ့..
ဘယ်သူက ကိုယ့်ကို လက်တွေ့မေတ္တာတရားတွေနဲ့လူလိုတန်ဖိုးထားတက်တဲ့မိခင်လည်းဆိုတာ ခွဲခြားမြင်နိုင်ကြပါလိမ့်မယ်..
တစ်ချို့က...
သူတစ်ပါးထိုးတဲ့ ကုလားနဖားကြိုးတန်းလန်းနဲ့ လူဖြစ်ရှုံးနေကြတယ်..
N Kham Aung
ZN.H 🇦🇺
#လေးစားလျှက်
နီနီရဲ(လက်မလေး)

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...