တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် H1N1 ရောဂါပိုးတွေ့ရှိရသူ ၃၀ အထိရှိလာ WHO မှ ကာကွယ်ဆေးနှင့် ကုသဆေးကူညီပေးမည်ဖြစ်ကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ပြောကြား
မြန်မာနိုင်ငံတွင် H1N1 ရောဂါပိုး တွေ့ ရှိမှုမှာ ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီအထိ စာရင်းများအရ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ၃၀ အထိရှိလာပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။ ထို့အတူ သေဆုံးသူမှာလည်း ခြောက်ဦးအထိ ရှိလာပြီဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။ “၁၉ ရက်၊ ၇ လ၊ ၂၀၁၇ ကနေပြီးတော့ ၂၇ ရက်၊ ၇ လ၊ ၂၀၁၇၊ မွန်းလွဲ ၂ နာရီအထိ ရရှိတဲ့ စာရင်းများအရ စီဆင်နယ်ပီဒီအမ် ၂၀၀၉ ရောဂါပိုး တွေ့ရှိသူပေါင်း ၃၀ ရှိပြီးတော့ မနေ့က သေဆုံးသူ သုံးဦး၊ ဒီနေ့သေဆုံးသူ သုံးဦး၊ စုစုပေါင်းခြောက်ဦး ဆုံးပါးတာကို တွေ့ရှိရပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဇူလိုင် ၂၇ ရက် ညနေပိုင်းက ပြောကြားသည်။ ရောဂါပိုးတွေ့ရှိရသူများမှာ ချင်းပြည်နယ် မတူပီတွင် ၁၀ ဦး၊ ပဲခူးဆေးရုံကြီးတွင် တစ်ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ၁၁ ဦး၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးတွင် တစ်ဦး၊ ရန်ကင်းကလေး အထူးကုဆေးရုံကြီးတွင် နှစ်ဦး၊ ရန်ကုန်ကလေးဆေးရုံကြီးတွင် နှစ်ဦး၊ သင်္ကန်းကျွန်း စံပြဆေးရုံကြီးတွင် နှစ်ဦး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးတ...