Skip to main content

စစ်တပ်က သူ့လူတွေထိမှာစိုးတော့ ကြိုပြီး အကွက်ရွှေ့လိုက်တာကို စောက်ရူးတွေက အပျော်ကြီးပျော်နေကြတယ် ။


Aye Aye Khaing ၏ ဓာတ်ပုံ
သူတို့က သိန်းပေါင်း သိန်းထပ် ချမ်းသာသွားပြီ ဗျ ။ ဖားကန့်က ကျောက်စိမ်းလုပ်ကွက်မှန်သမျှ စစ်တပ်နဲ့ KiA က လုပ်ငန်းရှင်အလိုကျ အကုန်ထိုးပေးနေတာ ။ NLD အစိုးရတက်လာကတည်းကပါ ။ ထူးထူးဆန်းဆန်းတွေ လုပ်ပြီး ထအော်မနေကြပါနဲ့ ။ 2011 စစ်ပွဲပြန်ဖြစ်ကတည်းက ဖားကန့်မှာ ရှိတဲ့ စစ်တပ်နဲ့ KIA ဝင်ငွေတွေ သောက်သောက်လဲ ရနေတာ လူတိုင်းသိတယ် ။
သိန်းပေါင်း သိန်းထပ် ချမ်းသာနေပြီပဲ ဘယ်စစ်တပ်ထဲမှာ ဘယ်နေချင်တော့မလဲဗျာ ။ လူတွေက ရိုးရိုးလေးတွေးနေကြတယ် ။ မပခ စစ်တိုင်းမှူးဟောင်း ဗိုလ်ချုပ် ညီညီဆွေ ကို ရာထူးကနေ နားပီးရင် နောက်ထပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် ဝင်ဗိုလ်ရှိန်လဲ နားပါလိမ့်မယ် ။ သူတို့ဟာ ကချင်ပြည်နယ်နဲ့ ဖားကန့်ကို ထင်သလို မွှေနှောက်ပီး ငွေရှာခဲ့သူတွေပါ ။ သိန်းပေါင်း သိန်းထပ် ချမ်းသာနေမှာတော့ စစ်တပ်ထဲမှာ ဘယ်ဆက်နေချင့်ပါ့မလဲ ။ လက်ရှိ စစ်ဆေးခံနေရတယ်တို့ ဘာတို့ဆိုတာ ကြိုတင်ကြံစည်ထားတာလည်း ဖြစ်နိုင်သလို ဒီယုံမြင်လို့ ဒီခြုံထွင်တာလဲ ဖြစ်နိုင်ပါတယ် ။ သေချာတာကတော့ ဒီလိုဖြစ်တာကို ကာယကံရှင်တွေဖြစ်တဲ့ ဗိုလ်ချုပ် ညီညီဆွေ ၊ ၆၆ တပ်မမှူး ဗိုလ်မှူးချုပ် သန်းဦး ၊ ၁၀၁ တပ်မှူး ဗိုလ်မှူးချုပ် မောင်မောင်ဇံ ၊ ဒုတပ်မမှူး ဗိုလ်မှူးကြီး ဝင်းတင်စိုး ၊ ဗျူဟာမှူး ဗိုလ်မှူးကြီး လှိုင်ဝင်းတို့ ပိုပြီး ကြိုက်နေကြမှာပါ ။ ထောင်မကျရင် ရပါပြီ ။ အလုပ်ပြုတ်သွားရင် ပိုပျော်နေမှာ အသေအချာပါပဲ ။ ရတဲ့ စည်းစိမ်နဲ့ နားအေးပါးအေး ထိုင်စားလောက်နေပြီပဲ ။
ဖားကန့်မှာ ကျတဲ့ စစ်တပ် ဘယ်လောက်ဝင်ငွေရှိတယ်ဆိုတာ မပခ တိုင်းမှူး လုပ်တဲ့ လူက မသိပဲနေမလား ။ အောက်ကလူကရော မဂါပဲနေမလား ။ အရူးမှမဟုတ်တာ ။ ကချင်ပြည်နယ်တကြောက စစ်တပ်တွေ ကျောက်စိမ်းတွင်း ကုမ္မဏီတွေကို ယမ်း ရောင်းစားလို့ရတဲ့ ဝင်ငွေတခုထဲနဲ့ပဲ တနှစ်ကို သိန်းပေါင်း သိန်းငွေ ဝင်ငွေရှိနေပြီ ။ နေပြည်တော်က မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းက ဇော်ဗိုလ်ခန့်တို့ အုပ်စု နဲ့ ကက ကြီးက စစ်တပ်အရာရှိတွေ ဖားကန့် ကျောက်စိမ်းတွင်း လုပ်ငန်းအတွက် ဖောက်ခွဲရေး ယမ်း မှောင်ခိုဈေးကွက်က ကြောက်ခမှန်းလိလိ ဝင်ငွေကောင်းနေတာ ဘယ်သူမှ သတိမထားမိကြဘူး ။
စစ်တပ်က ဖားကန့်ကို ယမ်းတန်ချိန်ပေါင်း သိန်းနဲ့ချီ ရောင်းစားနေတာ ။ ဒီပိုက်ဆံတွေ ဘယ်သူယူတာလဲ ။ ယမ်းက နိုင်ငံတော် ဘဂျက်နဲ့ ဝယ်ထားတာမဟုတ်လား ။ ယမ်းတွေ ရောင်းစားပြီး ရသမျှငွေတွေကို တပ်အဆင့်ဆင့် အရာရှိ အဆင့်ဆင့် အိပ်ထဲ အကုန်ထည့်နေကြတယ် ။ ဒါက ယမ်းက ဝင်တဲ့ ပိုက်ဆံတမျိုးထဲနဲ့ တနှစ်ကို သိန်းပေါင်း သိန်းငွေ ဝင်နေတာ ။ မူးယစ်ဆေးဝါး ၊ လောင်းကစား ၊ ကျောက်မှောင်ခို ၊ ကျောက်ကယ်ရီ ၊ လမ်းကြောတစ်ခုလုံး လုံခြုံရေး ဂိတ်တွေထိုင်ပြီး ခရီးသည်ယဉ်နဲ့ အိမ်စီးကားတစီးကို တထောင်ကောက်တာ ။ ဘယ်နေရာဖြစ်ဖြစ် စစ်တပ်ပါတယ် ။ KIA ပါတယ် ။ ကချင်ပြည်နယ်တစ်ခုလုံး စစ်ဖြစ်နေတယ်ဆိုပေမဲ့ ဖားကန့်မှာတော့ စစ်တပ်နဲ့ KIA က ဖင်လိုး ဖင်ခံ လုပ်နေကြတာဗျ ။ နမ့်မဖြစ်က ကျောင်းဆရာ အောင်ဇင်ထွန်းကို သတ်တာ KIA ပြည်သူ့စစ်တွေ သတ်တယ်ဆိုတာ လူတိုင်းသိတယ် ။ သတ်တဲ့လူ နမ့်မဖြစ်ရွာထဲ ရှိတာကို သိရက်နဲ့ ၆၆ တပ်မမှူး ဗိုလ်ချုပ်သန်းဦး မဖမ်းရဲဘူး ။ မသေချာမှာစိုးလို့ ဓါတ်ပုံပေးတာတောင် မဖမ်းဘူးလို့ နမ့်မဖြစ်က လူတွေကပြောနေတယ် ။ မဖမ်းရဲတာမဟုတ်ဘူး ။ တမင်မဖမ်းတာ လေ ။ စစ်တပ်နဲ့ KIA ဆိုတာ ဖားကန့်မှာတော့ ရန်သူယောင်ဆောင်ထားတဲ့ လက်နက်ကို စီးပွားဘက်တွေပါ ဗျ ။
ရေမဆေးတွေ ရတဲ့ကျောက်ကို KIA က သေနတ်ပြ မိုက်ကြေးခွဲပြီး သိမ်းတယ် ။ စစ်တပ်ကကောင်တွေနဲ့ အစုအတူခွဲယူတယ် ။ အဲလိုလုပ်နေတာ လူတိုင်းသိတယ် ။ လုပ်ကွက်စောင့်တဲ့ ရဲနဲ့ KIA က မြေစာပုံမှာ အင်ဖော်မာ မွေးပြီး ရေမဆေးတွေဆီက ဂုတ်သွေးစုတ်နေတယ် ။ ဖားကန့်က မူးယစ်ဆေးဝါးတွေကို စစ်တပ်နဲ့ KIA ကရောင်းခိုင်းထားတယ် ။ ရောင်းတဲ့ လူတွေက မရောင်းချင်တော့ဘူး ၊ မရောင်းရဲတော့ဘူးပြောနေတာတောင် မရဘူး ။ စစ်တပ်နဲ့ KIA က ရန်ရှာမှာ စိုးလို့ ရောင်နေရတယ် ။ မယုံရင် ဆယ်ဇင်းက ဖားကန့်တနယ်လုံးကို လက်ကားဖြန့်နေတဲ့ ဒေါ်ကိုင် ကို မေးရင်အားလုံး သိလာလိမ့်မယ် ။ ဖေ့ဘုတ်ပေါ်ကနေ မူးယစ်ဆေးဝါးနဲ့ လောင်းကစားကြောင်း ရေးတင်လို့ ဆယ်ဇင်းက အိအိချော ဆိုတဲ့ အကောင့်ပိုင်ရှင်ကို သတ်ဘို့ KIA တွေက ဆယ်ဇင်းနဲ့ ဖားကန့်မှာ စောင့်နေကြတယ် ။ ဖားကန့်မှာ ထင်သလို လူသတ်ခွင့်ရနေတာ KIA တခုပဲရှိတယ် ။ စစ်တပ်နဲ့ ရဲဆိုတာ သူတို့အကျိုးစီးပွား မဟုတ်တော့ ဘာလုံခြုံရေးမှ မယူပေးဘူး ။
သက်တမ်းကုန်တဲ့ လုပ်ကွက်တွေကို လုပ်ငန်းရှင် ၊ တပ်မမှူး ၊ KIA ၊ ကျောက်စိမ်းရုံး နဲ့ ညှိပီး ယန္တယားတွေနဲ့ တူးနေတာ ကုန်တောင် ကုန်တော့မယ် ။ တပ်မမှူးကို လေးပုံတပုံပေးရတယ် ။ KiA ကို သုံးပုံ တပုံပေးရတယ် ။ ကျောက်စိမ်းရုံးကိုတော့ ဘယ်လောက်ပေးရတယ် အတိအကျမသိရဘူး ။ အစုပေးတာတွေက တနေရာနဲ့ တနေရာမတူဘူး ။ ဖားကန့်မှာတော့ စစ်တပ်နဲ့ KIA ဆိုတာ စီးပွားရှာဘက်တွေ ။ ရွာထဲမှာ ဘယ်ကောင် KIA ဆိုတာ စစ်တပ်သိတယ် ၊ စရဖ သိတယ် ၊ SB သိတယ် ။ အစိုးရရုံးတွေတောင် KIA ကို အခွန်ပေးရတယ် ။ ရွာထဲမှာ KIA အခွန်ကောက်တဲ့ နေရာတွေ စစ်တပ်သိတယ် ။ နှစ်ဖွဲ့စလုံး လက်နက်ကိုင်ပီး ငွေရှာနေကြတာ ဗျ ။
ကျောက်စိမ်းတွေ ထင်သလို ခိုးတူးလို့ ရဘို့ဆိုရင် ငြိမ်းချမ်းရေး ယူလို့မရသေးဘူးဆိုတာ သူတို့ သိနေကြတယ်ဗျ ။ KIA ဆိုတာ ဝ ရဲ့မွေးစားသား ။ ဝဆိုတာ တရုတ်အစိုးရဲ့ သားအရင်း ။ ဖားကန့်ကျောက်စိမ်းတွင်းက ရင်းနှီး မြှုပ်နှံ ကိုးဆယ်ရာခိုင်နှုံးက ဝ နဲ့ တရုတ်ပြည်ကပါ ။ ကျောက်စိမ်းက တရုတ်ရဲ့အကျိုးစီးပွားလေ ။ မြစ်ဆုံမရလို့ တရုတ်က စစ်တပ် နဲ့ KIA ကို ခိုင်းစားပြီး ကချင်ပြည်နယ်တခုလုံး မီးလောင်တိုက်သွင်းနေတာ ။ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေးကို စစ်တပ်ကလဲ ယူလို့မရသလို ၊ KIA ကလဲ ယူလို့မရဘူး ။ ငြိမ်းချမ်းရေးက တရုတ်အစိုးရ လက်ထဲမှာပဲ ရှိတယ် ။ တရုတ်အစိုးရက သူလိုချင်တာ မရသေးသ၍တော့ ကစားနေအုံးမှာပဲ ။ ဒါကို စစ်တပ်နဲ့ KIA ခေါင်းဆောင် နဲ့ အောက်ခြေက လူတွေက ကြိုက်နေကြတယ် ။ အကျိုးအမြတ်က ကြီးနေတာကိုး ။
ဖားကန့်မှာ ငြိမ်းချမ်းရေး မရချင်ဆုံးက စစ်တပ်နဲ့ KIA ပဲ ။ စစ်ပွဲဆိုတာ များများတိုက်လေ နှစ်ဘက်ခေါင်းဆောင်တွေ ချမ်းသာလေပဲ ။ လူများများသေမှ ၊ ပြည်သူတွေ များမျာ ဒုက္ခရောက်မှ သူတို့က ကြိုက်တာပါ ။ ဟုတ်လား မဟုတ်လား အောက်က စာလေးသာ ဖတ်ကြည့်လိုက်ပါဗျ ။
ကိုယ်ကျိုးရှာ လူတစ်စုအတွက် အသက်အိုးအိမ်တွေ ရင်းနှီးမြှုပ်နှံခိုင်းနေတဲ့ စစ်ပွဲအတု....အပိုင်း (၁)
ကချင်ပြည်နယ်မှာ ဖွတ်တပ် နဲ့ KIA တိုက်ပွဲတွေ ဖြစ်တော့တစ် နိုင်ငံလုံးမက ကမ္ဘာကပါ စိုးရိမ်လာကြတယ် ။ အားလုံးကတော့ အပေအယူမမျှတလို့ စစ်ဖြစ်နေကြတယ် ထင်နေကြတာ ။ အမှန်တကယ်က အပေးအယူမျှလို့ ဖြစ်တဲ့ စစ်ပွဲပါ ။ စားခွက်ပျောက်မှာ ကြောက်လို့တိုက်နေတာ ။ စားခွက်လုနေတာ မဟုတ်ဘူး ။ပြည်သူ့အစိုးရက ပြည်သူအတွက် သူတို့စားနေရတဲ့ စားခွက်တွေ အလုခံရမာ စိုးလို့ စစ်ကိုဖန်တီးနေတာပါ ။ ငြိမ်းချမ်းသွားရင် အဖက်ဖက်က ရနေတဲ့ အကျိုးအမြတ်တွေ ဘယ်ကလာရတော့မာလဲ ။ ၂သီးစား ခေတ်မဟုတ်တော့ဘူး ။ ၃သီး ၄သီးစားတဲ့ ခေတ်ဖြစ်နေပြီ ။အဲလိုပြောရင် ရီစရာကြီး ဖြစ်နေအုံးမယ် ။ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်သွေးတွေကို မြှုပ်နှုံစတေးပီး လူတစ်စု ကိုယ်ကျိုးစီးပွားရှာနေတဲ့ စစ်ပွဲက တဖြေးဖြေး ရုပ်လုံးပေါ်လာပါပြီ ။
ကချင်ပြည်နယ်နေရာအနှံ့မှာ ဘယ်လောက်ပဲ စစ်တိုက်နေပါစေ ဖားကန့်မှာတော့ လုပ်ငန်းတွေ ဖြိုင်ဖြိုင်လုပ်ရတဲ့ အချိန်ဆို စစ်မတိုက်ရဲဘူး ။ မိုးရာသီ လုပ်ငန်း သိမ်းတော့မယ်ဆိုရင်တော့ စစ်ပွဲ ဖြစ်ချင်ယောင်ဆောင်ပြီး တိုက်ပြတယ် ။ စစ်မတိုက်ရဲတဲ့ အကြောင်းတရားတွေ အများကြီးရှိတယ် ။ အခြားနေရာတွေမှာ စစ်ဖြစ်နေရတယ်ဆိုတာကလည်း ဖားကန့်ကြောင့်မို့ စစ်ဖြစ်နေရတာ ။ စစ်တိုက်ပြနေရတာ ။ စစ်မတိုက်ရင် စစ်မဖြစ်ရင် နိုင်ငံ့ သယံဇာတကို ခိုးလို့မရတာကို သူတို့အားလုံး ( တရုတ်အစိုးရ၊ ဗမာစစ်တပ် ၊ KIA ၊ ဝ စစ်တပ် ၊ ခရိုနီ ) သိကြတယ် ။ အပိုင်း (၁) အနေနဲ့ စစ်တပ်အကြောင်း အရင်ပြောမယ် ။
ကျောက်စိမ်းလုပ်ကွက် အများစုကို စစ်ဗိုလ်ချုပ်တွေက ပိုင်တယ် ။ တူးဖော်ရေး ယန္တယားတွေကို ဝအုပ်စု နဲ့ အဲဗားဝင်းနား ထွန်းကြည်အုပ်စုကပိုင်တယ် ။ ကျောက်စိမ်းလုပ်ငန်းရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို ဝ နဲ့ အဲဗားဝင်နားက ဒေါက်တာ ထွန်ကြည်တို့က လက်ဝါးကြီးအုပ်ထားတယ် ။ ထွန်းကြည်ရဲ့ အရင်းအနှီးတွေ ဘယ်ကလာလဲ ။ တရုတ်နိုင်ငံက တရုတ်လုပ်ငန်းရှင်တွေဆီကလာတယ် ။ ထွန်းကြည်က နာမည်ခံပေးတယ် ။ ထွန်းကြည်အုပ်စုမှာ KBZ အောင်ကိုဝင်း(ဆရာကျောင်း ) ပါမယ် ။ ပတ္တမြားနဂါး နေဝင်းထွန်း ၊ Max ဇော်ဇော် ခရိုနီ အုပ်စုတွေ ပါမယ် ။ စစ်ဗိုလ်ချုပ် ခရိုနီ အုပ်စုကို ထွန်ကြည်က ကိုင်ထားတယ် ။ ဒါက ဗိုလ်ချုပ်ဟောင်း မောင်အေးအုပ်စု ။ ထွန်ကြည်က တရုတ်လုပ်ငန်းရှင်တွေဆီက ငွေနဲ့ ကျောက်တူးတဲ့ ကုမ္မဏီခွဲပေါင်းအမြောက်အများထောင်ထားတယ် ။ ယန္တယားအမြောက်အများဝယ်ထားတယ် ။ ခရိုနီနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေပိုင်တဲ့ ကျောက်စိမ်းလုပ်ကွက်ကို တူးတယ် ။ ကျင်းထဲက ထွက်သမျှကျောက် ၉၀ % ကို တရုတ်ပြည်ခိုးထုတ်တယ် ။ တရုတ်ပြည်ရောက်သမျှ ကျောက်ကောင်းတွေကို တရုတ်ပြည်မှာ လစဉ်လိုလို ပြပွဲတွေ လုပ်ရောင်းတယ် ။ လက်ရှိ စစ်တပ်နဲ့ အုပ်ချုပ်ရေး က ကျောက်စိမ်းတွေ တရုတ်ပြည် ခိုးထုတ်နေတာကို သိရက်နဲ့ လွှတ်ထားတယ် ။ ဒါတွေကို ဖမ်းရင် အပေါ်က သူတို့ကို နေရာပြောင်း ၊ ရာထူးဖြုတ်မှာဆိုတော့ ပေးသလောက်ယူနေကြရတယ် ။
ဝ တွေရဲ့အရင်းအနှီးကရော ဘယ်ကလာလဲ ။ လူတိုင်းသိနေတဲ့ဟာမို့ အများကြီးမပြောတော့ဘူး ။ ။ မြန်မာပြည်ရောက်လာတဲ့ မူးယစ်ဆေးဝါး ကိုးဆယ်ရာခိုင်နှုံးက ဝ ဆီကလာတာပဲ ။ ဒီမူးယစ်ဆေးဝါးတွေက စစ်အုပ်စုနဲ့ ပတ်သက်နေတယ် ။ ကြီးကြီးမားမား မိတဲ့မူးယစ်ဆေးဝါးတိုင်း ပိုင်ရှင်မဲ့ လုပ်တာဟာ အကြောင်းရှိတယ် ။ တထောင်အဖမ်းပြပြီး ပိုင်ရှင်မဲ့ လုပ်နေချိန်မှာ နောက်က တစ်သန်းသွင်းနေတာပါ ။ ဝအုပ်စုဟာ မူးယစ်ဆေးနဲ့ လက်နက်ရောင်းရတဲ့ ငွေတွေကို ငွေဖြူဖြစ်ဘို့ အမြဲကြိုးစားနေတယ် ။ Cat ကုမ္မဏီမှာ ဝအုပ်စုရဲ့အစုရှယ်ယာတွေ များလာနေတယ် ။ နိုင်ငံတကာကို ကျောက်စိမ်းတူးလို့ ရတဲ့ငွေဆိုပြီးတော့ လိမ်ပြီး ငွေဖြူလုပ်ထားတယ် ။ ဝ ကသူတို့ တူးလို့ရတဲ့ ခိုးထုတ်လို့ရတဲ့ ကျောက်စိမ်းကို