နိုင်ငံရေးဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခန့်အပ်ထားတဲ့ ၂၅
ရာခိုင်နှုန်းသော လွတ်တော်ကိုယ်စားလှယ်တွေနဲ့ ၀န်ကြီးဌာန (၃)ခုကို
အပိုင်ယူထားတဲ့ စစ်တပ်က တိုင်းပြည်နဲ့ပြည်သူအပေါ် ထင်ရာစိုင်းပီး
နိုင်ငံရေးအမြတ်ထုတ်နေတာတွေကို အမြဲတမ်း မြင်တွေ့နေရလို့လည်း
စိတ်ဓာတ်မကျပါနဲ့။ နိုင်ငံရဲ့ စီးပွားရေးအားလုံးကိုလည်း ဦးပိုင်နဲ့ဝမ်ပေါင် ပေါင်းပီး ၇၅ ရာခိုင်နှုန်း တရုတ်ကိုရောင်းစား ၊ ခရိုနီနဲ့ လက်သင့်ရာ ပေါင်းပီး ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကို တိုင်းပြည်နဲ့ပြည်သူ့မျက်နှာ မထောက် ခလောက်ဆံ ချုပ်ကိုင်နေတာတွေကို မြင်တွေ့နေရလို့လည်း စိတ်ဓာတ်မကျပါနဲ့။
ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်မယ်လို့ ပြောလိုက်တိုင်း ဖက်ဒရယ်ဆိုတာ
ခွဲထွက်ရေးပါဆိုပီး ၀ါဒဖြန့် ၊ ၂၁ ရာစုပင်လုံရဲ့ ၂၀၁၈ ခုနှစ်ဟာ
ငြိမ်းချမ်းရေးနှစ်လို့ ပြောလိုက်တာနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
ဒေသတွေပါမချန် စစ်ပွဲတွေ ဖန်တီးပြနေတာကို မြင်တွေ့နေရလို့လည်း
စိတ်ဓာတ်မကျပါနဲ့။
အာဏာရဲ့အရသာကို သိနေတော့ ၂၀၀၈ခုနှစ် စာအုပ်အစိမ်းကြီးကို စစ်တပ်က ဘယ်တော့မှပြင်မှာမဟုတ်ဘူး ၊ အစိုးရ တပ်နဲ့ပြည်သူဟာ ဘယ်တော့မှ တစ်သားတည်း မကျနိုင်တော့ဘူးဆိုပီး တွေးပီးတော့လည်း စိတ်ဓာတ်မကျပါနဲ့။
တရားဥပဒေ ဆိုတာကိုလည်း လက်နက်အားကိုးနဲ့ ငွေများတရားနိုင် အာဏာရှိတရားနိုင် သူလူကိုယ့်လူကြည့်ပီး ခုတစ်မျိုး တော်ကြာတစ်မျိုး သားရေပင်ဥပဒေလို တရားစီရင်ရေးကို လိုသလို အသုံးချနေတာကို မြင်တွေ့နေရလို့လည်း စိတ်ဓာတ်မကျပါနဲ့။
ပူပေါင်းဆောင်ရွက်ရမဲ့အစား အမြဲတမ်းကန့်လန့်တိုက် ရန်လိုနေတဲ့ အပြုအမူတွေကို မြင်တွေ့နေရလို့လည်း ဒီတစ်သက် ဘယ်တော့မှ ရင်ကြားစေ့လို့ရမှာ မဟုတ်ဘူးလို့တွေးပီး စိတ်ဓာတ်မကျပါနဲ့။
အရင်လိုပါဘဲ အပြစ်မရှိအပြစ်ရှာ ဖမ်းဆီး ပြည်သူပိုင်ပစ္စည်းကို ကိုယ်ပိုင်ပစ္စည်းလို သဘောထား လက်နက်အားကိုနဲ့ အာဏာရူးပီး တိုင်းပြည်နဲ့ပြည်သူကို ဒုက္ခပေးလို့ရတဲ့ဘက်က ပေးနေဆဲပါဘဲကွာ လို့တွေးပီးတော့လည်း စိတ်ဓာတ်မကျပါနဲ့။
ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းထဲမှာ ပြောသွားတဲ့ စကားတစ်ခွန်းကို သတိယလိုက်ပါ။
" ကျွန်တော်တို့ဟာ ဘာအလုပ်ပဲလုပ်လုပ် ပြီးတဲ့အထိ ၊ နောက်ဆုံးတစ်နေ့ ပြီးတဲ့အထိမယ် ၊ ရှုံးမယ်ထင်သည်ဖြစ်စေ ၊ နိုင်မယ်ထင်သည်ဖြစ်စေ၊ မလျော့တမ်းဇွဲနဲ့ ကျွန်တော်တို့သွားရမယ် "
နောက်ပီး အဆိုအမိန့်တစ်ခုမှာလည်း " ဒီကမ္ဘာကြီးမှာ မပြောင်းလဲတဲ့ နိယာမတစ်ခုဘဲရှိတယ် ၊ အဲဒါက ပြောင်းလဲခြင်း ဘဲတဲ့" အဲဒီလို အပြောင်းအလဲဆိုတာကိုလည်း ကပ်ကြီးသုံးပါး ကျတာကလွဲရင် ကျွန်တော်တို့ လူစွမ်းအားအရင်းအမြစ်တွေကဘဲ ဆောင်ရွက်နိုင်ပါတယ်။
အဲဒီတော့ အိုင်းစတိုင်းကြီးရဲ့ အဆိုအမိန့်အဆိုင်း ရှေ့ဆက်လှမ်း ကြရအောင်လား။
စိတ်ဓာတ်မကျပါနဲ့။ (fighting my friend)
#မင်းလက်သီး
🔖မောင်မာ(မုံရွာသား)

မှတ်ချက်ပေးရန်မျှဝေရန်

Comments
Post a Comment