Skip to main content

လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) ကို အမိန့်ပေးသူဟာ ကာကွယ်ရေးဦးစီးချုပ်ပါ

လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) ကို အမိန့်ပေးသူဟာ ကာကွယ်ရေးဦးစီးချုပ်ပါ
******************************
ဂူတာပြင်ကျေးရွာတွင် အစုလိုက်အ ပြုံလိုက် သတ်ဖြတ်မှု စွပ်စွဲချက် နှင့် ပတ်သက်၍ သေဒဏ် အထိ ချမှတ်နိုင်သော ပုဒ်မဖြင့် တပ်မတော် အရာရှိများအား စစ်ဆေးမှုစတင်
=======================
ရခိုင်ပြည်နယ်မြောက် ပိုင်း ဘူးသီးတောင် မြို့နယ် ဂူတာပြင် ကျေးရွာ၌ မွတ်ဆလင် ဘာသာဝင်များ ရာနှင့် ချီ သတ်ဖြတ်ခံခဲ့ရကြောင်း စွပ်စွဲချက်နှင့် ပတ်သက် ၍ တပ်မတော် အရာရှိအချို့နှင့် အခြားအဆင့် တာဝန်ရှိသူများအား သေဒဏ် အထိချ မှတ် နိုင်သော ပုဒ်မဖြင့် တပ်မတော် အကျဉ်းစစ် တရားရုံးက စစ်ဆေးမှု စတင်လိုက်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ နိုဝင်ဘာ (၂၅) ရက် က သတင်း ရရှိသည်။
ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ခုံရုံးက ဂူတာပြင်ကျေးရွာဖြစ်စဉ် အချို့၌ စစ်ဘက် ဆိုင်ရာ တရားရုံးဖြင့်စစ်ဆေးစီရင်သင့် သည်ဟုသော တင်ပြချက် အရ စစ်ဘက် တရားစီရင်ရေး ၏ လုပ်ငန်းစဉ်များ အတိုင်း ဆောင်ရွက် လျက် ရှိရာ ပြစ်မှုကျူးလွန် သည် ဟု ကနဦးတွေ့ရှိရသူများအပေါ် အကျဉ်းစစ်တရားရုံးချုပ်ဖြင့် ရုံးထိုင်စစ်ဆေးခြင်းအား နိုဝင်ဘာ ၂၆ ရက်တွင် ဘူးသီးတောင် မြို့၊ နယ်မြေခံ တပ်ရင်း၌ စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရ သည် ။
“ကျွန်တော် တို့က အခုဖွဲ့စည်းပေး လိုက်တာ အကျဉ်းစစ် တရားရုံးချုပ်နဲ့ ဖွဲ့စည်းလိုက် တာဖြစ်တယ် ။ အကျဉ်းစစ် တရား ရုံးချုပ် က တပ်မတော် အက်ဥပဒေပုဒ် မ ၁၁၇၊၁၂၁ အရ စစ် တရားရုံး ဥက္ကဋ္ဌအပါ အဝင် သုံးဦး က ရုံးထိုင် မှာဖြစ်ပါတယ် ။ သူ့ရဲ့ အမြင့် ဆုံးချမှတ် နိုင်တဲ့ပြစ်ဒဏ် က သေဒဏ်အထိချမှတ်နိုင်တာဖြစ်တယ်။” ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
၂၀၁၇ ခုနှစ် အကြမ်းဖက် တိုက်ခိုက်မှုနောက် ဆက်တွဲ ဂူတာပြင်ကျေးရွာ ၌ ဖြစ်ပွားခဲ့သော သတ်ဖြတ်ခံရ မှု ဖြစ်စဉ်များတွင် ပါဝင်ပတ် သတ် ခဲ့သည့် တပ်မတော် အရာရှိများနှင့် အခြားအဆင့် များအနေဖြင့် စစ်ဘက် တရားရေးအရာရှိများ အား ငှားရမ်း ခုခံပိုင်ခွင့် ရှိသည် ဟု ဆိုသည် ။
တပ်မတော် စုံစမ်းစစ်ဆေးရေးလုပ်ဆောင်ချက်များမှ ရရှိသော အချက်အလက်များ ခိုင်မာမှုကြောင့် အရပ်ဘက် တရားရုံးများ ကဲ့သို့ တရားစီရင်ရေးဖြစ်စဉ် ကြန့်ကြာမည်မဟုတ်ဘဲ အခက်အခဲမရှိပါက မြန်မြန်ဆန်ဆန်စီရင်နိုင် လိမ့်မည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည် ။
ဂူတာပြင်ကျေးရွာ ၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက မွတ်ဆလင်များ အား ရာနှင့်ချီ သတ်ဖြတ်မှုကျူးလွန်ခဲ့သည် ဟု နိုင်ငံတကာ သတင်းဌာ န များ က စွပ်စွဲပြောဆိုမှုများပေါ်ပေါက်ခဲ့ပြီးနောက် ဗိုလ်ချုပ်မြတ်ကျော်ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ခုံရုံးကို ၂၀၁၉ခုနှစ် မတ် လ အတွင်း က ဖွဲ့စည်းခဲ့သည် ။ ၎င်းအဖွဲ့က ကွင်းဆင်း စစ်ဆေးမှု များပြုလုပ်ခဲ့ပြီးနောက် ရရှိလာသောသက်သေ အထောက် အထားများ အရ ပါဝင်ပတ်သတ်သူများကို ယခုအခါ တပ်မတော် အကျဉ်းစစ်တရား ရုံးတွင် စတင်စစ်ဆေးခြင်း ဖြစ်သည်။
ထို့အပြင် တပ်မတော်အေ နဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်( Independent Commission of Enquiry- ICOE) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ရာ ICOE ၏ အစီရင်ခံစာ ထွက်ရှိ လာသည့်အချိန်တွင် လည်း အစီရင်ခံစာ၌ တပ်မတော် သား များအေ နဖြင့် ပြစ်မှုကျူးလွန် ရာတွင် ပါဝင်ပတ်သက် မှုရှိပါက ဥပဒေနှင့်အညီ ဆက်လက် စုံစမ်းစစ်ဆေး၍အရေးယူဆောင်ရွက် သွားမည်ဖြစ်ေ ကြာင်း စစ် ဥပဒေချုပ်ရုံးမှ သိရသည် ။
credit:The myanmar Time/////

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...