တရုတ်ပြည်မှာ လောင်ထားတယ် ။ လုံး ( လုံးဝ ) ထုတ်မရောင်ဘူး ။ တရုတ်ပြည်မှာ ထုတ်ရောင်းနေတဲ့ ကျောက်စိမ်းက ထွန်းကြည်အုပ်စုနဲ့ အခြားဟာတွေပဲ ရောင်းနေတာ ။ KIA ကို လက်နက်ရောင်းတယ် ။ KIA က ဝ ကို လက်နက်ဖိုး အကြွေးပေးစရာ တရုတ်ငွေ ယွမ် သန်းပေါင်းများစွာ အကြွေးတင်နေတယ် ။ ဖားကန့်က ကုမ္မဏီတွေKIA ကို အခွန်ဆောင်ရင် အရင်က ဝအုပ်စု ကုမ္မဏီ ရုံးခန်းကို သွားဆောင်ရတယ် ။ ခုမှသာ လိုင်ဇာကို သွားဆောင်နေရတာ ။ သေချာတာကတော့ KIA ဟာ ဝ ကို ဘယ်လိုမှ မလွဆန်နိုင်ဘူးဆိုတာပါပဲ ။ KIA က မလွန်ဆန်နိုင်ရဲသလို စစ်တပ်ကလဲ မလွန်ဆန်နိုင်ရဲပါဘူး ။ ဝနောက်မှာ သူ့အဖေတရုတ်ရှိနေလို့ပါ ။ စစ်ဗိုလ်ချုပ်တွေက မြန်မာတနိုင်ငံလုံးမှာ စီးပွားရေးတွေကို ဝတွေနဲ့ လုပ်ထားသလို သူတို့ရဲ့ ပိုင်ဆိုင်မှု အများစုကလဲ တရုတ်ပြည်မှာ မြှုပ်နှံထားလို့ပါ ။ ဖားကန့်ရဲ့ကျောက်စိမ်းတွင်းရဲ့ ရင်းနှီး မြှုပ်နှံမှု ၉၀% ကို ဝ နဲ့ တရုတ်နိုင်ငံရဲ့ အရင်းအနှီးတွေပါ ။ ကာလတိုအတွင်းမှာ ဘယ်လိုနည်းနဲ့ရရ ဖားကန့်က ကျောက်စိမ်းကို ရအောင်ယူမှာပါ ။ ရတဲ့နည်းနဲ့ ခိုးမှာပါ ။
ဒီလိုခိုးထုတ်နိုင်ဘို့ လုပ်ကွက်ထဲကို စစ်တပ်နဲ့ ရဲကို စောင်းခိုင်းထားတယ် ။ အကျိုးတူလုပ်ကွက်ထဲက ထွက်သမျှကျောက်ကို ပုဂ္ဂလိက လုပ်ကွက်ထဲကို ကန်ချတယ် ။ ဒါကြောင့် နိုင်ငံတော်နဲ့ အကျိုးတူ လုပ်ကွက်နားကို ပုဂ္ဂလိက လုပ်ကွက်တွေကို မရ ၊ရအောင် မကျ ၊ ကျအောင် လျှောက်တယ် ။ ဒါမှ ကျောက်ခိုးလို့ရမာ ။ ပုဂ္ဂလိက လုပ်ကွက်က နိုင်ငံတော်ကို အပ်စရာမလိုဘူးလေ ။ အဲလိုခိုးလို့မရရင် လုပ်ကွက်ထဲမာ အစိုးရ အနီးကပ်ကြီးပ်ြမသိအောင် ခိုးထားပီး မြေကြီးထဲ မြှုပ်ထားတယ် ။ ပီးမှ အစိုးရကြီးကြပ်မသိအောင် ခိုးထုတ်တယ် ။ အစိုးရကြီးကြပ်က သိလည်းမပြောရဲဘူး ။ မသိချင်ဟန်ဆောင်နေရတာ ။ သူ့ဘဝအတွက် မက်လောက်အောင် ပေးထားတာလေ ။
သန်းရွှေအုပ်စု ဖြစ်တဲ့ ကြိုင်အင်တာနေရှင်နယ်လိုဟာတွေကို ဝ အုပ်စုက ကိုင်ထားတယ် ။ မြန်မာစည်သူလိုမျိုး ရွှေမန်းအုပ်စုရှိသလို ၊မောင်မောင်သိမ်းအုပ်စု၊ ကချင်တိုင်းမှူးဟောင်း အုန်းမြင့် အုပ်စုတွေလဲ ရှိတယ် ။ သေချာတာကတော့ နေရာကောင်း ကျောက်ကြောကောင်းတဲ့ ကျောက်စိမ်းလုပ်ကွက်တွေကို ကျောက်စိမ်းအကြောင်း စောက်မှန်းကမ်းမှန်းမသိတဲ့ စစ်အုပ်စုနဲ့ ခရိုနီက ပိုင်ထားတယ် ။ တန်ဘိုးနားမလယ်ပဲ တရုတ်တွေ လက်ထဲထိုးအပ်ပြီး ထင်သလို လုပ်ခွင့်ပေးလိုက်တယ် ။ တရုတ်တွေ ထင်သလို လုပ်ခွင့်ရအောင် သတ္တုဝန်ကြီးဌာန ၊ စစ်တပ် ၊အုပ်ချုပ်ရေး က သူ့တပည့်တွေကို ကာကွယ်ခိုင်းတယ် ။ ဌာနအားလုံးမှာက အရာရှိ လုပ်ပိုင်ခွင့် ရှိသူမှန်သမျှ တပ်ကကောင်တွေချည်း ထည့်ထားတယ် ။
ကိုယ်ကျိုးရှာ လူတစ်စုအတွက် အသက်အိုးအိမ်တွေ ရင်းနှီးမြှုပ်နှံခိုင်းနေတဲ့ စစ်ပွဲအတု
အပိုင်း ( ၂ )
သူကြီးပိုင်တော့ ရာအိမ်မှူး ဟိုဟာထင်ဆိုသလိုပဲ ။ ၂၄ နာရီ ထင်သလိုတူးတယ် ။ ဘယ်ဥပဒေ ဘယ်ပုဒ်မနဲ့မှ မညီဘူး ။ ဥပဒေလိုက်လဲ မလိုက်နာဘူး ။ ပြောင်ပြောင်တင်းတင်းချိုးဖောက်တယ် ။ ဘယ်သူမှအရေးမယူရဲဘူး ။ ထွက်သမျှကျောက် အားလုံးနီးပါးကို ခိုးတယ် ။ နိုင်ငံတော်ကို မကောင်းတဲ့ကျောက်ကို မကောင်းတတ်လို့ သဘောလောက်ပဲ အပ်တယ် ။ ဒါတွေကို ဖားကန့်က လူတွေကလည်း သိတယ် ။ ဒါကြောင့် မင်းတို့လဲ ခိုးနေတာပဲ ဆိုတဲ့ စိတ်နဲ့ လူအုပ်နဲ့ ကျင်းထဲ ဝင်တူးနေတာတွေ ဖြစ်လာတယ် ။ စစ်တပ်နဲ့ ရဲက အလိုလို ကျင်းစောင့်ဖြစ်လာတယ် ။ ဖားကန်းကျတဲ့ တပ်ရင်းမှူး တယောက်ရဲ့ ဝင်ငွေက သိန်းရာချီဝင်သလို တပ်မမှူးဆိုတဲ့လူက ထောင်သောင်းချီဝင်နေတယ် ။ အခုသက်တမ်းကုန်တဲ့ လုပ်ကွက်တွေကို တပ်မမှူးတစ်စု ၊ ကျောက်စိမ်းရုံး တစ်စု ၊ KIA တစ်စုပေးပီး စက်ယန္တယားတွေနဲ့ တူးနေတယ် ။ လူတိုင်းသိတယ် ။ ဒီလူတွေ စစ်ပွဲကို မလိုလားရင် ဘယ်သူက လိုလားမှာလဲ ။
