KIA/TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များက ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုံခြုံရေး ဆောင်ရွက်နေသည့် စခန်းများအား နှောက်ယှက်တိုက်ခိုက်
KIA/TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များက ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လုံခြုံရေး ဆောင်ရွက်နေသည့် စခန်းများအား နှောက်ယှက်တိုက်ခိုက် 21 December 2017 22:24(+0630) (၁ နှစ် ခန့်က) နေပြည်တော်၊ ဒီဇင်ဘာ ၂၁ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးဆောင်ရွက်နေသော စခန်းများအား ယနေ့တွင် KIA/TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့များက လာရောက်နှောက်ယှက် တိုက်ခိုက်ခဲ့သည်။ ဒီဇင်ဘာလ ၂၁ ရက်နေ့ ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် နမ့်ခမ်းမြို့နယ်၊ ကောင်းကတ်ကျေးရွာ အုပ်စု၊ ဟိုနားကျေးရွာအနီးရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးစခန်းအား KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအင်အားတချို့က လက်နက်ကြီး/ လက်နက်ငယ် များဖြင့်လည်းကောင်း၊ နံနက် ၇ နာရီ ၄၀ မိနစ် ခန့်တွင် ပန်ယုတ်ကျေးရွာအုပ်စု၊ လွယ်ချက်ကျေးရွာအနီးရှိ လုံခြုံရေးစခန်းအား KIA/TNLA အင်အား ၅၀ ဦးခန့်က နေရာ ၃ နေရာမှ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် လည်းကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ...