Skip to main content

Posts

ဒေါ်စုရဲ့ ဆင်းဟတ် တော်ဝင်စစ်တက္ကသိုလ် မိန့်ခွန်း

ဒေါ်စုရဲ့ ဆင်းဟတ် တော်ဝင်စစ်တက္ကသိုလ် မိန့်ခွန်း ( အင်္ဂလန် )(ဘာသာပြန် - @Spring Flowers ) အစအဆုံး ဖြစ်ပါတယ.်။ ကျမ ဒီကိုလာတာ သင်ပေးဖို့ဆိုတာထက် သင်ယူဖို့ လာတာပါ ။ ပြည်သူတွေက လေးစားချစ်ခင်ပြီး အရည်အသွေးပြည့်ဝကျွမ်းကျင်တဲ့ စစ်တပ်တစ်ခု ဖြစ်ဖို့ ဘာတွေလိုအပ်သလဲဆိုတာကို ကျမ လေ့လာချင်လို့ပါ ။ ကျမတို့ မြန်မာ့တပ်မတော်ကို အဲဒီလို ( professional army ) မျိုး ဖြစ်စေချင်ပါတယ် ။ ( ၁၉၄၀ ) နှစ်များ အစောပိုင်းကာလမှာ ကျမရဲ့ ဖေဖေ တည်ထောင်ခဲ့တုန်းက ရည်ရွယ်ခဲ့တဲ့ army မျိုး ဖြစ်စေချင်ပါတယ် ။ တည်ထောင်တုန်းကတော့ အင်္ဂလိပ်တွေကို တော်လှန်ဖို့ ပေါ့လေ ( ရယ်သံများ ) ။ အင်္ဂလိပ်တွေကို သဘောမကျလို့တော့ မဟုတ်ပါဘူး ။ လွတ်လပ်ရေးကို ပိုပြီး သဘောကျ နှစ်သက်လို့ပါ ( ရယ်သံများ ) ။ လူတိုင်းမှာ လွတ်လပ်ခွင့်ရှိရမယ်လို့ ကျမယုံကြည်ပါတယ်...... ဒါကဘဲ လူသား ဆိုတဲ့အဓိပ္ပါယ် ပါဘဲ ။ ကိုယ်ဘယ်သူဆိုတဲ့ Identity ကို ပြဖို့ လွတ်လပ်ချင်ကြပါတယ် ။ ကိုယ်ယုံကြည်ရာကို လုပ်ဖို့ ကျမတို့ လွတ်လပ်ချင်ကြပါတယ် ။ ဥပဒေရှေ့မှောက်မှာ အားလုံး သာတူညီမျှရှိတဲ့ ကမ္ဘာကြီးတစ်ခုထဲမှာ နေနိုင်ဖို့ ကျမတို့ လွတ်လပ်ချင်ကြပါတယ် ။ ကျမဒီ Sandhurst တက္ကသိုလ်ကိုလာရ...

ကမ္ဘာကိုကိုင်လှုပ်ခဲ့သောသံမဏိနှင်းဆီ(သို့မဟုတ်) ဒေါ်အောင်ဆန်းစုကြည်

အမေစု ၊ အန်တီစု ၊ အဖွားစု ၊ လူထုခေါင်းဆောင် ၊ ဒီမိုကရေစီခေါင်းဆောင် စသဖြင့်ပြည်သူလူထုကချစ်ခင် မြတ်နိုး အားကိုးမှုနဲ့အတူ တန်ဘိုးထားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ပေးမှလှုပ်ရှားတတ်တဲ့ တစ်သွေး တစ်သံ တစ်မိန့်အောက်မှာ အထာကျနေပြီဖြစ်တဲ့ အာဏာရှင်အုပ်စုကတော့ စုကြည်တဲ့ ။ အသက်ငယ်မယ်ထင် ရတဲ့ စစ်ဗိုလ်ချုပ်တွေပါးစပ်ကတော့ ဒေါ်စုကြည် တဲ့ ။ အာဏာရှင်ဆိုသူများဟာ ပြည်သူနဲ့တစ်သား တည်းဖြစ်ဖို့ ဝေးလို့ ပြည်သူ့ဆန္ဒကိုလစ်လှူရှုတဲ့နေရာမှာ လူထု ခေါင်းဆောင်ရဲ့နံမည်အပေါ်မှာတောင် အဲ့ဒီလိုမခန့်လေးစား လုပ်ပြခဲ့ကြတယ် ပြည်သူပိုမုန်းတာပေါ့ သူတို့ခေတ်သတင်းစာ တွေသက်သေရှိပါတယ် ။ ဒီနေ့ဒီဆောင်းပါးကိုကျွန်မရေးနေတဲ့ နေ့စွဲက ၁၉.၆.၂၀၁၇ ။ တစ်နည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်၇၂နှစ်ပြည့် မွေးနေ့ပေါ့ ။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ NLD ပါတီဝင်တွေနဲ့ အတူပြည်သူ တွေပါဝင်ဆင်နွှဲ နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့အသက်၇၂ နှစ်ပြည့်မွေးနေ့ ။ ကိုယ့်နည်း ကိုယ့်ဟန်ကိုယ့်အစီ အစဉ်နဲ့ကျင်း ပပေးနေကြတဲ့ လူထုခေါင်းဆောင်ရဲ့မွေးနေ့ပွဲဟာ ကိုယ့်ခေါင်းဆောင်အပေါ်မှာထားတဲ့ပြည်သူလူထုရဲ့သဘော ထားပါပဲ ။ ယနေ့နိုင်ငံတော်...

အာဆီယံဒေသတွင်း IS အန္တရာယ် 23 June 2017

အိုင်အက်စ် စစ်သွေးကြွတွေကို ထောက်ခံ ပံ့ပိုးနေသူ တွေက မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေကို သူတို့ရဲ့ အရှေ့အာရှ နယ်မြေ အဖြစ် သတ်မှတ်ဖေါ်ပြကြကြောင်း အာရှဒေသက လာတဲ့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ S. Rajaratnam နိုင်ငံတကာရေးရာကျောင်းက ထုတ်ဝေတဲ့ စာစောင်မှာ Jasminder Singh ရဲ့ သုံးသပ် ရေးသားခဲ့တာကို လူမှုမီဒီယာတွေက ဒေသတွင်းနိုင်ငံတွေထဲက ဒီ ၂ နိုင်ငံမှာ နိုင်ငံခြားသား တိုက်ခိုက်ရေး သမားတွေ တိုက်ခိုက်လာဖို့အတွက် အားပေးရာ ရောက်နေတယ်လို့ ကွက်ပြီး ဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။ တခြား တိုက်ခိုက်နိုင်တဲ့ ဒေသတွင်းနိုင်ငံတွေ ထဲမှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းတောင်ပိုင်း၊ မြန်မာနဲ့ ဂျပန်နိုင်ငံတွေ ပါဝင်နေတာပါ။ လုံခြုံရေး ဆိုင်ရာ လေ့လာဆန်းစစ်သူတွေကလည်း အခုလို ဆိုရှယ်မီဒီယာတွေမှာ ပြန့်နှံ့နေမှုကနေ အရှေ့အလယ်ပိုင်း ဒေသကို သွားပြီး တိုက်ခိုက်ရေး မလုပ်နိုင်ကြတဲ့ တသီးပုဂ္ဂလ အစွန်းရောက်တွေအနေနဲ့ ဒေသတွင်းမှာ တိုက်ခိုက်မှုတွေ လုပ်ဖို့ အားပေးရာ ရောက်နေတယ်လို့ သုံးသပ်ကြပါတယ်။ ဒေသတွင်းမှာ အကြမ်းဖက်မှုတွေ တိုးလာနေတာမို့ စင်္ကာပူ နိုင်ငံက မကြာခင် နှစ်တွေ အတွင်းမှာပဲ အကြမ်းဖက် ခြိမ်းခြောက်မှု အန္တရ...

အားပျော့လာတဲ့ UNFC နဲ့ ငြိမ်းချမ်းရေးအလားအလာ 23 June 2017

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ထဲကနေ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တချို့ နုတ်ထွက်သွား တာကြောင့် မြန်မာနိုင်ငံရဲ့ အပစ်ရပ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့ UNFC ရဲ့ရပ်တည်ချက်တွေကို ပြန်လည်သုံးသပ်ဖို့ လိုပြီလို့ UNFC ခေါင်းဆောင်ဟောင်းတဦးက ပြောလိုက်ပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇွန်လ ၂၁ ရက်နေ့က စတင်ကျင်းပနေတဲ့ UNFC ဒုတိယအကြိမ် ညီလာခံမှာ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ကြီး တခုဖြစ်တဲ့ KIO ကချင်တပ်ဖွဲ့ နုတ်ထွက်သွားသလို၊ WNO ၀အမျိုးသားအဖွဲ့ချုပ်လည်း နုတ်ထွက်သွားကြတာပါ။ ဒီမတိုင်ခင် လွန်ခဲ့တဲ့၂နှစ် ၂၀၁၅ခုနှစ်ထဲမှာ တအာင်းပလောင် TNLA တပ်ဖွဲ့နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တို့ နုတ်ထွက်ခဲ့ပြီးဖြစ်ပါတယ်။ KNU ကရင်လက်နက်ကိုင်အဖွဲ့ဟာလည်း NCA မှာလက်မှတ် မထိုးခင်ကတည်းက သူတို့သဘောနဲ့သူတို့ နုတ်ထွက်ခဲ့ပါတယ်။ UNFC ထဲကနေ အခုလို လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေ တစစ နုတ်ထွက်သွားတာကြောင့် မြန်မာနိုင်ငံမှာ အပစ်ရပ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ဆိုရင် UNFC ထဲမှာကျန်နေတဲ့ အဖွဲ့တွေရဲ့ ချင့်ချိန်ဆ...

ရခိုင်မြောက်ပိုင်း အကြမ်းဖက် သင်တန်းကို ဘယ်သူတွေ ပို့ချတာလဲ 22 June 2017

ပြည်ပမှာ အကြမ်းဖက် သင်တန်း တက်ရောက် လာသူတွေက ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသထဲ သင်တန်းတွေ ပြန်ပေး နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးရဲ့ ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။ မေယုတောင်ကြောပေါ် အကြမ်းဖက် သင်တန်း အဖြစ် အသုံးချ နေတယ် ဆိုပြီး အာဏာပိုင်တွေက ယူဆထားတဲ့ ဥမင်လှိုဏ်ခေါင်း အပါအအဝင်၊ လူနေတဲနဲ့ ပစွည်း အသုံးဆောင်တွေကို အခု ရက်ပိုင်း အတွင်းကပဲ ရှာဖွေ ရှင်းလင်း နိုင်ခဲ့တယ်လို့ အစိုးရက ထုတ်ပြန် ထားပါတယ်။ အကြမ်းဖက် သင်တန်းဆင်းတွေက ထပ်မံ ဆင့်ပွားပို့ချတဲ့ အလားတူ သင်တန်းမျိုးတွေ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂ဝ၁၇ နှစဆန်းပိုင်း ကတည်းက စုဖွဲ့ လုပ်ဆောင် လာကြတယ် လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။ လက်နက်သင်တန်းမျိုးသာမက မိုင်းဗုံး လုပ်နည်းတွေပါ ပို့ချ ပေးနေတာကို စမ်းသပ် ဖောက်ခွဲကြရာကနေ သေဆုံးသူတွေ ရှိခဲ့တာကို ကြည့်ရင် သိနိုင်တယ်လို့လည်း အတိုင်ပင်ခံရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဆိုပါတယ်။ သင်တန်းတွေဟာ ပြည်ပနဲ့ ဆက်စပ်နေတယ်လို့ ဆိုပေမယ့် ဘယ်နိုင်ငံတွေလဲ ဆိုတဲ့ အသေးစိတ် အချက်အလက် မျိုးကိုတော့ ထုတ်ပြန် မပေးပဲ ဆက်လက် စုံစမ်း နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီလိ...