လုပ်ကွက်စောင်းတဲ့ ရဲတပ်ရင်းက ရိုးရိုးရဲဘော်တယောက်တောင် တလကို အကြံအဖန်နဲ့ဆို ဆယ်သိန်းဝန်းကျင်လောက်ရတယ် ။ အကြီးဆုံး ရဲဗျူဟာမှူးဆိုရင် ဘယ်လောက်ရမလဲ ။ မှော်ထဲမာ စစ်တပ်၊ လုပ်ကွက်စောင့် ရဲ နဲ့ KIA က ဝင်ငွေ အကောင်းဆုံးပဲ ။ ရေမဆေးဆီက ကျောက်ကို ဆယ်စုတစ်စု လိုက်တောင်းတယ် ။ သူတို့တောင်းတဲ့အစုမပေးရင် ကျောက်ကို ရဲကမသယ်ခိုင်းဘူး ။ ရေမဆေးတွေ ရောင်းလို့ရတဲ့ကျောက်ကို KIA က ဆယ်စု တစု အခွန်လိုက်ကောက်တယ် ။ ဒါကကျောက်စိမ်းနဲ့ပတ်သက်လို့ ဗမာစစ်တပ်နဲ့ တိုက်ခိုက်ရေး လုပ်ကွက်စောင့် ရဲတပ်ရင်းနဲ့ KIA ကကောင်တွေရဲ့ အကျိုးအမြတ် ကြီးကြီးမားမားရနေတဲ့ အကြံအဖန်တချို့ ။နှစ်ဖက် အစိုးရရဲ့ အောက်ခြေအဆင့်တွေက ရနေတဲ့ အကျိုးအမြတ်တွေ ။
စစ်တပ်နဲ့ KIA တိုက်ပွဲဖြစ်တယ်ဆိုတာ တကယ့်ကို ယုတ္တိရှိအောင် လူသေတဲ့အထိ တိုက်ပြခိုင်းနေတာပါ။ တကယ်တိုက်နေရတဲ့ လူတွေမှာ တကယ်အသက်ပေးရရှာတာပါ ။ ရက်စက်တဲ့ ကိုယ်ကျိုးရှာမှုလို့ ပြောရပါ့မယ် ။ တိုက်ပွဲဖြစ်တယ်ဆိုတာ အလယ်အလတ်မှာပဲ တကယ်တိုက် တကယ်သေနေပီး အပေါ်ဆုံးနဲ့ အောက်ဆုံးမှာက တကယ်ကို ကြီးမားတဲ့ ကိုယ်ကျိုးရှာမှုတွေပဲ ဆိုတာ လူတိုင်းသိပါတယ် ။ တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ စစ်တပ်က လုံခြုံရေးဂိတ်တွေ လုပ်လာတယ် ။ ဖားကန့် မြစ်ကြီးနားလမ်းမှာဆို နန့်တိန်းစစ်တပ်ဂိတ် ၊ နန့်ယား စစ်တပ်ဂိတ် ၊ မအူပင် စစ်တပ်ဂိတ် ၊ ကာမိုင်းမြို့အဝင် စုပေါင်း စစ်တပ်ဂိတ် ၊ ပြည်သူ့စစ်ဂိတ် ၊ အဖွဲ့ပေါင်းစုံဂိတ် ၊ လဝါး နဲ့ နမ္မတီး ကြားက ရှစ်မိုင်လမ်းခွဲ စစ်တပ်ဂိတ် ဆိုပြီး ခြောက်ဂိတ်တောင်ရှိတယ် ။ ကားတွေကို တားတယ် ။ စာရင်းဆင်းပေးခိုင်းတယ် ။ မှတ်ပုံတင်စစ်တယ် ။ ကားပေါ်က ခရီးသည်တွေကို ဟိုမေးဒီမေးမေးတယ် ၊ မကြာ ကြာအောင် လုပ်တယ် ။ မကြာချင်ရင် ကားသမားက ဆင်ပီး စာရင်းပေးကတည်းက တထောင်တန်တရွက်နဲ့ ဆင်ပီး စာရင်းပေးမှ မကြာတာ ။ မဟုတ်ရင် အကြာကြီး ရစ်နေတာ ။ ဒါက စစ်တပ်ရဲ့ ငွေဖန်နည်း ။ မပေးရင် ပေါ်တင် တောင်းတယ် ။
ဒါက ခရီးသည်တင်ကားတွေဆီက ကောက်တဲ့ငွေပမာဏ ။ ကုန်တင်ကား ၊ ဆီကား ၊ ယမ်းတင်လာတဲ့ကားဆိုရင် ငါးထောင်ကနေ တသောင်းအထက်မှာပဲ ရှိတယ် ။ ယမ်းတင်လာတဲ့ ကားဆိုရင် တစ်စီး ငါးသောင်းအထိ ကောက်တယ် ။ ယမ်းကားက တခါလာရင် အစီးရေ လေးငါးဆယ် လာတာ ။ ဖားကန့် ဖြစ်ကြီးနားလမ်းမှာ ကားမျိုးစုံ အတက်အဆင်း အနည်းဆုံး အစီးရေ ငါးရာရှိတယ် ။ စစ်တပ်ဂိတ် အသွား ခြောက်ဂိတ် ၊ အပြန် ခြောက်ဂိတ် ၊ ကားအစီးရေက အဆင်း ငါးရာ ၊ အတက် ငါးရာ စုစုပေါင်း အစီးရေ တစ်ထောင် ။ ကားတစ်စီး ကျပ်တစ်ထောင်နှုံး ။ ဂိတ်အားလုံးက အသွားအပြန် ၁၂ ဂိတ် ။ ကောက်ခံရတဲ့ငွေက အတက်ကားတွေကို ကောက်တာ ၃၀ သိန်းရမယ် ။ အဆင်းကားတွေကို ကောက်တာက ၃၀ သိန်းရမယ် ။ စုစုပေါင်း ဒီဂိတ်တွေက တရက် သိန်း ၆၀ ရမယ် ။ တလ သိန်းပေါင်း ၁၈၀၀ ရမယ် ။ ဒါက ကားအစီးရေနဲ့ ကောက်ခံငွေကို တဝက်နီးပါး လျှော့တွက်ထားတာ ။ တခြားအကြံအဖန်တွေ ဖြစ်တဲ့ ကျောက်မှောင်ခို ကယ်ရီ ၊ မူးယစ်ဆေးဝါးကယ်ရီ ၊ ကားဝစ်သောက် စတာတွေ က ကောက်တဲ့ ပိုက်ဆံ မပါသေးဘူး ။
