Skip to main content

Posts

ရင်ခွင်မဲ့ကလေးငယ်များ စနစ်တကျ ပြုစုစောင့်ရှောက်ရေးအတွက် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ ကလေးပြုစုရေးဌာနတွင် မွေးကင်းစကလေးဆောင်ဖွင့်လှစ်

Prof Win Myat Aye စာမျက်နှာကို နှစ်သက်ပါ 21 မေ ရက် 15:30 တွင်  ·  ရင္ခြင္မဲ့ကေလးငယ္မ်ား စနစ္တက် ပြုစုစောင့်ရှောက်ရေးအတွက် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ ကလေးပြုစုရေးဌာနတွင် မွေးကင်းစကလေးဆောင်ဖွင့်လှစ် *************************** ********* ၁၉-၅-၂၀၁၈ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ရွှေဂုံတိုင်ကလေးပြုစုရေးဌာနတွင် မွေးကင်းစကလေးဆောင် ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရင်ခွင်မဲ့ ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့် ရှောက်ရေးအသင်းက ဦးဆောင်၍ ရင်ခွင်မဲ့ကလေးငယ်များကို စနစ်တကျပြုစု စောင့်ရှောက် ရေးအတွက် ဖြစ်ပြီး ကလေးသူငယ် အခွင့်အရေး (၄) ရပ်ထဲမှ အရေးကြီးဆုံးဖြစ်သည့် ရှင်သန်ခွင့်နှင့် ကာကွယ်စောင့်ရှောက် ခံပိုင်ခွင့်ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ နိုင်ငံတော်၏ အနာဂါတ်ဖြစ်သည့်အတွက် စနစ်တကျ စောင့်ရှောက်နိုင်ရန်အတွက် ရင်ခွင်မဲ့ကလေးငယ်များ လျော့ချရေးနှင့်ကာကွယ်စောင့် ရှောက်ရေးအသင်းကို ဖွဲ့စည်းပြီး မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရ...

မိုင်းကိုင်မြို့နယ်အတွင်း RCSS နှင့်အစိုးရတပ်တို့တိုက်ပွဲဖြစ်ပွါး

23 May 2018 16:09 သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော် နှင့်အစိုးရတပ်မတော်တို့ကြားတိုက်ပွဲဖြစ်ပွါးရာ အစိုးရတပ်၏ ကျည်ဆံနှင့်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်းသိရသည်။ ယမန်နေ့ မေလ ၂၂ ရက်နေ့ မိုင်းကိုင်မြို့နယ် မိုင်းခွန်ရွာအနီး အစိုးရတပ်နှင့် RCSS/SSA တို့ကြား မိနစ် ၂၀ အကြာတိုက်ပွဲ  ဖြစ်ပွါးခဲ့ရာ အစိုးရတပ်၏ ကျည်ကပ်၊ ရေဘူးနှင့်စစ်အသုံး အဆောင်ပစ္စည်းများ ကို RCSS/SSA မှသိမ်းဆည်းရမိကြောင်း တိုက်ပွဲဖြစ်ပွါးသည့်ဒေသအတွင်းရှိ ၂ ဖက်တပ်များနှင့် နီးစပ်သည့်ဒေသခံများထံမှ သိရသည်။ “ခမ်းဖိတ်ရွာဘက်မှာတိုက်ပွဲဖြစ်တယ်ကြားတယ်။ မိနစ် ၂၀ လောက်ဘဲကြာတယ်။ ညနေ ၃ နာရီ ၂၀ မိနစ်ကနေ ၃ နာရီ ၄၀ မိနစ်အထိ။ ရွာသားတွေတော့ ထိတ်လှန့်ရုံကလွဲလို့ ထိခိုက်တာတော့မရှိဘူး။ အစိုးရစစ်ကြောင်းတွေတက်သွားတာတော့ရှိတယ်”- ဟု အဆိုပါဒေသခံများက ပြောသည်။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်တာဝန်ရှိသူများအားမေးမြန်းရန် ဖုန်းဆက် သွယ်သော်လည်း ဆက်သွယ်မရခဲ့ပေ။ မိုင်းကိုင် ဒေသခံ ကျားခေါင်းပါတီဝင်တဦးကမူ- “မိုင်းခွန်အုပ်စုက မိုင...

