ပြည်တွင်းကုမ္ပဏီတစ်ခုကလည်း အဆိုပါမြေနေရာတွင် ရင်းနှီးမြှုပ်နှံလိုသဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံရှင်းလင်း
ပြည်တွင်းကုမ္ပဏီတစ်ခုကလည်း အဆိုပါမြေနေရာတွင် ရင်းနှီးမြှုပ်နှံလိုသဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံရှင်းလင်း =========================== ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် အမျိုးသားညီလာခံကျင်းပခဲ့သည့် အဆောက် အအုံနှင့်မြေဧရိယာကို မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် မကြာမီ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။ အဆိုပါ စီမံကိန်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နှင့် ကိုရီးယားအစိုးရပိုင် LH (Korea Land and Housing Corporation) ကော်ပိုရေးရှင်းကို ၂၀၁၇ ဇွန်လ ၁၆ ရက်က ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်းတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ နှစ်ဆန်းပိုင်းတွင် စတင်အကောင် အထည်ဖော်ရန် ခန့်မှန်းခဲ့သည်။ ဧက ၆၀၀ ကျော်ရှိ မြေဧရိယာတွင် အကောင်အထည်ဖော်မည့် စီမံကိန်းများ၌ စက်မှုလုပ်ငန်းဧရိယာ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာ၊ သင်တန်းကျောင်း၊ အိမ်ရာနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းက ယမန်နှစ်ဇွန်လက လွှတ်တော်တွင် ပြောကြား သည်။ ‘‘လုပ်တာက လ...