ဖားကန့် ဝေခါ မိုးညှင်း လမ်းကြောမှာဆိုရင် ဝေခါ စစ်တပ်ဂိတ် ၊ ဆပ်ပြာချောင်း စစ်တပ်ဂိတ် ၊ ဝေလုံစစ်တပ်ဂိတ်၊ ညောင်ပင်စစ်တပ်ဂိတ် ၊ လုံးတုံ စစ်တပ်ဂိတ် ၊ ဟိုပင်အဝင် အမြောက်တပ် စစ်တပ်ဂိတ် ဆိုပီး ခြောက်ဂိတ်ရှိတယ် ။ ဒီဂိတ်တွေကတော့ မိုးတွင်းဆို လမ်းမပေါက်ဘူး ။ လေးလလောက် ကားမသွားဘူး ။ ပိုက်ဆံကောက်တာက ဖားကန့် မြစ်ကြီးနား လမ်းပေါ်က ဂိတ်တွေလိုပဲ အနည်းဆုံးတစ်ထောင်ပဲ ။ ပွင့်လင့်ရာသီဆိုရင် ဖားကန့် မန္တလေး ခရီးသည်တင်ကား ၊ ကုန်တင်ကား ၊လောင်စာဆီကားတွေအားလုံး ဒီလမ်းကိုပဲ အသုံးများကြတယ် ။ ဒီလမ်းကတော့ ကားအစီးအရေ အတက် ၂၅၀ ၊ အဆင်း ၂၅၀ စီလောက်ရှိတယ် ။ ဒီဘက်လမ်းကြောက ဂိတ်ခြောက်ဂိတ် အသွားအပြန် ၁၂ ဂိတ်ရဲ့ အတက်အဆင်း ကားအစီး ရေ ၅၀၀ ပေါ်က တရက်ကောက်ရငွေကို တွက်ကြည့်ရင် အတက်ဂိတ်ခြောက်ဂိတ်က ၁၅ သိန်း ၊ အဆင်းဂိတ် ခြောက်ဂိတ်က ၁၅ သိန်း စုစုပေါင်း တရက် သိန်း ၃၀ ။ တလ သိန်း ၉၀၀ ။ တခြားအကြံအဖန်တွေ ဖြစ်တဲ့ ကျောက်မှောင်ခို ကယ်ရီ ၊ မူးယစ်ဆေးဝါးကယ်ရီ ၊ ကားဝစ်သောက် စတာတွေ မပါသေးဘူး ။ အဲဒီလို ကောက်စားနေတာ ၂၀၁၂ စစ်ပြန်ဖြစ်ကတည်းကပဲ ။
ဒီလိုဂိတ်တွေက ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားကို ဗဟိုပြုပီး မြစ်ကြီးနား ဖားကန့် ၊ မြစ်ကြီးနား တနိုင်း ၊ မြစ်ကြီးနား ကန်ပိုင်တည် ၊ မြစ်ကြီးနား လွယ်ဂျယ် ၊ မြစ်ကြီးနား ဗန်းမော် စတဲ့ လမ်းကြောတွေမှာ လက်အောက်ခံတပ်ရင်း တပ်ဖွဲ့ တွေက တပ်ရင်းမှူး ၊ ဗျူဟာမှူး ၊ တပ်မမှူး စစတဲ့ စစ်တပ်က လူတွေရဲ့ ငွေရှာတဲ့ ငွေတွင်းတွေပါ ။ စစ်ဖြစ်လေ စစ်အသုံးစရိတ်တောင်းကောင်းလေပါ ။ တိုက်ပွဲဖြစ်အောင်က စောစောက ငွေရှာကောင်းတဲ့ တပ်ရင်းတပ်ဖွဲ့တွေက ကောင်တွေက တိုက်ပွဲ မဖြစ်ဖြစ်အောင်ဖန်တီးတာလား ၊ အဲယားကွန်းထဲက ကောင်တွေက မဖြစ်ဖြစ်အောင် အောက်က ကောင်တွေကို မြှောက်ပေးနေတာလားဆိုတာ ဒီကောင်တွေမှ သိမှာပါ ။ စစ်အသုံးစရိတ်ရရင် စစ်လက်နက်ပစ္စည်းအစုတ်ပလုတ်တွေ ချေးတင်ဝယ် အကြံအဖန်ထု ကိုယ်ကျိုးရှာကြပေါ့ ။ အလယ် အလတ်က လက်အောက်ငယ်သားလေးတွေကတော့ အထက်က လူကြီးတွေ ကိုယ်ကျိုးအတွက် အသက်ပေးရရှာတယ် ။ တိုက်ပွဲမှာ ဘယ်ဗျူဟာမှူး ၊ ဘယ်တပ်မမှူးမှလည်း သေတာမကြားဘူး ။ အောက်က အရာရှိတွေနဲ့ အကြပ် တပ်သားစစ်သည်တွေကို အမျိုးသားရေးဆိုတဲ့ လူဗြိန်းကြိုက် မှိုင်းတွေ တိုက်ပေးပြီး သေတွင်းထဲဆင်းခိုင်းနေတာ ။ KIA မှာလဲ ထိုနည်းလည်းကောင်းပါပဲ ။
ဒါက စစ်တပ်အကြောင်းပါ ။ KIA အကြောင်း အသေးစိပ်ရေးပြပါ့မယ် ။အဓိက ကချင်ပြည်နယ်မှာ စစ်မဖြစ်လို့ကို မရပါဘူး ။ ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ရှိနေပါတယ် ။ အဲဒီ ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ စစ်အုပ်စုနဲ့ KIA ခေါင်းဆောင်တွေရဲ့ အကျိုးအမြတ်တွေ ပါနေတယ် ။ တနည်းအားဖြင့် ကိုယ်ကျိုးရှာမှု လက်လွန်ခြေလွန် ဖြစ်ထားတာတွေ ရှိနေပါတယ် ။ ကျောက်စိမ်းအပါအဝင် တခြားသော ရင်းနှီး မြှုပ်နှံမှုတွေ အပေးအယူ လက်လွန်မှုတွေရှိနေပါတယ် ။ KIA ခေါင်းဆောင်တွေရဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ မြေကွက်တွေ ကချင်ပြည်နယ်တွင်းမှာ ဧက သန်းနဲ့ချီ ရှိတယ် ။ ဒါတွေကို ကြည့်ရင် စစ်တိုက်ပြီး ကိုယ်ကျိုးရှာနေတယ်ဆိုတာ ရှင်းရှင်းလေးပါ ။ စစ်တိုက်ရင် မငြိမ်းချမ်းဘူး ။ မငြိမ်းချမ်းရင် ဖားကန့်အပါအဝင် ကချင်ပြည်နယ်က သယံဇာတကို စိတ်ကြိုက်ခိုးလို့ရမယ် ။ အဖက်ဖက်က အဆင့်ဆင့်တွေ အကျိုးအမြတ်တွေရမယ် ။ ငြိမ်းချမ်းရေးဟာ သူတို့အတွက်က နားခါးတဲ့ စကားလုံးပါ ။ ငြိမ်းချမ်းရေး မမျှော်ပါနဲ့ ။ အပြစ်မဲ့ ပြည်သူတွေ ဆက်သေအုံးမှာပါ ။ မယုံရင်ကြည့်နေပါ ။
အပိုင်း (၁) ဖတ်ရန် Link - https://www.facebook.com/sai.s.tiger/posts/193728701438112
အပိုင်း (၃) ဆက်ရန် ....
ကိုယ်ကျိုးရှာ လူတစ်စုအတွက် အသက်အိုးအိမ်တွေ ရင်းနှီးမြှုပ်နှံခိုင်းနေတဲ့ စစ်ပွဲအတု... အပိုင်း ( ၃ )
ဖားကန့်အပါအဝင် တနိုင်ငံလုံးမှာ စစ်ပွဲကို ဖန်တီးနေတာ တရုတ်အစိုးရပါ ။ ဒီအထဲမှာ ကိုယ်ကျိုးစီးပွားတွေအတွက် လိုလိုလားလား စစ်တိုက်နေတာ လက်နက်ကိုင်ခေါင်းဆောင်တွေနဲ့ စစ်ခေါင်းဆောင်တွေပါ ။ အပိုင်း ၁ နဲ့ ၂ မှာ ပြောခဲ့သလို စစ်ဗိုလ်ချုပ်တွေနဲ့ တရုတ်ကျောထောက်နောက်ခံ ဝတို့ ၊ ကိုးကန့်တို့ ၊ ဒေါက်တာ ထွန်းကြည် အုပ်စုက အကျိုးအမြတ်တွေ ရနေပြီး KIA က မရဘူးလားလို့ မေးစရာဖြစ်လာပါတယ် ။ ဖားကန့်က KIA ရဲ့ ဝင်ငွေဟာ အစိုးရထက် အပြန်တထောင်သာပါတယ် ။ ဘာတွေလဲဆိုတာ ပြောပါ့မယ် ။
ဖားကန့်မှာ ကုမ္မဏီပေါင်း ရာချီရှိတယ် ။ ကုမ္မဏီအသေးလေးအဆင့်က KIA ကို တနှစ်လျှင် တရုတ်ယွမ်ငွေ သိန်းပေါင်း၂၀၀အနည်းဆုံးပေး ဆောင်ရတယ် ။ ဒါကသေးတဲ့ ကုမ္မဏီပါ ။ ကြီးတဲ့ကုမ္မဏီ ဘယ်လောက်ဆောင်ရမလဲ တွေးကြည့်ပေါ့ ။ အရင်က ကုမ္မဏီတွေ အခွန်ဆောင်ရင် တရုတ်ငွေနဲ့ တွက်ပြီး ဆောင်ရပါတယ်။ ဖားကန့်မှာ ဆောင်ချင်ရင် ဝကုမ္မဏီတွေ ဖြစ်တဲ့ မြန်မာတကောင်း ကုမ္မဏီ ရုံးခန်းမှာ သွားဆောင်ရပါတယ် ။ အခွန်ဆောင်ရတဲ့အပြင် မကြာခဏ အောက်ခြေအဆင့်ဆင့်က ငွေတောင်းတာတွေရှိပါတယ် ။နေပြည်တော် ကျောက်မျက်ပြွဲ အင်ပိုလီယန်မှာ ဘယ်ကုမ္မဏီက ဘယ်ကျောက်ရောင်းရတယ်ဆိုတာ ပွဲပီးတာနဲ့ KIA ဌာနချုပ်ကို စာရင်းရောက်နေပါပြီ ။ နေပြည်တော်ပြပွဲမှာ KIA တွေ ခြေချင်းလိမ်နေတာဟာ ထုံးစံပါ ။ ကုမ္မဏီတွေက ထွက်သမျှကျောက်စိမ်း ၊ တရုတ်ပြည် ခိုးထုတ်သမျှ ကျောက်စိမ်း စစ်တပ် ၊ ရဲ ၊ ကျောက်စိမ်းရုံး ၊ KIA မသိမရှိပါဘူး ။
ဖားကန့်မှာ KIA ဟာ တချိန်က လူထုလေးစားတာခံရပြီး အားအကိုးရဆုံး လက်နက်ကိုင်အဖွဲ့အစည်းပါ ။ ငွေလုံးဝမရှာတဲ့ အဖွဲ့အစည်းပါ ။ KIA ရဲ့ သေနတ်တချက်က တရားဥပဒေလဲ စိုးမိုးနိုင်သလို ကျောက်စိမ်းတောင်တွေကိုလဲ ကာကွယ်နိုင်ပါတယ် ။ လက်ရှိအခြေအနေကတော့ KIA ဆိုတာ ဒမြဂိုဏ်အကြီးစားအဆင့်ပဲ ရှိတော့တယ် ။ ပိုက်ဆံရှိတဲ့ စီးပွားရေးသမားတွေကို အဖွဲ့အစည်း နာမယ်သုံး သေနတ်ပြ ဒမြတိုက်နေသူတွေပါ ။ ကချင်ပြည်နယ် နေတဲ့လူတိုင်း KIA ကို အခွန်ဆောင်ရတယ် ။ စီးပွားရေးလုပ်ငန်းမှန်သမျှ ကွမ်းယာဆိုကအစ အခွန်ဆောင်ရတယ် ။ ကားဝယ်ထားရင် ကားခွန်ဆောင်ရတယ် ။ အိမ်ဝယ်ရင် အိမ်ခွန်ဆောင်ရတယ် ။ ဖားကန့်မှာဆို ကျောက်တလုံး ရောင်းတိုင်း ဝယ်တိုင်း အခွန်ဆယ်ရာခိုင်နှုံးဆောင်ရတယ် ။ ပြည်သူတစ်ဦးချင်း ကျောက်အရောင်းအဝယ်ဖြစ်တိုင်းဆယ်ရာခိုင်နှုန်းဆောင်ရတယ် ။ ကျောက်တစ်လုံးက ဘယ်လောက်အခွန်ဆောင်ထားပါစေ အရောင်းအဝယ်ဖြစ်တိုင်း အခွန်ဆယ်ရာခိုင်နှုန်း လိုက်ကောက်နေတယ် ။
ကျောက်ပေါ်မှာတင် အခွန်ကောက်တာ မဟုတ်ပဲ လောပန်းလာလုပ်တဲ့ လူတွေကိုလဲအခွန်ထပ်ကောက်သေးတယ် ။ သိန်ထောင်ကျောက်ဝယ်တဲ့ လောပန်းတွေဆိုရင်ရင် တနှစ်ကို လောပန်ခွန် သိန်းဆယ်ငွေကနေ ရာငွေဆောင်ခိုင်းတယ် ။ မဆောင်ရင် မှော်ထဲ မလာနဲ့ လာရင် ပစ်သတ်တယ် ။ ကျောက်အရောင်းအဝယ်ပွဲစားလုပ်တဲ့ သူတွေ ဆိုလဲ လောပန်းတွေလိုပဲ ပွဲစားခွန်ဆောင်ရတယ် ။
ရေမဆေးတွေဆီကလည်း ဒီအတိုင်းပဲ အခွန်ဆောင်ရတယ် ။ မြေစာပုံပေါ်ကရေမဆေးသမားတွေရတဲ့ ကျောက်ကိုကောင်းရင် KIA သေနတ်ပြပီး သီမ်းသွားတယ် ။ KIA သိန်းရင် ဗမာစစ်တပ်လဲ မပြောရဲ ၊ ရဲဆိုတာ ပိုဆိုးတယ် ။ မြေစာပုံပေါ်မှာ ဗမာစစ်တပ် ၊ရဲ နဲ့ KIA တွေ ရေမဆေးသမားတွေဆီက ကျောက်ကို အနိုင်ကျင့် ဝေစုထဲ့ လုပ်စားနေကြတာ ခုချိန်ထိပဲ ။