UNFC မှ ၄ ဖွဲ့ နှုတ်ထွက် 22 June 2017

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ တတိယနေ့ အစည်းအဝေးကနေ နှုတ်ထွက်ခွင့်တင်ထားတဲ့ ကေအိုင်အို အပါအဝင် အဖွဲ့ ၄ ဖွဲ့ကို နှုတ်ထွက်ခွင့်ပြုလိုက်ပါတယ်။ အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခွင့် စာတင်ထားတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ တအာန်းပလောင် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် MNDAA ကိုးကန့်နဲ့ ဝ အမျိုးသားအဖွဲ့ချုပ် WNO အဖွဲ့ ၄ဖွဲ့ကို နှုတ်ထွက်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့ကိုတော့ တက်ရောက်လာတဲ့ ညီလာခံ ကိုယ်စားလှယ်တွေက UNFC မှာ ဆက်လက်ရပ်တည်သွားဖို့ တောင်းဆိုခဲ့ကြပေမယ့် KIO ကိုယ်စားလှယ်တွေက သူတို့ဟာ မြောက်ပိုင်းအဖွဲ့နဲ့ ဆက်လက်ရပ်တည်သွားတော့မှာဖြစ်လို့ UNFC အဖွဲ့ကနေ နှုတ်ထွက်ကြောင်း ပြောဆိုပြီး UNFC အဖွဲ့နဲ့ ဆက်စပ်ဆောင်ရွက်နိုင်အောင် လေ့လာသူပုံစံမျိုးနဲ့ KIO အဖွဲ့ဝင် ဒေါက်တာ လဂျာနဲ့ ဗိုလ်မှူးကြီး လအောင်တို့ကို တာဝန်ပေးအပ်ထားမယ်လို့ သိရပါတယ်။ ဒီလိုနှုတ်ထွက်ခွင့်ပြုတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အလွတ်သဘော မေးမြန်းမှုကနေ သိရှိရတာဖြစ်...

ဘူးသီးတောင်မြို့နယ် တင်ဆက်ကျေးရွာ၌ မသင်္ကာသူ ၅ ဦးဖမ်းဆီးရမိ 22 June 2017

ဘူးသီးတောင်မြို့နယ် တင်ဆက်ကျေးရွာ၌ အကြမ်းဖက်သမားများ ဝင်ရောက်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန် ၂၁ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် ကျေးရွာ၏အနောက်ဘက် တောင်ကုန်း များပေါ်၌ လှည့်ကင်းဆောင်ရွက်စဉ် လုပ်သေနတ်ဟု ယူဆရသည့် စတီးပိုက် ကိုင်ဆောင် ထားသူတစ်ဦး၊ တုတ်၊ဓားကိုင်ဆောင်ထားသူ ၁၅ ဦးခန့် တွေ့ရှိသဖြင့် ရှင်းလင်းခဲ့ရာ အနောက်ဘက် မေယုတောင်ကြောပေါ်သို့ ထွက်ပြေးသွားခဲ့သည်။ ၎င်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တင်ဆက်ကျေးရွာအတွင်း ရှာဖွေရာ အကြမ်းဖက်သင်တန်းတက် ရောက်ပြီးသူနှင့် အမာခံဟုယူဆရသော မသင်္ကာသူ အဘူဆွေယော့ ၂၈ နှစ် ပါ ၅ ဦး အား ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်းသိရသည်။ (နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

တရုတ် အမိအရ ဖမ်းဆုပ်လိုက်တဲ့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်

မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီဖြစ်တဲ့ ပြည်တွင်းစစ် ကိုရပ်စဲပြီးငြိမ်းချမ်းရေး တည်ဆောက်ဖို့ရည်ရွယ်တဲ့ မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်နဲ့ လူမျိုးစုလက်နက်ကိုင်သူပုန် အဖွဲ့မျိုးစုံအကြား စီစဉ်ထားတဲ့ တွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ် အရ ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုဟာ ပြီးခဲ့တဲ့အပါတ်က နေပြည်တော်မှာ ကျင်းပပြီးစီးသွားပါပြီ။ စေ့စပ် သေချာစွာ ညှိနှိုင်းဆွေးနွေးကြတဲ့ ဒီဆွေးနွေးပွဲမှာ သိသာ ထင်ရှားတဲ့ အောင်နိုင်သူကတော့ တရုတ်ပါပဲ။ ဆွေးနွေးပွဲ မစခင် မြန်မာအာဏာပိုင်များက အပြင်းအထန် တောင်းဆိုထားတာ ရှိပါတယ်။ နိုင်ငံမြောက်ပိုင်း ပဋိပက္ခများ ပြွန်းတီးရာ ဒေသမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင် ခုနစ်ဖွဲ့ ထဲက သုံးဖွဲ့နဲ့ မဆွေးနွေးဘူး ဆိုတာပါ။ ဒီသုံးဖွဲ့ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စတင်ပြီးနောက်မှ လက်နက်စွဲကိုင်လာ ကြတဲ့အတွက် ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးညီလာခံကို ဖိတ်ကြားခံရတဲ့ အဖွဲ့ များဟာလည်း အဓိကကျတဲ့ နိုင်ငံရေးပြသနာများကို မဆွေးနွေးမီမှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) လို့ ခေါ်တဲ့ အသေးစိတ် သဘောတူညီချက်ကို လက်မှတ် ထိုးရမယ်လို့လဲ တောင်းဆိုပါတယ်။ ဒါပေမယ့်လည်း တရုတ်ဟာ...

ဟာရာကာ အယ်လ်ယာက် အကြမ်းဖက်အဖွဲ့မှ ဘဏ္ဍာရေးမှူးအား မောင်တောတွင် ဖမ်းမိ 22 June 2017

ဟာရာကာ အယ်လ်ယာက်ဟု အမည်ပေးထားသည့် ARSA အကြမ်းဖက် အဖွဲ့မှ ဘဏ္ဍာရေးမှူးအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ဇွန် ၂၀ ရက်နေ့က ဖမ်းမိခဲ့သည်ဟု သိရသည်။ မောင်တောမြို့နယ်မြောက်ပိုင်း လောင်းဒုံ ကင်းစခန်းမှူးဦးဆောင်သည့် နယ်ခြား စောင့်ရဲတပ်ဖွဲ့နှင် အမှတ် (၃၅၂) တပ်ရင်းမှ ပူးပေါင်း တပ်ဖွဲ့ နယ်မြေရှင်းလင်းရေး လုပ်စဉ် ဟာရာကာအယ်လ်ယာက် အဖွဲ့ဘဏ္ဍာရေးမှူးဖြစ်သူ လောင်းဒုံ ကျေးရွာ အုပ်စု ကျွန်းဂေါးင်းကျေးရွာ နေ မော်လဗီ ဂျီရာဘူရာတန် (၄၀)နှစ်(ဘ) အာဟာလာတုန် ၎င်းနေအိမ်တွင်ဇွန်လ ၂၀ ရက် ညဥ့် ၁၀ နာရီခန့်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါသည်။ နယ်မြေရှင်းလင်းရေး ပူးပေါင်းတပ်ဖွဲ့အား ရဲအုပ်ပြည်ဖြိုးအောင်၊ နယ်ခြားစောင့် တပ်ဖွဲ နှင့် ခမရ (၃၅၂) မှ ကျော်စွာဟိန်းဦးစီးသော ပူးပေါင်းတပ်ဖွဲ့ ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ၎င်း ဖမ်းဆီးရမိသောတရားခံအား ကြိမ်ချောင်း အမှတ် (၂၄) နယ်ခြားစောင့် ရဲစခန်းသို့ ခေါ်ဆောင်ပြီး ရဲလုပ်ထုံးလုပ်နည်းနှင့်အညီ လိုအပ်သော စစ်ဆေး မေးမြန်ခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။ (ARSA မှာ Arakan Rohingya Salvation Army ဖြစ်ပြီး ဟာရာကာ အယ်လ်ယာက်၏ အဓိပ္ပါယ်မှာ ရို ဟင်ဂျာကယ်တင်ရေးတပ်ဟု အမည်ရသည်ဟု သိရ...

အကြမ်းဖက်သမားများခိုအောင်နေသည့် ဂူတစ်ခုအား တပ်မတော်မှ ရှင်းလင်းစဉ် သုံးဦး သေဆုံး၊ ၎င်းတို့ခိုအောင်းရာလိုဏ်ဂူနှင့် လေ့ကျင့်ရေး သေနတ်များ၊ ရိက္ခာများဖမ်းမိ 21 June 2017

ယနေ့ နံနက် ပိုင်းက မောင်တောမြို့နယ်တောင်ပိုင်း ကင်းချောင်း ကျေးရွာ အထက်ပိုင်း မေယု တောင်ကြောတွင် အကြမ်းဖက်သမားများ ခိုအောင်းနေသည့် ဂူတစ်လုံးအား တပ်မတော်မှ ရှင်းလင်းရာ အကြမ်းဖက် သမားသုံးဦးသေဆုံးခဲ့ပြီး အကြမ်းဖက်အဖွဲ့၏ ဆက်စပ် ပစ္စည်း အများအပြားကို ဖမ်းမိခဲ့သည်ဟု အမည်မဖော်လိုသူ အစိုးရ တာဝန်ရှိ သူ တစ်ဦးက ပြောသည်။ ဖမ်းဆီးမိသည့် ပစ္စည်းများထဲတွင် လုပ်သေနတ် ၂ လက်၊ သစ်သား လေ့ကျင့်ရေး သေနတ် ၂၂ လက်၊ ပဲအိတ် ၁၁၀၊ ဆန် အိတ် ၅ အိတ်၊ ယမ်းမှုန့် နှင် ယမ်းကြိုးများကို သိမ်းဆည်း ရမိခဲ့သည်ဟု သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး လမ်းပြ အဖြစ် လိုက်ပါခဲ့သည် ကံသာယာ အထက်ကျေးရွာမှ မောင်*** က “ အဲဒီမှာ အခြေချစခန်း အခိုင်အမာ တည်ဆောက် ထားတဲ့ လိုဏ်ဂူ တစ်ခုကို တပ်မတော်နဲ့ နယ်ခြားစောင့် ပူးပေါင်း တပ်ဖွဲ့တို့ လိုက်လံရှင်းလင်းစဉ်မှာ တွေ့ရှိရပါတယ်။ အဲဒီဂူအထဲမှာ ပဲအိတ် ၁၁၀ နဲ့ ဆန်အိတ်အနည်းအငယ်ကို တွေ့ ရပါတယ်။ တိုက်ခိုက်လေ့ကျင့်ရေး လုပ်တဲ့ လက်နက်များတွေ့ရှိခဲ့ပါတယ်။ တိုက်ပွဲကတော့ သိပ်မပြင်းထန်ပါဘူး။ ဂူထဲကနေ ထွက်လာတဲ့ အကြမ်းဖက်သမားတစ်ယောက်ကို တပ်က ပစ်လိုက်တဲ့ အတွက် သေဆုံးသွားပါတယ်” ဟု ပြောကြားသည...