ဖမ်းမိထားတဲ့ တရားမ၀င်သစ်တွေကို တရုတ်ဘက်က သယ်ယူမှုတွေရှိနေကြောင်း တိုင်ကြားစာပေးပို့

ခုတ်ယူထားတဲ့ သစ်လုံးတွေကို တွေ့ရစဉ်။ Photo: RFA ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်အတွင်း ပြီးခဲ့တဲ့နှစ်က ဖမ်းဆီးရမိထားတဲ့ တရားမဝင် သစ်တန်ချိန် ၁၃၀၀ ကျော် ကို ဒီရက်ပိုင်းအတွင်း တရုတ်ပြည်က သစ်ကားအစီး ၄၀ လောက်နဲ့ သယ်ဆောင်မှုတွေရှိနေတယ်လို့ ဆော့လော် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဒီနေ့ ပြောပါတယ်။ အဲဒီလိုသယ်ဆောင်နေတာတွေကို မနေ့က နိုင်ငံတော် သမ္မတထံ တိုင်ကြားစာ ပေးပို့ထားတယ်လို့ ဆော့လော် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေး က ပြောပါတယ်။ "ကျနော် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မနေ့က နိုင်ငံတော် သမ္မတဆီ တိုင်စာ ပို့ထားပါတယ်။ သိသိချင်း ကျနော် တို့က သတင်းပို့ရဲ့သားနဲ့ မဖမ်းနိုင်ဘူးဆိုတော့ ဝင်လာတာလည်း သိတယ်။ ထွက်သွားတာလည်း သိတယ်။ အဲ့ဒါကိုမှ မတားနိုင်ဘူးဆိုတော့ အစိုးရရဲ့ ပုံရိပ်ထိခိုက်မယ်ဗျာ။ နောက်တစ်ခုကကျတော့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ ထိခိုက်မယ်ပေါ့။ ကျနော်ကတော့ အဲ့လိုပဲ မြင်တယ်" တရားမဝင် ခုတ်ယူထားတဲ့ သစ်တွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ သစ်တောဦးစီးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဖမ်းဆီးမိထားပြီး ဆော့လောမြို...

တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး(၆၃၄)တုံး ဖမ်းဆီးရမိ

၂၀၁၈ ခုနှစ်၊ မေလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ကချင်ပြည်နယ်၊ ကာမိုင်းမြို့၊ နန့်တိန်း စစ်ဆေးရေးဂိတ်၌ တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး(၆၃၄)တုံး ဖမ်းဆီးရမိကြောင်း သိရပါသည်။ အဆိုပါ ကျောက်စိမ်းတုံးများအား နယ်မြေခံတပ်မှ တပ်မတော်သားများသည် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက် နေစဉ် ဖားကန့်မြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်နေ ကိုကိုသန့် (၃၄)နှစ်မောင်းနှင်လာသော 6M/×××× SKAT အပြာရောင်(၆)ဘီးယာဉ်အား ရပ်တန့်ရှာဖွေခဲ့ရာမှ ဖမ်းဆီးမိခြင်းဖြစ်သည်။ ယာဉ်အတွင်း သိုဝှက်၍ တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး(၆၃၄)တုံး (၁၀၀၀) ကီလိုဂရမ်ခန့် တွေ့ရှိ သိမ်းဆည်းရမိခဲ့သောကြောင့် ကိုကိုသန့် အား ကာမိုင်းနယ်မြေရဲစခန်း (ပ)၁၃/ ၂၀၁၈၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေပုဒ်မ ၄၂(က)ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်မှုအရ သိရပါသည်။ သစ်ထူးလွင်

ARSA က လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း AI ထုတ်ပြန်

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် ARSA အဖွဲ့ဝင်တွေကို တွေ့ရစဉ်/ Photo Courtesy: Amnesty International ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ မနှစ်က အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွား ခဲ့စဉ်အတွင်း ရိုဟင်ဂျာမွတ်စလင် စစ်သွေးကြွတွေက ဟိန္ဒူကျေးရွာတွေကို တိုက်ခိုက်ခဲ့ပြီး၊ ကလေးသူငယ်တွေ အပါအဝင် လူပေါင်း ၉၉ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် ARSA လို့ အမည်ပေးထားတဲ့ ရိုဟင်ဂျာ စစ်သွေးကြွအဖွဲ့ဝင်တွေဟာ အစိုးရ နယ်ခြားစောင့် ရဲကင်းစခန်း ၃ဝ ကျော်ကို တပြိုင်နက် ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ မှာပဲ၊ အနောက်ခမောင်းဆိတ်၊ ရဲဘော်ကျနဲ့ မြို့သူကြီးကျေးရွာတွေကို တိုက်ခိုက်ခဲ့ပြီး ဟိန္ဒူဘာသာဝင်တွေကို အပြစ်ပေးသတ်ဖြတ်တဲ့ ပုံစံနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာလို့ အစီအရင်ခံစာမှာ အသေးစိတ်ဖော်ပြ ထားပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၇ စက်တင်ဘာလမှာ သတင်းထောက်တွေကို မြန်မာ့တပ်မတော်က ခေါ်ဆောင်ပြီး အစုလိုက် အပြုံလိုက် မြှုပ်နှံထားတဲ့ ဟိန္ဒူအလောင်းတွေကို ပြသခဲ...

စစ်တပ်က သူ့လူတွေထိမှာစိုးတော့ ကြိုပြီး အကွက်ရွှေ့လိုက်တာကို စောက်ရူးတွေက အပျော်ကြီးပျော်နေကြတယ် ။

သူတို့က သိန်းပေါင်း သိန်းထပ် ချမ်းသာသွားပြီ ဗျ ။ ဖားကန့်က ကျောက်စိမ်းလုပ်ကွက်မှန်သမျှ စစ်တပ်နဲ့ KiA က လုပ်ငန်းရှင်အလိုကျ အကုန်ထိုးပေးနေတာ ။ NLD အစိုးရတက်လာကတည်းကပါ ။ ထူးထူးဆန်းဆန်းတွေ လုပ်ပြီး ထအော်မနေကြပါနဲ့ ။ 2011 စစ်ပွဲပြန်ဖြစ်ကတည်းက ဖားကန့်မှာ ရှိတဲ့ စစ်တပ်နဲ့ KIA ဝင်ငွေတွေ သောက်သောက်လဲ ရနေတာ လူတိုင်းသိတယ် ။ သိန်းပေါင်း သိန်းထပ် ချမ်းသာနေပြီပဲ ဘယ်စစ်တပ်ထဲမှာ ဘယ်နေချင်တော့မလဲဗျာ ။ လူတွေက ရိုးရိုးလေးတွေးနေကြတယ် ။ မပခ စစ်တိုင်းမှူးဟောင်း ဗိုလ်ချုပ် ညီညီဆွေ ကို ရာထူးကနေ နားပီးရင် နောက်ထပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် ဝင်ဗိုလ်ရှိန်လဲ နားပါလိမ့်မယ် ။ သူတို့ဟာ ကချင်ပြည်နယ်နဲ့ ဖားကန့်ကို ထင်သလို မွှေနှောက်ပီး ငွေရှာခဲ့သူတွေပါ ။ သိန်းပေါင်း သိန်းထပ် ချမ်းသာနေမှာတော့ စစ်တပ်ထဲမှာ ဘယ်ဆက်နေချင့်ပါ့မလဲ ။ လက်ရှိ စစ်ဆေးခံနေရတယ်တို့ ဘာတို့ဆိုတာ ကြိုတင်ကြံစည်ထားတာလည်း ဖြစ်နိုင်သလို ဒီယုံမြင်လို့ ဒီခြုံထွင်တာလဲ ဖြစ်နိုင်ပါတယ် ။ သေချာတာကတော့ ဒီလိုဖြစ်တာကို ကာယကံရှင်တွေဖြစ်တဲ့ ဗိုလ်ချုပ် ညီညီဆွေ ၊ ၆၆ တပ်မမှူး ဗိုလ်မှူးချုပ် သန်းဦး ၊ ၁၀၁ တပ်မှူး ဗိုလ်မှူးချုပ် မောင်မောင်ဇံ ၊ ဒုတပ်မမှူး ဗို...

