ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ဝင် ၇ ဦးကို သေဒဏ်ပေး.......!
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Reuters
By DVB 27 November 2019
By DVB 27 November 2019
၂၀၁၆ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နိုင်ငံခြားသား အများစု အပါအဝင် လူ ၂၂ ယောက် သေဆုံးတဲ့ စားသောက်ဆိုင် တိုက်ခိုက်မှုမှာ ပူးပေါင်းကြံစည်မှုနဲ့ အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ဝင် ၇ ယောက်ကို ဘင်္ဂလားဒေ့ရှ် တရားရုံးက သေဒဏ်ပေးလိုက်ပါတယ်။
နိုဝင်ဘာ ၂၇ ရက်နေ့က မြို့တော် ဒါကာရှိ တရားရုံးမှာ လုံခြုံရေးအစောင့်အကြပ် ထူထပ်စွာနဲ့ စီရင်ချက်ချမှတ်ခဲ့တာပါ။
တရားစွဲခံရသူ ၈ ယောက်ထဲက တယောက်ကို တရားသေ လွှတ်ပေးခဲ့တယ်လို့ အစိုးရရှေ့နေ ဆာဝါခန်းက သတင်းထောက်တွေကို ပြောပါတယ်။ တရားရုံးစီရင်ချက်ချပြီးနောက် အပြင်ထွက်လာတဲ့ တရားခံတွေက “ဘုရားသခင်သာ အမြတ်ဆုံး” ဆိုပြီး ဟစ်အော်ခဲ့တယ်လို့ မျက်မြင်တွေက ပြောကြားပါတယ်။
၂၀၁၆ ခုနှစ် ဇူလိုင် ၁ ရက်နေ့က ဒါကာမြို့ သံတမန်ရပ်ကွက်မှာ နိုင်ငံခြားသား အများစု ထိုင်တဲ့ စားသောက်ဆိုင်ကို အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့တွေ တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တုန်လှုပ်စေခဲ့ပြီး နိုင်ငံရဲ့ အရေးပါတဲ့ အထည်ချုပ် လုပ်ငန်း အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စီးပွားရေးကို ခြိမ်းခြောက်ခဲ့ပါတယ်။
{Zawgyi}

Comments
Post a Comment