Skip to main content

ကမ္ဘာ ကျန်းမာရေး အဖွဲ့ကို အကူအညီ တောင်းပြီ❗️

ကမ္ဘာ ကျန်းမာရေး အဖွဲ့ကို အကူအညီ တောင်းပြီ❗️
==========================
နိုင်ငံတွင်း H1N1 တုတ်ကွေးရောဂါ ဖြစ်ပွားမှု ၂၀ ကို
အတည်ပြု ပေးနိုင်ခဲ့ပြီး ထိုအထဲမှာ ရောဂါရှင် ၆ ဦး
သေဆုံးခဲ့ရပြီးနောက် အစိုးရ မှ ကမ္ဘာကျန်းမာရေး အဖွဲ့ ကြီး WHO အား အကူအညီပေးပါရန် တရားဝင်
ပန်ကြား လိုက်ပြီ ဖြစ်ပါတယ်။

အဆိုပါ သတင်းကို ကျန်းမာရေး နဲ့ အားကစား ၀န်ကြီး
ဌာနမှ အတည်ပြုပြောကြားလိုက်ပြီး WHO ထံမှ ကာကွယ်ဆေး၊ ဆေးဝါး နဲ့ ကျန်ုမာရေး စောင့်ရှောက်ပေးမှု
အကူအညီများ ရရှိလိမ့်မယ်လို့ မျော်လင့်နေပါတယ်။
ဤမျတင် မကသေး တရုတ် နဲ့ အမေရိကန် အပါအ၀င် ကုလသမဂ္ဂ ကပါ အကူအညီများ ရယူသွားမယ်လို့
ပြည်သူကျန်းမာရေး ဌာနမှ လက်ထောက် ညွန်ကြား
ရေးမှုးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောကြား
လိုက်ပါတယ်။
ကာကွယ်ဆေး ရဲ ဟန့်တားနိုင်မှူ က ၆၀% ပဲ ရှိသေး
တဲ့ အပြင် ကာကွယ်ဆေး နဲ့ လိုအပ်တဲ့ ဆေးဝါး
များ ၀ယ်ယူဖို့ ကျန်းမာရေးဌာနမှ ဘတ်ဂျက်လုံလုံ
လောက်လောက် မရှိဖူးလို့ နေပြည်တော်မှ လာသော
သတင်းများအရ သိရတယ်လို့ ဧရာဝတီ သတင်းမှာ
ဖေါ်ပြထားပါတယ်။
တနင်္ဂနွေ မှာ ၀န်ကြီး ခေါ်ယူထားတဲ့ အစည်းအဝေး
ကနေ နိုင်ငံအနှံ့ ကာကွယ်ဆေး ထိုးရေး စီမံချက်
စတင်ရန် သင့်မသင့် ဆုံးဖြတ်သွားမယ်လို့ ဒေါက်တာ
သန်းထွန်းအောင်က ပြောပါတယ်။
လောလောဆယ် အနေနဲ့ ပြည်သူအများ အနေဖြင့်
ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားတဲ့
အကြံပေးချက်များကို တိတိကျကျ လိုက်နာပြီး လူစည်
ကားရာ အရပ်များ ကို တတ်နိုင်သမျ ရှောင်ရှားကြဖို့
လည်း ပြောသွားခဲ့ပါတယ်။
အဆိုပါ ရောဂါပိုးကို ၂၀၀၉ ခုနှစ်မှာ မက္ကဆီကို မှ
စတင် တွေ့ရှိခဲပြီး ၀က်များ တွင် တွေ့ရှိသော
ကြောင့်သာ အရပ်ခေါ် သဘောနဲ့ ၀က်တုတ်
ကွေး လို့ အမည်ပေးခဲ့ပေမယ့် ၀က်သားစားခြင်းဖြင့်
ရောဂါမကူးစက်နိုင်ပဲ လူအချင်း ထိတွေ့ဆက်ဆံမှု
နဲ့ လေထုထဲမှတဆင့် ကူးစက်နိုင်တယ်လို့
သိရပါတယ်။
အမေရိကန်ကို ကူးစက် ပျံ့နှံ့ လာတဲ့ အတွက် ၂၀၀၉ အောက်တိုဘာ ၂၄ မှာ အမေရိကန်သမ္မတ အို
ဘာမား က နိုင်ငံလုံးဆိုင်ရာ အရေးပေါ် အခြေအနေ ကြေငြာခဲ့ပါတယ်။
၂၀၀၉ နိုဝင်ဘာ ၁၄ ရက် WHO မှ ထုတ်ပြန်တဲ့
စာရင်းဇယားအရ အမေရိကန် လူမျိုး ၆ ဦး မှ တဦးနှုန်း
ရောဂါပိုး ကူးစက်ခဲ့ပြီး နှစ်သိန်း ခန့် ဆေးရုံတက်ကုသ
မှု ခံယူခဲ့ရကာ လူတသောင်းကျော် သေဆုံးခဲ့တယ်လို့
သိရပါတယ်။ (Los Angeles Times, December 13, 2009)
ဒီနေရာမှာ တခု စိတ်ဝင်စားဖို့ကောင်းတာက အမေရိကန် ရောဂါ ထိမ်းချူပ်ရေး ဌာန Center for Disease Control (CDC) က နှာခေါင်းစည်းများ (Mask) များ တပ်ဆင်ခြင်းကို အားမပေးဖူး ဆိုတာပဲ ဖြစ်ပါတယ်။ အကာအကွယ်မရှိတာထက် စာရင် ရှိထားတာ
ကောင်းတယ်လို့ ဆိုပေမယ့် Mask များ
တပ်ဆင်လာခြင်းကြောင့် လူအများ အနေ
နဲ့ သွားချင်ရာသွား လုပ်ချင်တာ လုပ်လို့ ရတယ်ဆိုတဲ့
false sense of security ၀င်လာနိုင်ပြီး mask မှာ ပါတဲ့ အပေါက်ကျင်း gap များ မှ တဆင့် အသက်ရှုရန်
လေ ရရှိနေသရွေ့ ရောဂါပိုး ကူးစက်နိုင်တယ်လို့ ဆို
ပါတယ်။ (Chicago Tribune, October 1, 2009)
အမေရိကန် ကျန်းမာရေး ဌာန ရဲ့ အဆိုအရ mask သည် ရောဂါပိုး ကူးစက်ခံထားရသူ သာ ၀တ်သင့်ပြီး အခြား
သူများထံ မကူးစက်စေရန် ကာကွယ်ပေးနိုငိပေမယ့်
ကူးစက်ခံရမည့်ဘေး မှ မူ ၀တ်သူ များကို အကာ
အကွယ် မပေးနိုင်ကြောင်း အောက်ပါအတိုင်း ရေး
သားခဲ့ပါတယ်။
"Masks are loose-fitting and designed to stop spread of droplets from the person wearing the mask — not to protect the wearer from the viruses."
အကောင်းဆုံး ကာကွယ်နည်းကတော့ အတတ်
နိုင်ဆုံး လူ စည်ကားတဲ့နေရာတွေ မသွားဖို့နဲ့ အရည်များများ သောက်ပြီး ပြည့်ပြည့်၀၀ အနားယူခြင်းသာ ဖြစ် တယ်လို့ ဆိုပါတယ်။
HSW

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...