ဖားကန့်တွင် လာဘ်စားမှုဖြင့် တပ်မတော် အရာရှိကြီးများ တာဝန်မှ ရပ်ဆိုင်း

ထက်နိုင်ဇော်, ဧရာဝတီ BurmaDemocracy, 23 May 2018 အစိုးရက သက်တမ်း ထပ်မံ မတိုးတော့သည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို လာဘ်ယူကာ ဆက်လက်တူးဖော်ခွင့်ပြုခဲ့သော တပ်မတော်အရာရှိကြီးများကို လက်ရှိ ထမ်းဆောင်နေသော တာဝန်များမှ ရပ်ဆိုင်းကာ အရန်အင်အားသို့ ပြောင်းရွှေ့လိုက်ကြောင်း သိရှိရသည်။ ဧရာဝတီမှ ကြည့်ရှုခွင့်ရခဲ့သော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စစ်ရာထူးခန့်ချုပ်ရုံး၏ ၂၀၁၈ ခုနှစ် မေလ ၂၀ ရက် နေ့စွဲပါ အရန်အင်အားစာရင်း တင်သွင်းခြင်း/ တွဲဖက်ခြင်း အခြေပြဦးစီးဇယားအရလည်းကောင်း၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်၏ အဆိုအရလည်းကောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူ လက်ရှိ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူနေသူ ဗိုလ်ချုပ် ညီညီဆွေနှင့် အမှတ် ၁၀၁ တပ်မမှူးဖြစ်သူ ဗိုလ်မှူးချုပ် မောင်မောင်ဇံတို့သည် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်မှုမှ “လာဘ်ပေးလာဘ်ယူ အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်ခြင်း”ကြောင့် စုံစမ်းအရေးယူခံရပြီး တာဝန်မှ ရပ်စဲခံရသည်။ NLD အစိုးရသည် နာမည်ဆိုးဖြင့် ကျော်ကြားနေသော မြန်မာ့ကျောက်စိမ်းတူး...

ရခိုင်တွေ့ရှိချက်သစ် လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ထုတ်ပြန်

ဟိန္ဒူတွေလည်း ရာနဲ့ချီ အသတ်ခံခဲ့ရ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ Amnesty International အဖွဲ့ ယူကေ ကနေ သူတို့ရဲ့ တွေ့ရှိချက် အသစ်တွေ ဆိုပြီး ထုတ်ပြန် လာပါတယ်။ AI အဖွဲ့ရဲ့ ဒီတခေါက် အစီရင်ခံစာထဲ မှာတော့ ရခိုင်ပြည်နယ်ထဲက ဟိန္ဒူ အသိုင်းအဝိုင်းကို ပစ်မှတ် ထားပြီး အာဆာ အဖွဲ့ ကျူးလွန်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခဲ့မှုတွေ အကြောင်း ဖော်ပြ ထားပါတယ်။ ဒီ အစီရင်ခံစာ ထုတ်ပြန်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတွေထဲ AI အဖွဲ့ သွားရောက် ခဲ့ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လက ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေ အတွင်း အစုလိုက် အသတ် ခံခဲ့ရသူတွေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေး ခဲ့ကြ ရသူတွေထဲ ဟိန္ဒူဘာသာဝင် တွေလည်း ပါဝင်ခဲ့တယ် ဆိုတဲ့ အချက်ကို နိုင်ငံတကာက မျက်ကွယ်ပြု ထားတယ်လို့ မြန်မာ အစိုးရက ပြောနေခဲ့ပါတယ်။ ရိုဟင်ဂျာတွေ အပေါ် ပစ်မှတ်ထားတဲ့ ကျုးလွန်မှုတွေ ဆိုပြီး မြန်မာ အစိုးရနဲ့ စစ်တပ်အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာရဲ့ ဖိအားတွေ ကြီးကြီးမားမား ရှိနေချိန်မှာ အာဆာ အဖွဲ့ရဲ့ လုပ်ရပ်တွေ အပေါ်မှာတော့ နိုင်ငံတကာအနေနဲ့ အာရုံစိုက်ဖို့ ပျက်ကွက်တယ် ဆိုပြီ...

