Skip to main content

Posts

Showing posts from September, 2016

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံ တွင် တင်သွင်းခဲ့သော စာတမ်းများ

Eligible Persons ပါဝင်သင့်ပါဝင်ထိုက်သူ များ အစုအဖွဲ့  Ethnic Arm Organisations တိုင်းရင်းသားလက်နက်ကိုင်များ အစု အဖွဲ့  Ethnic Representatives တိုင်းရင်းသားလူမျိုးစုများ အစု အဖွဲ့  Government and MPs အစိုးရနှင့်လွှတ်တော်ကိုယ်စားလှယ်များ အစု အဖွဲ့  Political Parties နိုင်ငံရေးပါတီများ အစု အဖွဲ့  Tatmadaw တပ်မတော်သားများ အစုအဖွဲ့

နိုင်ငံအမည် ပြောင်းသင့်ကြောင်း နဲ့ ပြည်နယ်တွေ သတ်မှတ်ပေး ဖို့ ဆွေးနွေး

၂၁ ရာစု ပင်လုံညီလာခံ ၃ ရက်မြောက်နေ့ အစည်းအဝေးမှာ မြန်မာနိုင်ငံကို အမည်ပြောင်းလဲဖို့  မွန်ပြည်သစ်ပါတီ MNSP ဒုတိယဥက္ကဌ နိုင်ဟံသာက   ဆွေးနွေးပါတယ်။ အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်ကြမလဲဆိုပြီး တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ နဲ့  ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့အသီးသီးက အမြင်တွေကို တင်ပြရာမှာ တိုင်းရင်းသားခေါင်းဆောင် တဦးဖြစ်သူ နိုင်ဟံသာက ထည့်သွင်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်၏ အခြေခံမူတွင် တစ်ခုတည်းသော တပ်မတော် ထားရှိရေး တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ မှ ညီလာခံ တတိယနေ့ တွင် တင်ပြ

ရန်ကုန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)     ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယနေ့ တွင် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ မှ နိုင်ငံတော်၏ မူဝါဒများ အပိုင်းအား သဘောထား အမြင်များ တင်ပြရာတွင် တစ်ခုတည်းသော တပ်မတော် ထားရှိရေးအား အဓိကထား တင်ပြခဲ့သည်။

'ဝ' အမျိုးသားစည်းလုံးညီညွတ်ရေးပါတီက ‘ဝ’ ပြည်နယ်ဖွဲ့စည်းရေး တောင်းဆို

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံ တတိယနေ့အဖြစ် ဒီကနေ့ ဆက်လက် ကျင်းပရာမှာ 'ဝ' အမျိုးသားစည်းလုံးညီညွတ်ရေးပါတီက ‘ဝ’ ပြည်နယ် ဖွဲ့စည်းရေးကို တင်ပြတောင်းဆိုလိုက်ပြီး ပြည်နယ်ဖွဲ့စည်းရာမှာ လက်ရှိ ‘ဝ’ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းက ၆မြို့နယ်နဲ့အတူ ကျိုင်းတုံဒေသက မြို့နယ် တွေကို ပါ ထည့်သွင်းပေးဖို့ တင်ပြထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖယ်ဒရယ်မူကို၂၀၀၈ ခြေဥအခြေခံဖို့ တပ်မတော်နဲ့ပြည်ခိုင်ဖြိုး တိုက်တွန်း

1 September 2016 ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဖယ်ဒရယ်စနစ်ရဲ့ ၀ိသေသလက္ခဏာတွေ ဖြစ်တဲ့ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ တိုင်းရင်းသားများတန်းတူအခွင့်အရေးတွေ ပါဝင်တယ်လို့ တပ်မတော်ကိုယ်စားလှယ်က ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာပြောဆိုလိုက်ပါတယ်။ မြန်မာစစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီရဲ့ ဖယ်ဒရယ်အပေါ် သဘောထားကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံကြဖို့ကိုလည်း တိုက်တွန်းပါတယ်။ ဒုတိယနေ့ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသတင်းကိုတော့ တတ်ရောက်သတင်းယူနေတဲ့ကိုသားညွန့်ဦး ပေးပို့ထားပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ဒုတိယနေ့မှာတော့ ဖယ်ဒရယ်နဲ့ပတ်သက်ပြီးစာတမ်းတွေကို တင်သွင်းကြတာတွေ့ရပါတယ်။ ဒီနေရာမှာ ထူးခြားတာပြောမယ်ဆိုရင်တော့ တပ်မတော်ကနေ ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ကြံ့ခိုင်ရေးပါတီက ဖယ်ဒရယ် အယူအဆနဲ့ အခြားတိုင်းရင်းသား နိုင်ငံရေးပါတီတွေက တင်သွင်းကြတဲ့ ဖယ်ဒရယ် အယူအဆနဲ့အတော်လေးကွဲပြားတာ တွေ့ရပါတယ်။ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီ တင်သွင်းတဲ့ ဖယ်ဒရယ် အယူအဆထဲမှာတော့ ပြီးခဲ့တဲ့သူတို့ ရေးဆွဲထားတဲံ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥ

ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တပ်မတော် လက်မခံသေး

  01 စက်တင်ဘာ၊ 2016 ၂၁ ရာစု ပင်လုံ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအတွင်း စစ်တပ်၊ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားအဖွဲ့တွေအကြား၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအပေါ် တင်ပြချက်တွေမှာ ကွဲလွဲချက်တွေရှိနေတဲ့အကြောင်း နိုင်ငံရေးသုံးသပ်သူ တဦးတဖြစ်တဲ့ စာရေးဆရာ ဦးသန်းစိုးနိုင်က ပြောပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ တွင် ပြောကြားသည့် ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ်၏ အမှာစကား

================================================== ယခုညီလာခံရဲ့ အရေးပါတဲ့ ၀ိ သေသကို ညီလာခံခေါင်းစီးပိုင်းက ထင်ရှားစွာဖော်ဆောင်လျက် ရှိပါသည်။ (၁၉၄၇) ခုနှစ်တွင် ခေတ်သစ် မြန်မာနိုင်ငံ၏ ဖခင်ကြီးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ကျင်းပခဲ့သည့် မူလပင်လုံညီလာခံ၏ စိတ်ဓာတ်အား ပြန်လည်အမှတ်ရစေသည့် ညီလာခံဖြစ်ကြောင်း ထင်ရှား လှပါသည်။

"နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ၂၁ ရာစုပင်လုံညီလာခံတွင် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံ"

ဒီနေ့ ကျွန်မတို့ရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံ ၂၁ ရာစုပင်လုံညီလာခံဖွင့်ပွဲအခမ်းအနားကို ကြွရောက်လာကြတဲ့ ဧည့်သည်တော်များ ၊ကိုယ်စားလှယ်များနဲ့တကွ ယခုလိုအချိန်မှာ ကျွန်မတို့နဲ့အတူ စိတ်အားဖြင့်ရှိနေတဲ့

ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် လူ့အခွင့်အရေးကို ဗဟိုပြုရမည်

သြဂုတ်လ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ရှည်လျှားလှသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ နောက်ဆုံး အဆင့်ဖြစ်သော ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပမည်ဖြစ်သည်။ ၎င်းသည် အားတက်ကြွဖွယ် သင်္ကေတများနှင့် ပြည့်နေသော ကာလဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင်ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဗိုလ်ချုပ်အောင်ဆန်းသည် လက်နက်ကိုင်အဖွဲ့အစည်း ၃ ခု နှင့် အရေးပါသော သဘောတူညီမှုရခဲ့ပြီး ပထမပင်လုံညီလာခံ၏

လူမျိုးစုံချစ်ကြည်ရင်းနှီး နိုင်ငံတည်ဆောက်ခြင်း State - Nation နဲ့ ဗိုလ်ချုပ်ရဲ့ပင်လုံမူ

အသွင်မတူတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနဲ့ အသွင်မတူတဲ့ မျိုးနွယ်စုတွေ အမြောက်မြားနေထိုင်တဲ့ နိုင်ငံတွေအဖို့ စတိတ်နေးရှင်း သဘော ( လူမျိုးစုံ ချစ်ကြည်နိုင်ငံ ) ပုံစံနဲ့ နိုင်ငံတည်ဆောက်ဖို့ ကျယ်ကျယ်ပြန့်ပြန့် အကြံပြုတင်ပြသူတွေ အထဲမှာ အဲဖရက်စတီဖင် ပါဝင်ပါတယ်။ သူဟာ ဖက်ဒရယ်နဲ့ ပတ်သက်တဲ့ စာတမ်းတွေကိုလည်း ပြုစုခဲ့ဖူးတဲ့ ပါမောက္ခတစ်ယောက် ဖြစ်ပါတယ်။