Skip to main content

မြန်မာနိုင်ငံကို ICJ တွင် တရားစွဲထားသည့် ဂမ်ဘီယာကို OIC ဦးဆောင်နိုင်ငံဆော်ဒီမှ ကန်ဒေါ်လာ ၉၂ .၅ သန်း ထောက်ပံ့ပေးထား၊

Htun Tint Aung

-------- ------- -------
မြန်မာကို တရားစွဲ စစ်ဆေးမှု့အား ကြိုဆိုသည်ဟု OIC ထုတ်ပြန်ထား၊
-------- -------- -------
မြန်မာနိုင်ငံကို တရားမျှတမှု့ဆိုင်ရာ နိုင်ငံတကာတရားရုံး ( ICJ ) တွင် တရားစွဲဆိုထားသည့် ဂမ်ဘီယာနိုင်ငံကို အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ( OIC ) ၏ ဦးဆောင်နိုင်ငံတစ်ခုဖြစ်သည့် ဆော်ဒီအာရေးဘီးယားနိုင်ငံကအမေရိကန်ဒေါ်လာ ၉၂ .၅ သန်းထောက် ပံ့ပေးထားကြောင်း ဂမ်ဘီယာအစိုးရ၏ တရားဝင်ထုတ်ပြန်မှု့များအရ သိရသည်။
ဂမ်ဘီယာမှာ ၂၀၂၂ တွင် OIC ညီလာခံကိုအိမ်ရှင်အဖြစ် လက်ခံကျင်းပရန်စီစဉ်ထားပြီး အဆိုပါညီလာခံမတိုင်မီ လိုအပ်သည့် အခြေခံအဆောက်အဦများနှင့်
တည်ဆောက်ရေးလုပ်ငန်းများအတွက် OIC ဦးဆောင် နိုင်ငံတစ်ခုဖြစ်သည့် ဆော်ဒီအာရေးဘီးယားက Saudi Fund for Development(SFD) အမည်ရ " ဖွံ့ဖြိုးတိုးတက်ရေးများအတွက်ဆော်ဒီရန်ပုံငွေ"( SFD )မှ အမေရိကန်ဒေါ်လာ ၉၂ .၅ သန်းကို ရန်ပုံငွေပေးအပ်ခဲ့ခြင်း
ဖြစ်သည်။
၃၂ နှစ်အတွင်း ဒေါ်လာ သန်း ၂၀၀
------- -------- --------
ဆော်ဒီရန်ပုံငွေပေးအပ်ခြင်းကို ၂၀၁၉ မတ် ၁၇ က ဆော်ဒီအာရေးဘီးယားနိုင်ငံတွင်ပြုလုပ်ခဲ့ကြပြီး ဆော်ဒီရန်ပုံငွေအဖွဲ့ ဒုဥက္ကဌနှင့်မန်နေဂျင်းဒါရိုက်တာ Dr. Khalid S. Alkhudairyနှင့်ဂမ်ဘီယာ၏ ဘဏ္ဏာရေးဝန်ကြီး Mamboury Njie တို့က ဆော်ဒီနှင့်ဂမ်ဘီယာနိုင် ငံများကိုယ်စားလက်မှတ်ရေးထိုးခဲ့ကာ ဂမ်ဘီယာသမ္မတ အက်ဒ်မာဘောရိုးလည်း တက်ရောက်ခဲ့သည်။
ဆော်ဒီရန်ပုံငွေ ( SFD )မှ ပေးအပ်ခဲ့သည့် ကန်ဒေါ်လာ ၉၂ .၅ သန်းမှာ၄ပိုင်းရှိပြီး သက်သာသည့် ချေးငွေ ၂ ရပ်နှင့်
ထောက်ပံ့ကြေး ၂ ရပ်ဖြစ်သည်ဟု Dr. Khalid S. Alkhudairy ကဆိုသည်။
ဂမ်ဘီယာသည် SFD အဖွဲ့ဝင် နိုင်ငံအဖြစ် ၃၂ နှစ်ကြာသက်တမ်းရှိခဲ့ပြီဖြစ်ပြီး အဆိုပါ ကာလများအတွင်း ဂမ်ဘီယာ၏ ကျန်းမာရေး၊ပညာရေး၊တည်ဆောက်ရေးများ အပါအဝင်လိုအပ်သည့် ကိစ္စများတွင် SFDမှ ထောက်ပံ့ပေးခဲ့သည်မှာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ ရှိလာပြီဟု ဂမ်ဘီယာဘဏ္ဏာရေးဝန်ကြီး Mamboury Njie၏ ပြောကြားမှု့အရ သိရသည်။
၂၀၂၂ OIC ညီလာခံနှင့် ဂမ်ဘီယာ၏ တာဝန်၊
---------- ----------
ထောက်ပံ့ကြေးပေးခဲ့ခြင်းနှင့်အတူ ဂမ်ဘီယာကလည်း OIC ညီလာခံကျင်းပမည့် ဧရိယာသို့ဆက်သွယ်သည့်ကီလိုမီတာ ၅၀ အရှည်ရှိလမ်းကိုဖောက်လုပ် ပေးရမည်ဖြစ်သလိုလျှပ်စစ်တာဝါတိုင်များတည်ဆောက်၍လျှပ်စစ် ရရှိအောင်သွယ်တန်းပေးခြင်း၊ရေရရှိအောင်ဆောင်ရွက်ခြင်း၊ ဆေးကုသရေးပိုင်းဆိုင်ရာများအတွက် လိုအပ်သည့် ပြင်ဆင်မှု့များကို ပြုလုပ်ပေးရမည်ဖြစ်သည်။ ထို့အတူ ဂမ်ဘီယာနိုင်ငံ၏ Banjul နိုင်ငံတကာလေဆိပ် တွင်လည်း အလွန့်အလွန်ကောင်းမွန်သည့် VVIP အ
ဆောက်အဦးတစ်ခုကို တည်ဆောက်ပေးရမည့်အချက် များ ပါဝင်ကြောင်းသိရသည်။
အာဖရိကတိုက်မှ အသေးဆုံး နိုင်ငံ
------- ------- --------
အာဖရိကတိုက်အနောက်ပိုင်းတွင်ရှိသည့်ဂမ်ဘီယာနိုင်ငံမှာ ဧရိယာအကျယ်အဝန်း ၄,၁၂၇ စတုရန်းမိုင်သာရှိကာ အာဖရိကတိုက်တွင်အသေးဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံအကျယ်အဝန်းအလိုက် ကမ္ဘာ့အဆင့်တွင် ၁၅၉၌ ရပ် တည်နေသည်။
ဂမ်ဘီယာနိုင်ငံ၏ တစ်နိုင်ငံလုံးနီးပါးမှာ ဆီနီဂေါနိုင်ငံနှင့် ဝန်းရံထိစပ်နေပြီး လူဦးရေအားဖြင့် ၂ သန်းကျော်သာရှိသော်လည်း OIC အဖွဲ့ဝင်နိုင်ငံဖြစ်နေ
ခြင်းနှင့်အတူ ၄င်းတို့ကဲ့သို့ပင် OIC အဖွဲ့ဝင် မွတ်ဆလင်နိုင်ငံတစ်ခုဖြစ်သည့် ဘင်္ဂလားဒေ့ရ်ှနှင့် မွတ်ဆလင်များ၏ အကျိုး စီးပွားအတွက် OIC ကိုယ်စားဦးဆောင်ကာ မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရ်ှမှ OIC ဆွေးနွေးပွဲနှင့် တရားစွဲမှု၊
-------- -------- --------
ဂမ်ဘီယာမှာ ဘင်္ဂလားဒေ့ရ်ှကဲ့သို့ပင် OIC အဖွဲ့ဝင်နိုင် ငံတစ်ခုလည်း ဖြစ်ပြီး ၂၀၁၈ ခုနှစ် မေလ ၅ ရက်နေ့နှင့် ၆ ရက်နေ့များက ဘင်္ဂလားဒေ့ရ်ှနိုင်ငံဒါကာမြို ့တွင် OIC အဖွဲ့ဝင်နိုင်ငံများမှုနိုင်ငံခြားရေး ဝန်ကြီးများ၏ ၄၅ ကြိမ်မြောက် OIC နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် The Ad Hoc Ministerial Committeeကိုဖွဲ့စည်းခဲ့ကြသည်။
The Ad Hoc Ministerial Committee၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံကို ICJ တွင် တရားစွဲဆိုရန်ဖြစ်ပြီး The Ad Hoc Ministerial Committee၏ဥက္ကဌအဖြစ် ဂမ်ဘီယာနိုင်ငံက ဦးဆောင်ခဲ့သည်။
၂၀၁၉ ခုနှစ် မတ် ၁၇ က OIC ဦးဆောင်နိုင်ငံဖြစ်သည့် ဆော်ဒီအာရေးဘီးယားက ဂမ်ဘီယာကို ဆော်ဒီရန်ပုံငွေကန်ဒေါ်လာ ၉၂ .၅ သန်းထောက်ပံ့ပေးလိုက်ပြီးနောက် ၂၀၁၉ ခုနှစ် မေ ၃၁ က ဆော်ဒီအာရေးဘီးယားနိုင်ငံ မက္ကာမြို့တွင် ပြုလုပ်ခဲ့သည့် ၁၄ ကြိမ်မြောက် အစ္စလာမစ်ညီလာခံတွင် မြန်မာနိုင်ငံကို ICJ တွင်တရား စွဲရန်ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြကာ ဂမ်ဘီယာကလည်း ၂၀၁၉ နိုဝင်ဘာ ၁၁ရက်နေ့တွင် ICJ ၌မြန်မာနိုင်ငံကို တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံကိုတရားစွဲမှု့ကို OIC ကြိုဆို၊
-------- ------- ---------
နယ်သာလန်နိုင်ငံ " သည်ဟိသ်"'ရှိ ICJ တွင် ဂမ်ဘီယာနိုင်ငံက OIC ကိုယ်စား မြန်မာနိုင်ငံအပေါ်တရားစွဲဆိုလိုက်ခြင်းအတွက် ဝမ်းသာကြိုဆိုသည်ဟုလည်း OIC က ၄င်းတို့၏ ဝက်ဘ်ဆိုက်ဘ်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂ( UN )နှင့် ဥရောပသမဂ္ဂ( EU)တွင် အမြဲတမ်းကိုယ်စားလှယ်ဖြစ်နေသည့် OIC မှာ ၄င်းတို့၏တရားဝင် ဘာသာစကားအဖြစ် အာရဘီ၊ အင်္ဂလိပ်၊ ပြင်သစ်ဘာသာ စကားတို့ကိုသတ်မှတ်ထားပြီး ICJ တွင် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်ကြားနာစစ်ဆေးမည်ဆိုခြင်းကို ကြိုဆိုသည်ဟု နိုဝင်ဘာ ၂၄ က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
The Ladies News

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...