သမိုင်းမှန်ပေါ်ဖို့ ပြည်ပမီဒီယာ အကူအညီ လိုနေပြီလား

ခိုးဝင်ဘင်္ဂလီတို့ရဲ့ ARSA အကြမ်းဘက်အဖွဲ့က ရခိုင်ပြည်နယ်တွင်းမှ ဟိန္ဒူရွာကို စီးနင်း တိုက်ခိုက် လုယက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဟိန္ဒူ ၆၉ ဦးထဲမှ အစ္စလမ်ဘာသာသို့ ပြောင်းရန်ငြင်းဆန်သည့် ၅၃ ဦးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ အကြောင်း သတင်းဆောင်းပါးကို The Wall Street Journal မှာ ဖေါ်ပြလာ - ဒါမျိုးကို မြန်မာပြည်အစိုးရပြန်ကြားရေးဝန်ကြီးဌာနက ၂၀၀% သတင်းမှန် အထောက်အ ထားအပြည့်အစုံနဲ့ တင်ပြလည်း နိုင်ငံတကာမှာ လက်မခံကြဘူး။ ဒီလို independent media တွေက တင်ပြတာမှ လက်ခံတယ် ဆိုတာ သဘောပေါက်ကြဖို့ လိုပါတယ်။ နိုင်ငံတကာမှာက အစိုးရတစ်ရပ်ရဲ့ ပြန်ကြားရေးဆိုတာကို ၀ါဒဖြန့်ချိရေးစက်တစ်လုံး propaganda machine လို့ပဲ သဘောထားတယ်။ မြန်မာပြည်မှာက မဆလ၊ န၀တ၊ နအဖ အချိန်က အစိုးရပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲတွေနဲ့ ရှင်းခဲ့ကြတာကိုပဲ လူထုက အတွေ့အကြုံရှိခဲ့တော့ အဲလိုလုပ်ရတယ်၊ အစိုးရပြန်ကြားရေးဝန်ကြီးဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းတစ်ခုခုကပဲ ထ ရှင်းရမယ်လို့ အရိုးစွဲနေကြတာက လုံးဝ မှားယွင်းတယ်။ အမေရိကား၊ ဗြိတိန်၊ ဂျာမဏီ၊ ပြင်သစ် စတဲ့နိုင်ငံတွေမှာ အစိုးရပြန်ကြားရေးဝန်ကြီး ဌာန၊ နိုင်ငံပိုင် သတင်းစာ၊ ...

LDC. ထုတ်ပြန်ချက်

🔴 မြန်မာက ဦးနေဝင်း ပြုတ်ခါနီး ၁၉၈၇ မှာ LDC. စာရင်း ဝင်သွားခဲ့တာဗျ! LDC စာရင်း ဝင်သွားလို့လဲ ➖ သပိတ် မှောက်လိုက်ကြတာ! ဦးနေဝင်း လဲ လစ်သွားတော့တာပဲ 😆 🔴 ခု့ အနှစ် ၃၀ ကျော်မှပဲ ပထမဆုံးအကြိမ် GNI , HAI , EVI. ညွှန်းကိန်းတွေကို ပြည့်မှီလာခဲ့တာပဲ ဖြစ်တယ်! ဝမ်းသာစရာပါ 👻👻👻👻👻👻👻👻👻 🔴 လက်ရှိ့တိုးတက်မှုနှုန်းကို ဆက်လက် ထိန်းသိမ်းနိင်ခဲ့လို့ ➖ လာမဲ့ ၂၀၂၁ မှာ LDC. ညွှန်းကိုး ၃ ခု့ထဲက ၂ ခု့ ပြည့်မှီခဲ့ရင် 🔴 LDC. ခေါ် ဖွံဖြိုးမှု အနည်းဆုံး နိင်ငံစာရင်းကနေ လွတ်မြောက်ပြီ ဗျ 👻👻👻👻👻👻👻👻 🔴 LDC. ထုတ်ပြန်ချက်ကို ၁၉၇၁ ကထဲက LDP. က ၃ နှစ် ၁ ကြိမ် ထုတ်ပြန်ပေးခဲ့တာ ခု့ချိန်ထိ လွတ်မြောက်တဲ့နိင်ငံ ၄ နိင်ငံပဲ ရှိ့သေးတယ် 🔴 သစ်ထုတ်လုပ်မှုတွေ ➖ ရပ်ဆိုင်းထားတာတောင် LDC ညွှန်းကိန်း ဝင်အောင်လုပ်နိင်ခဲ့တာ အမေ့ NLD ပါပဲ ( ဖွတ်တွေက ရှုပ်ဖို့ ဖျက်ဆီးဖို့ ခိုးဖို့ပဲ သိတာ 😆🤑 ) ( တပ်ပု့ ကလဲ မထူးဘူး! ထိုနည်း ၎င်းပဲ 😆🤑 ) ( ပြည်တွင်းစစ် စစ်အသုံးစရိတ်သာ လျော့ချနိင်ခဲ့ရင် ဘယ်လောက် ကောင်းမလဲ ဗျာ )်