ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ကက်သလစ်ဘာသာပိုင်
ဆရာတော်ကျောင်းတစ်ခုမှာ ဗုံး၂ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ လူ ၂၀ လောက်
သေဆုံးခဲ့ရပါတယ်။
Burmese
ဖိလစ်ပိုင်အာဏာပိုင်တွေကတော့ အကြမ်းဖက်မှုမှာ ပါဝင်သူတွေကို လိုက်လံချေမှုန်းသွားမယ်လို့ ပြောဆိုနေပါတယ်။တနင်္ဂနွေနေ့ ဘုရားဝတ်ပြုချိန်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဖိလစ်ပိုင်တောင်ပိုင်းဟာ မငြိမ်မသက်မှုတွေ ဖြစ်နေတဲ့ ဒေသဖြစ်ပြီး မွတ်ဆလင်ဘာသာဝင်တွေ လူများစုရှိတဲ့ ဒေသဖြစ်ပါတယ်။ ဒီဗုံးပေါက်ကွဲမှုဟာလည်း ဗုံးပေါက်ကွဲမှုဖြစ်ရာဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးရဖို့ သင့်မသင့် ပြည်သူ့ဆန`ဒခံယူပြီး လူအများစုက Yes လို့ မဲထည့်ပြီး ၆ ရက်အကြာမှာ အခုလို ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၀ သေဆုံးရသလို လူ ၈၁ ယောက်လည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။
မငြိမ်သက်မှု ဖြစ်နေတဲ့ ဒေသမှာ သဘောတူညီမှုတွေ၊ တော်လှန်ပုန်ကန်မှုတွေ နည်းလာလို့ ဒေသဖွံ့ဖြိုးတော့မယ်၊ အလုပ်အကိုင်တွေ များလာတော့မယ်၊ ငြိမ်းချမ်းရေးရတော့မယ်လို့ မျှော်လင့်နေတုန်း အခုလို ဗုံးပေါက်မှု ဖြစ်တာပါ။
Jolo ကျွန်းပေါ်က Sulu ပြည်နယ်မှာရှိတဲ့ ကက်သလစ် ဆရာတော်ကျောင်းထဲမှာ ပထမဗုံးတစ်လုံး ပေါက်ကွဲပြီး နောက်တစ်လုံးကတော့ ဘုရားကျောင်းပြင်ပမှာ ပေါက်ကွဲခဲ့တာပါ။
ဖိလစ်ပိုင်သမ`မတရဲ့ ပြောခွင့်ရပုဂ`ဂိုလ် Salvador Panelo ကတော့ နိုင်ငံတော်ရဲ့ ရန်ကူတွေဟာ အစိုးရရဲ့ စွမ်းဆောင်နိုင်မှုကို စိန်ခေါ်လိုက်သလို ပြည်သူတွေရဲ့ လုံခြုံမှုကို ထိပါးလာတဲ့အတွက် ဒီစိန်ခေါ်မှုကို ဖိလစ်ပိုင် လက်နက်ကိုင်တတ်တွေက ရင်ဆိုင်မှာဖြစ်ပြီး ဘုရားမဲ့တဲ့ ဒီရာဇာဝတ်သားတွေကို နှိမ်နှင်းချေမှုန်းမယ်လို့ ပြောဆိုလိုက်ပါတယ်။
ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်သူကမှ သူတို့လက်ချက်ဖြစ်တယ်လို့ မပြောကြပေမယ့် ဖိလစ်ပိုင်ရဲတွေကတော့ IS Islamic State ကို ထောက်ခံတဲ့ Abu Sayyaf စစ်သွေးကြွအဖွဲ့ရဲ့ လက်ချက်ပဲ ဖြစ်မယ်လို့ ယူဆထားပါတယ်။ အဲဒီအဖွဲ့ဟာ ရက်စက်ကြမ်းကြုတ်မှုတွေအပြင် ဗုံးဖောက်ခွဲမှုတွေမှာ နာမည်ဆိုးနဲ့ နာမည်ကြီးတဲ့အဖွဲ့ ဖြစ်ပါတယ်။
Jolo မြို့ဟာ အဲဒီ စစ်သွေးကြွတွေ ကြီးစိုးရာမြို့ဖြစ်ပြီး အဲဒီအဖွဲ့ဟာ ပင်လယ်ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှုတွေနဲ့ ဝင်ငွေမျိုးမျိုးမြတ်မြတ်ရရှိနေတာဖြစ်ပြီး အစိုးရ အဆက်ဆက်က မနှိမ်နှင်းနိုင်တဲ့အဖွဲ့ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ ပင်လယ်ပြင်မှာ လှုပ်ရှားသလို Mindanao ဒေသအနားမှာလည်း လှုပ်ရှားပြီး နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲဖို့အတွက် ဖမ်းဆီးပြီး ငွေကြေးတောင်းခံမှု လုပ်သလို တောင်းတဲ့ငွေတွေ မရရင် ခေါင်းဖြတ်သတ်ပစ်တာမျိုး လုပ်လေ့ရှိပါတယ်။
Soldiers guarding a Catholic Churc
Comments
Post a Comment