Skip to main content

၂၁ ရာစု ပင်လုံညီလာခံ တွင် ပြောကြားသည့် ကုလသမဂ္ဂအထွေ ထွေအတွင်းရေးမှူးချုပ်၏ အမှာစကား


Saw William Kyaw's photo.

==================================================
ယခုညီလာခံရဲ့ အရေးပါတဲ့ ၀ိသေသကို ညီလာခံခေါင်းစီးပိုင်းက ထင်ရှားစွာဖော်ဆောင်လျက် ရှိပါသည်။ (၁၉၄၇) ခုနှစ်တွင် ခေတ်သစ် မြန်မာနိုင်ငံ၏ ဖခင်ကြီးဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် ကျင်းပခဲ့သည့် မူလပင်လုံညီလာခံ၏ စိတ်ဓာတ်အား ပြန်လည်အမှတ်ရစေသည့် ညီလာခံဖြစ်ကြောင်း ထင်ရှား လှပါသည်။

အတိတ်ကို ပြန်ကြည့်သလို တဆက်တည်းမှာပင် ကျွန်တော်တို့သည် အနာဂါတ်ကိုလည်း မျှော်ကိုး လျှက်ရှိကြပါသည်။ ဤပင်လုံညီလာခံကြီးသည် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင် ကြသည့် မတူညီသော လူမျိုးစုအဖွဲ့များအားလုံး အားပူးတွဲကတိက၀တ်ပြုစေနိုင်ရန်။ တဖန် တန်းတူညီမျှရေး၊ ဒီမိုကရေစီအရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ အပေါ်အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် တစ်စုတစ်ဝေးတည်း စုစည်းပေးသည့် ညီလာခံကြီးဖြစ်ပါသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးအားရှေးရှု့ကာ ပတ်သက်သူအားလုံးမှ စိတ်ရှည်သည်းခံသည့် စိတ်ဓာတ်၊ အပေးအယူ အလျော့အတင်းပြုတတ်သည့်စိတ်ဓာတ်၊ ဇွဲလုံ့လပြည့်ဝပြီး ခိုင်မာသည့် သံန္ဒိဋ္ဌာန်တို့ အတွက် ကျွန်တော့်အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းပြောကြားလိုပါသည်။ ရှေ့ဆက်ရမည့် ခရီးသည် ရှည်လျားလှပါသည်။ သို့ရာတွင် ဤခရီးသည် အောင်မြင်သော အလားအလာ ကောင်းများရှိသည်ဟု ကျွန်တော်ယူဆပါသည်။
ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား နှစ်ပေါင်း၇၀ ကြာဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ကွဲလွဲမှု သမိုးမှာ ယခုကဲ့သို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုအဖြစ် အစပြု လုပ်ဆောင်ခဲ့ခြင်းသည် ယခုအကြိမ်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ပါသည်။ ယနေ့ကျင်းပသည့် အစည်းအဝေးသည် အရေးပါသည့် မှတ်တမ်းထင်ကျန်ရစ်မည့် အစည်းအဝေးတစ်ခုဖြစ်ပါ သည်။
လွန်ခဲ့သော (၆) နှစ်က ယခင်သမ္မတဦးသိန်းစိန်မှ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး တံခါးများ ဖွင့်ပေးခဲ့သည့်အချိန်မှ စ၍ မြန်မာနိုင်ငံသည် သမိုင်းတွင်ရစ်သည့် ပြောင်းလဲမှုတစ်ရပ်ကို ဆောင်ရွက်ခဲ့ပါသည်။
ဒီမိုကရေစီပြောင်းလဲဖို့ရာ နိုင်ငံခေါင်းဆောင်များမှ ငြင်းပယ်သောအခါ ဖြစ်ပေါ်လာနိုင်သည့် စိတ်ထိခိုက်ဖွယ်ရာဖြစ်ရပ်များကို ကမ္ဘာနှင့် အ၀ှမ်းမှာ ကျွန်တော်တို့မြင်တွေ့ခဲ့ရပြီး ဖြစ်ပါသည်။
နိုင်ငံခေါင်းဆောင်များက ပြည်သူများ၏မျှော်လင့်ချက်များအား အလေးထား နားထောင်သည့်အခါ အကျိုးတရားများရရှိနိုင်သည်ကို မြန်မာနိုင်ငံက သာဓကအဖြစ်ပြသနေပါသည်။
ကုလသမဂ္ဂသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများနှင့် အထူးသဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်အား ပံ့ပိုးလျက် စိတ်ချယုံကြည်ရသော မိတ်ဖက်အဖွဲ့အစည်းအဖြစ် ရပ်တည်ခဲ့ ကြောင်းဖော်ပြလိုပါသည်။
ဂုဏ်သရေရှိကိုယ်စားလှယ်တော်ကြီးများခင်ဗျား။
နှစ်ပေါင်းများစွာဖြစ်ပွားခဲ့သည့်ပြည်တွင်းစစ်သည်အသက်ပေါင်းများစွာသေကြေပျက်စီးခဲ့ရသလိုမျိုးဆက်သစ်ပေါင်းများစွာ၏ဂုဏ်သိက္ခာ၊ တည်ငြိမ်အေးချမ်းမှုနှင့်နဂိုအခြေအနေတို့ကိုလည်းမျက်ကွယ်ပြုခဲ့ပါသည်။သို့ဖြစ်ပါ၍မတူခြားနားမှုများအား လက်နက်ကိုင်၍ မဖြေရှင်းနိုင်ကြောင်း ယတိပြတ်သိရှိပြီးဖြစ်ပါသည်။
ဤပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွင် ပါဝင်သော မည်သည့်အဖွဲ့အစည်းမဆို မိမိတို့၏ ရည်မှန်းချက် အလုးံစုံကို ရရှိနိုင်မည်မဟုတ်ဆိုသည်ကို နားလည်ပေးပါရန် ကျွန်တော်အနေဖြင့် တိုက်တွန်းပါသည်။တဖန် ပါဝင်သူများ အားလုံးသည် မိမိတို့အနေဖြင့် တစ်စုံတစ်ခုကို အောင်မြင်မှုရသည်ဟု သတ်မှတ်နိုင်မှသာ ဤငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အောင်မြင်မည်ဖြစ်ပါသည်။
ယင်းသို့အောင်မြင်ရန် အဖွဲ့အားလုံး စိတ်စေတနာကောင်းစွာဖြင့် လူမျိုး၊ ဘာသာ၊ နိုင်ငံရေးနှင့် လူမှုစီးပွား အနေအထား များအပေါ် မခွဲခြားဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှုသည်မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၏ အရေးပါသည့်
အကျိုးစီးပွား အတွက်ဖြစ်သည် ဟူသည့် အသိအမှတ်ပြုမှုတို့ လိုအပ်ပါမည်။
ကွဲပြားသော အကျိုးစီးပွားများနှင့် အမျိုးမျိုးသော မျှော်လင့်ချက်များ ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည်
ပြီးခဲ့သည့်နှစ်အတွင်း တစ်နိုင်ငံလုးံအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်အား ဆွေးနွေးညှိနှိုင်းရန်အတွက် အဖွဲ့အစည်းတစ်ခုအနေဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ကို နှစ်ထောင်းအားရမိပါသည်။
ဤသဘောတူစာချုပ်သည်အထူးအရေးပါသောစာချုပ်ဖြစ်ပြီးယခုအခါအစိုးရအသစ်အနေဖြင့်အဆိုပါသဘောတူစာချုပ်တွင်လက်မှတ်မရေးထိုးသေးသူများပါပါဝင်နိုင်ရန်အားစိုက်ဆောင်ရွက်နေသည်ကိုတွေ့ရှိရပါသည်။ ၂၁ရာစုပင်လုံညီလာခံသည် အဆိုပါ အားစိုက်လုပ်ဆောင်မှုများကို သရုပ်ဖော်ဆောင်သည့်ရလဒ် ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဤငြိမ်းချမ်းရေးလမ်းစဉ်တစ်လျောက် လျှောက်လှမ်းစဉ် မဖြေရှင်းရသေးသည့်ကိစ္စရပ်များ
ကို ကိုင်တွယ်ဖြေရှင်းရာတွင် လည်းကောင်း၊နက်နဲသော၊ ထိလွယ်ရှလွယ်သသော ကိစ္စများအား ဖြေရှင်းရာတွင် လည်းကောင်း၊လိုအပ်သော ပညာဥာဏ်များနှင့် ပြည့်စုံစွာအားလုံး၏ အကျိုးစီးပွားများကို ထည့်သွင်းကာ လူထုအားလုံး ပါဝင်သည့် တစ်ခုတည်းသော ညှိနှိုင်းရေး လမ်းကြောင်းပေါ်ပေါက်စေရန် ကျွန်တော့အနေနဲ့ ဆုမွန်ကောင်းတောင်း တိုက်တွန်းအပ်ပါသည်။
ဤသို့လုပ်ဆောင်ရာတွင် သိမ်မွေ့မှုကိုအခြေခံလျှက် ပျော့ပြောင်းစွာလုပ်ဆောင်ရမည်ဖြစ်ပြီး သဘောတူစာချုပ်အား
လက်မှတ်ရေးထိုးသည့် အဖွဲ့များအပါအ၀င် လက်မှတ်မထိုးသေးသည့် အဖွဲ့အားလုးံအပေါ် လေးစားမှုရှိရန် လိုအပ်မည်
ဖြစ်ပါသည်။ရေရှည်တည်တံ့သည့် အဖြေများရရှိရန် စစ်မှန်သောတိုင်ပင်ဆွေးနွေးမှုများရှိရန် လိုအပ်ပါသည်။တဆက်တည်း
မှာပင် တွေ့ဆုံဆွေးနွေးသည့် အဆင့်တိုင်းတွင် ပါဝင်သည့် ကိုယ်စားလှယ်အရေအတွက်၏ အနည်းဆုးံ ၃၀ရာခိုင်နှုန်းအား
အမျိုးသမီးများဖြင့်ဖွဲ့စည်းရန် လိုအပ်ကြောင်း အားလုးံကို တိုက်တွန်းလိုပါသည်။
Credit . 5 plus News

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...