သိန်းစိန်အစိုးရတက်လို့ စစ်ပွဲ ပြဖြစ်တဲ့ နောက်ပိုင်း KIA ဟာ လုပ်စားတဲ့အဖွဲ့အစည်းဆိုတာ လူတိုင်းသိလာတယ် ။ လူသတ်တာတွေ စိပ်လာတယ် ။ အရင်စစ်ဆုံး စစ်တပ် ၊ ရဲ ၊ sb ၊ စစစ ၊ အစိုးရသတင်းပေးတွေအကုန်လုံးကို ခေါ်သွားပြီး kIA သတ်ပစ်တယ် ။ ဒီနောက် ကချင်အဖွဲ့အစည်းတွေနဲ့အဆင်မပြေတဲ့ အခြားတိုင်ရင်းသားတွေကို ပစ်သတ်တယ် ။ ဝေခါ က ရှမ်းနီလူမျိုး ကံဆက် ၊ ကောင်စံက ကျောက်အခွန်မဆောင်လို့ အိမ်ထဲမှာ ပစ်သတ်ခံရတဲ့ ထွန်းလင်း ၊ ကချင်တွေနဲ့ စကားများလို့ သတ်ခံရတဲ့ မှော်ရှန်က အမျိုးသမီး ရပ်ကွက်မှူး နန္ဒာလှိုင် ၊ ဆိုင်းတောင်က စစ်တပ်သတင်းပေး မောင်မျိုး ၊ နမ့်မဖြစ်က ရှမ်းနီလူမျိုး ကျောင်းဆရာ အောင်ဇင်ထွန်း ၊ ဆန်ခါရွာက ရှမ်းနီလူမျိုး NLD ခေါင်းဆောင် ကိုတိုး ၊ စပေါ့က စရဖ ကားမောင်းတဲ့ ညွှန်ဆွေ တော့အသက်မသေလိုက်ဘူး ။ ခုနောက်ဆုံး ဂိတ်မှူး ခင်စိုး အထိ ။ KIA သတ်တယ်ဆိုတာ တနယ်လုံး သိတယ် ။ KIA က ဒီလို လူတွေ ဆက်တိုက်သတ်လာတော့ ကချင်ဆိုရင် တနယ်လုံးက ကြောက်လာကြတယ် ။ကချင်မဟုတ်ရင် ကျေးရွာအုပ်ချုပ်ရေးမှူးတောင် သိပ်မလုပ်ရဲကြတော့ဘူ ။ဒီလို KiA က သတ်တာကို စစ်တပ်လဲ သိတယ် ရဲလဲ သိတယ် ဘယ်သူမှ မဖော်ထုတ်ဘူး ။ သူတို့အချင်းချင်းက ပေါင်းလုပ်စားနေကြတယ် ။ မင်းလဲ ငါ့ရန်မရှာနဲ့ လုပ်ချင်ရာလုပ် ၊ ငါလဲ မင်းရန်မရှာဘူး လုပ်ချင်ရာ လုပ်မယ် ။
ပြည်သူက မတရာလုပ်ခံရလဲ ဘယ်သူ့မှ မတိုင်ရဲကြဘူး ။ KIA တိုင်လဲ စစ်တပ်ဆီရောက်တယ် ။ စစ်တပ်တိုင်ရဲ KIA ဆီ ပြန်ရောက်တယ် ။ KIA ကလည်း ထင်သလို လုပ်လာတယ် ။ ဖားကန့်က တရားမဝင် လုပ်ငန်းတွေမှာ KIA နဲ့စစ်တပ်က အတူတူပါနေတယ် ။ လောင်းကစား လုပ်ငန်းတွေမှာ ကန်ထရိုက်ယူထားတဲ့ လူတွေက KIA ဆလန်ဂဘာ ၊ တိုက်နယ်မှူး ၊ ထောက်လှမ်းရေး တွေကို အကုန်ထည့်ပေးနေရတယ် ။ ဖားကန့်တနယ်လုံးက ငမန်းဂိမ်းဆိုင်အားလုံး KIA ရဲ့ လူတွေ ၊မကင်းရာမကင်းကြောင်းတွေ ဖွင့်ထားတယ် ။ မဖမ်းရဲဘူး ၊ ဟန်ပြပဲ ဖမ်းရဲတယ် ။ မူးယစ်ဆေးဝါးမှာဆိုလဲ KIA ရဲ့အမာခံတွေ ၊ ကချင်မတွေ အများဆုံးက ရောင်းနေကြတာ ။ စစ်ပွဲတကျော့ပြန်ဖြစ်တာ KIA ဝန်ထမ်းတွေ ၊ KIA နဲ့ ဆက်နွယ်တဲ့ လူတွေ စီးပွားအဖြစ်ဆုံးပဲ ။ ဒီလူတွေ ငြိမ်းချမ်းရေး ဘယ်တော့မှ လိုချင်ကြမှာ မဟုတ်ဘူး ။ ကိုယ့်လူမျိုးတွေ ဒုက္ခရောက်နေတာကို လုပ်စားရဲတာ KIA နဲ့ ကချင်တချို့ပဲ ရှိတယ် ။
KIA ကတိုက်နယ်မှူးတွေ၊ ဆလန်ဂဘာတွေ ဒုက္ခသည်အကြောင်းပြပီး လောပန်းတယောက်ကို ဆန်အိတ်ရာနဲ့ချီ အလှူခံတယ် ။ လောပန်းတယောက်ကို တရာဘိုး နှစ်ရာဘိုးပေးလိုက်ရတယ် ။ ဘယ်ဒုက္ခသည်စခန်းမှမရောက်ဘူး ။ အကုန်လုံး အိပ်ထဲ ထည့်တယ် ။ ဒါက လက်တွေမို့ပြောတာ ။ KIA တွေ မြို့ထဲ ရွာထဲမှာ ဆတ်ကြေးတွေ ကောက်နေတယ် ၊ စရဖတွေ sb တွေ သိတယ် ။ အားလုံးခွဲစားနေတယ် ။ ငမန်းဂိမ်းဆိုင်မာ စရဖ နဲ့ KIA အတူဘီယာထိုင်သောက်နေချိန်မှာ ဂိဒွန်မှာ အသေအကြေ ဆော်နေကြချိန်ဖြစ်နေတယ် ။ ဘယ်သူKIA ဆိုတာ စရဖ သိတယ် ။ SB သိတယ် ။ KIA ကလည်း သတင်းပေးမွေးပီး ငွေရှာနေတာ ။
ဗမာစစ်တပ်နဲ့ စစ်ပွဲ ဖြစ်တိုင်း ကချင်တွေ ဂေါင်းထောင်လာစမြဲ ။ ဗိုကျစမြဲပါ ။ လူမှုရေးအသင်းလိုလို ဘာသာရေး အသင်းလိုလို အလျှိုလျှို ပေါ်လာပါတယ် ။ ပက်ဂျိဆန် လို့ ဘိန်းတိုက်ဖျက်တာ ခေါင်းစဉ်ပြပီး ငွေရှာတဲ့အဖွဲ့တွေ ၊ ကချင်အမျိုးသား ကွန်ယက် ၊ မျိုးရှာဇလွန်း ၊ ဂရင်းလန်း ၊ ဒီအဖွဲ့တွေဟာ KIA ကို ဘက်ဂရောင်း ယူထားတဲ့အဖွဲ့တွေဆိုတာ ကချင်ပြည်နယ် နေသူတိုင်းသိတယ် ။ သူတို့နဲ့အဆင်မပြေတဲ့ လူတွေ အမည်မသိသေနတ်သမားက ပစ်သတ်သွားတာ ဘယ်သူလဲဆိုတာ အကုန်လုံးသိတယ် ။ ဒီအဖွဲ့အစည်းတွေကို ဦးဆောင်တာက ဘုရားကျောင်းက သင်းအုပ်ဆရာ ဖာသာတွေ ။ ဘုရားကျောင်းတွေက သူတို့ရုံးပဲ ။ ပက်ကျိဆန်က လမောင် လတောင်ဆိုတာ ဘိန်းဖျက်တာအကြောင်းပြပီး ငွေရှာနေတာပဲ ။ ဒေါ်ကိုင် ဖမ်းတုံးက လိုင်စင်မဲ့ ကားတွေ ဖျောင်ထားတယ် ။ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေ ယူချင်သလောက်ယူထားပီး မှ ရဲခေါ်တယ် ။ တခြားမူးယစ်ဆေးဝါးရောင်းတဲ့ လူတွေဆီမှာ လိုင်းကြေးကောက်စားလာတယ် ။ မူးယစ်ဆေးဝါး ဝင်ဖမ်းတဲ့အိမ်တွေက ကျောက်နဲ့အဖိုးတန် ပစ္စည်းတွေပျောက်တယ် ။ လမ်းမှာတွေ့တဲ့ ဖိုးသမားတွေကို လူမဆန်အောင် ရိုက်တယ် ။ အခု ဒုက္ခသည် တွေ အကြောင်းပြပီး မထည့်မနေရဆိုပီး ပိုက်ဆံတွေ လိုက်ကောက်နေပီ ။ ကချင်ဆိုတော့ မထည့်ချင်လဲ ထည့် ၊ ထည့်ချင်လည်းထည့်ပေါ့ ။ နောက်ဆုံးတော့ စစ်ပွဲဆိုတာ ရှိနေမှ စစ်တပ်နဲ့ KIA အပါအဝင် ကချင်အဖွဲ့အစည်းတွေ လုပ်စားပြီး ကြီးပွားချမ်းသာနေကြမယ်ဆိုတာ ကချင်ပြည်နယ်နေသူတိုင်း သိတယ် ။
Moe Zay Nyein.
80

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...