By DVB 28 November 2019 Print EmailTweet မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းရှိ ရိုဟင်ဂျာများအား လူမျိုးတုံးသတ်ဖြတ်မှု (ဂျီနိုစိုက်)နှင့် စပ်လျဉ်း၍ ကျူးလွန်ခဲ့ခြင်း၊ ပါ၀င်ပတ်သက်ခဲ့ခြင်း၊ ဖုံးဖိထားခဲ့ခြင်း၊ Genocide Convention ပဋိညာဉ် သဘောတူညီချက်အား ချိုးဖောက်ခြင်းများ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံအစိုးရ အပါအဝင် ပြစ်မှုကျူးလွန်သူများအား စုံစမ်းစစ်ဆေး အပြစ်ပေးပါရန် ဂမ်ဘီယာနိုင်ငံက ICJ (ကုလသမဂ္ဂ တရားရုံး)တွင် ၁၁၊ နိုဝင်ဘာ၊ ၂၀၁၉ ရက်စွဲဖြင့် ၄၇ မျက်မှာပါ တရားစွဲဆိုချက် တင်သွင်းခဲ့သည်။ ထိုတရားစွဲဆိုချက်ပါ အချက်အလက်များအား အများနားလည်လွယ်စေရန် ကျစ်လျစ်အောင်ပုံဖော် ခြုံငုံသုံးသပ်ထားသဖြင့် စိတ်ရှည်၊ အချိန်ယူ ဖတ်ရှုလေ့လာ ပေးပါရန်လည်း စာရေးသူက မေတ္တာရပ်ခံအပ်ပါသည်။ ဂမ်ဘီယာ ဘာကြောင့်တရားစွဲသလဲ ဂမ်ဘီယာနှင့် မြန်မာသည် Genocide Convention သဘောတူညီချက်လက်မှတ်ထိုး ထားသည့် နိုင်ငံများတွင်ပါဝင်ကြောင်း၊ ဇန်နဝါရီလ ၁၉၅၁ မှ အစပြု၍ Genocide Convention ပါ အချက်အလက်များအား ဂရုတစိုက် အမှူးထား လိုက်နာပါကြောင်း၊ ICJ ၏ အခန်းကဏ္ဍနှင့် ယူဂိုစလားဗီးယား၊ ရဝမ်ဒါ ဂျီနိုစိုက်ဖြစ်စဉ်များအား အသေးစိတ် သိထား