Skip to main content

ပြည်တွင်းကုမ္ပဏီတစ်ခုကလည်း အဆိုပါမြေနေရာတွင် ရင်းနှီးမြှုပ်နှံလိုသဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံရှင်းလင်း

Moe Zaw ၏ ဓာတျပုံ ပြည်တွင်းကုမ္ပဏီတစ်ခုကလည်း အဆိုပါမြေနေရာတွင် ရင်းနှီးမြှုပ်နှံလိုသဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံရှင်းလင်း
===========================
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန် အမျိုးသားညီလာခံကျင်းပခဲ့သည့် အဆောက် အအုံနှင့်မြေဧရိယာကို မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် မကြာမီ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။
အဆိုပါ စီမံကိန်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နှင့် ကိုရီးယားအစိုးရပိုင် LH (Korea Land and Housing Corporation) ကော်ပိုရေးရှင်းကို ၂၀၁၇ ဇွန်လ ၁၆ ရက်က ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်းတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ နှစ်ဆန်းပိုင်းတွင် စတင်အကောင် အထည်ဖော်ရန် ခန့်မှန်းခဲ့သည်။

ဧက ၆၀၀ ကျော်ရှိ မြေဧရိယာတွင် အကောင်အထည်ဖော်မည့် စီမံကိန်းများ၌ စက်မှုလုပ်ငန်းဧရိယာ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာ၊ သင်တန်းကျောင်း၊ အိမ်ရာနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်လင်းက ယမန်နှစ်ဇွန်လက လွှတ်တော်တွင် ပြောကြား သည်။
‘‘လုပ်တာက လုပ်တော့မယ်။
ဘယ်နေ့လဲဆိုတာ မပြောနိုင်သေးတာ။
ဝန်ကြီးဌာနနဲ့ သဘောတူ
လက်မှတ်တော့ထိုးပြီး သွားပြီ’’ ဟု
ဆောက်လုပ်ရေးဝန်ကြီးဌာန
အမြဲတမ်းအတွင်းဝန် ဦးဇော်မင်းသိမ်းက
ပြောသည်။
အခြားသတင်းတစ်ရပ်တွင် အဆိုပါစီမံကိန်းနှင့် ပတ်သက်ပြီး Shin Saw Pu Withakar Co.,Ltd (ရှင်စောပုဝိသာခါ ကုမ္ပဏီ) တာဝန်ရှိသူများက အဆိုပါမြေနေရာ၌ ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းများကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ထံ လာရောက်ရှင်းလင်းတင်ပြခဲ့ကြောင်း ဝန်ကြီးချုပ်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြန်ထားသည်။
အဆိုပါ ကုမ္ပဏီကို ပြည်တွင်းလုပ်ငန်းရှင် အမျိုးသမီးနှစ်ဦးက ဒါရိုက်တာအဖြစ် ဆောင်ရွက်ပြီး ၂၀၁၆ မတ်လတွင် ကုမ္ပဏီလိုင်စင်ရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနစာရင်းတွင် ဖော်ပြထားသည်။
သို့သော် ယင်းစီမံကိန်းနှင့် ပတ်သက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ‘‘ကိုရီးယားကုမ္ပဏီဘက်က တွက်တာချက်တာလုပ်နေပါတယ်။ အစိုးရချင်းလုပ်တဲ့ စီမံကိန်းပါ။ ပြည်တွင်းက ကုမ္ပဏီတွေ မပါပါဘူး’’ ဟု ပြောသည်။
မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်းသည် ၂၀၁၃ မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်း ဆောင်ရွက် ရေးကော်မတီ သဘောတူညီချက်၏ နောက်ဆက်တွဲဖြစ်ကြောင်း ကိုရီးယား LH ကော်ပိုရေးရှင်းက ဆိုထားသည်။ အဆိုပါကော်မတီ ၏ သဘောတူညီချက်တွင် နှစ်နိုင်ငံကြား ကုန်သွယ်မှုပိုမိုချဲ့ထွင်ရန်၊ ကိုရီးယား ကုမ္ပဏီများ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံ စေရန်နှင့် စက်မှုဇုန်များ တိုးမြှင့်ရန် ပါဝင်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရန် အမျိုးသားညီလာခံကို ညောင်နှစ်ပင်တွင် ၁၉၉၃ က စတင်ပြုလုပ်ပြီး ယင်းအချိန် က ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ၁၅ ဒသမ ၂၄ ရာခိုင်နှုန်းသာ တက်ရောက်နိုင်ကာ အားလုံးပါဝင်သော ဆွေးနွေးပွဲတစ်ရပ် ဖြစ်မြောက်သည်အထိ စောင့်ဆိုင်းမည်ဆိုကာ ၁၉၉၆ နှစ်ဦးတွင် ညီလာခံရပ်နားခဲ့သည်။
Ref : 7Day News Journal
Ven Pinnyarvamsa
14.1.2018
http://7daydaily.com/story/117875
မှတ်ချက်ပေးရန်

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...