Skip to main content

Posts

ရှေ့နေဦးကိုနီကို လုပ်ကြံခဲ့တာဟာ ပုဂ္ဂိုလ်ရေး မုန်းတီးမှုကြောင့်လို့ ဆို

26 February 2017 03:58(+0630) (၁ နှစ် ခန့်က)  ပြည်ထဲရေး ဝန်ကြီးနဲ့ ရဲချုပ်တိုရဲ့ သတင်းစာ ရှင်းလင်းပွဲ ပြီးခဲ့တဲ့ ဇန္နဝါရီလ ၂၉ရက်နေ့တုန်းက ရန်ကုန် လေဆိပ်မှာ ရှေ့နေ ဦးကိုနီကို သေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့တာဟာ ပုဂ္ဂိုလ်ရေး မုန်းတီး မကြေနပ်မှု၊ မျိုးချစ်စိတ် အစွန်းရောက်မှုတွေကြောင့် ဖြစ်တယ် ဆိုပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးထိန်းသိမ်းထားသူ အဓိက တရားခံ ၃ဦးကို စစ်ဆေးမေးမြန်းနေတဲ့ အခြေအနေတွေကို ပြည်ထဲရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး အခုလို သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရှေ့နေ ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်ဖို့ ဦးဇေယျာဖြိုး၊ ဦးအောင်ဝင်းဇော် နဲ့ ဦးအောင်ဝင်းခိုင်တို့ဟာ တစ်နှစ်နီးပါး အကြာလောက်ကတည်းက ကြိုတင် ကြံစည်နေခဲ့တာ ဖြစ်ကြောင်း၊ ဒီလုပ်ကြံမှုကို ဦးဇေယျာဖြိုးကနေ ငွေပေးစေခိုင်းခဲ့ကြောင်းနဲ့ အဲဒီနောက်မှာ ဦးအောင်ဝင်းဇော်က တဆင့် ဦးအောင်ဝင်းခိုင်က လူသတ်သမားငှားပြီး အကောင်အထည် ဖော်ခဲ့တာ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တို့က ရှင်းလင်းပြောပြသွားခဲ့ပါတယ်။ ...

အစိုးရ၏ လုပ်ငန်းတာဝန်များအား ထိပါးလာမှုများကို တပ်မတော်မှ ကာကွယ်စောင့်ရှောက်မည်ဆိုသောအချက်ကို တပ်မတော်နေ့ဦးတည်ချက်တွင် ထည့်သွင်း

 နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်အရပ်ရပ်ကို ထိ ပါးလာမှုများကို တပ်မတော်မှ ကာကွယ်စောင့်ရှောက်ရေးဆို သည့်အချက်ကို မတ်လ ၂၇ရက် တွင် ကျရောက်မည့်

အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း (၁၊၂၊၃၊၄)

အင်းစိန်ထောင်အတွင်းမှ ဂန္တ၀င်လူမိုက်ကြီးများအကြောင်း အပိုင်း (၁) …………………………………………………………………………………………… ပြီးခဲ့တဲ့အပတ်ထုတ် တူမောရိုးဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင်အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြားရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င်လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြလိုက်ပါတယ်။

ရဲတပ်ဖွဲ့ကို ပြန်ပေးပါ 30 January 2017

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခင်ဗျား။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အား ပြည်သူလူထုသို့ ပြန်လည်ပေးအပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ထိုသို့ဆိုသဖြင့် ရဲတပ်ဖွဲ့အား ဗိုလ်ချုပ်မှူးကြီးမှ သိမ်းပိုက်ထားသည်ဟု မဆိုလိုပါ။ သို့သော် မြန်မာနိုင်ငံ၏ တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တပ်မတော်၏ ထိန်းချုပ်မှုအောက်သို့ ရောက်နေပါသည်။ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ)တို့သည် ပြည်ထဲရေးဝန်ကြီး၏ လက်အောက်ခံ ဖြစ်ပါသည်။ ပြည်ထဲရေးဝန်ကြီးကို ရွေးကောက်ခံ အစိုးရမှ ခန့်ထားခွင့် ရှိသည်မဟုတ်ဘဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ တိုက်ရိုက်ခန့်ထားသည့် တပ်မတော်အရာရှိပဲ ၀န်ကြီးဖြစ်ပါသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ စသုံးလုံး၊ အထွေထွေအုပ်ချုပ်ရေး စသော ဌာနများသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သော အစိုးရ၏ ထိန်းချုပ်မှုမှ သီးခြားကင်းလွတ်သလို ဖြစ်နေပါသည်။ မြန်မာနိုင်ငံ၏ အရေးပါအရာရောက်သော ဌာနများမှာ ပြည်ထဲရေးဝန်ကြီး၏ ထိန်းချုပ်မှုအောက်တွင် ရှိပါသည်။ တိုင်းပြည်ကို တကယ်အုပ်ချုပ်နေသည်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပါသ...

သူရဲခေါင်း ဦးကိုနီ

ငြိမ်းချမ်းရေး ရန်ပုံငွေဘီလျံနဲ့ချီ ရှိနေ

 ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတွက် အလှူခံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ အဆင်ပြေ ချောမွေ့စေရေး ငြိမ်းချမ်းရေး ရန်ပုံငွေသို့ ပြည်သူတွေ ထည့်ဝင်လှူဒါန်းကြဖို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနကနေ ကြေညာချက် ထုတ်ပြန်ခဲ့အပြီး သီတင်း နှစ်ပတ်အကြာမှာ လက်ခံရရှိတဲ့ အလှူငွေ ကျပ်ပေါင်း ဘီလျံနဲ့ချီ ရှိနေပြီလို့ သိရပါတယ်။

အပစ်ရပ်အဖွဲ့ ၈ဖွဲ့ ကိုယ်စား လှယ်တွေ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ တွေ့ဆုံ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ်အဖွဲ့ ၈ဖွဲ့ ကိုယ်စားလှယ်တွေ ဇန်နဝါရီလ ၂၃ ရက်နေ့က နေပြည်တော် က NRPC ရုံးမှာ တွေ့ဆုံနေစဉ်။ Photo: Myanmar State Counsellor Office/ Facebook မြန်မာနိုင်ငံမြောက်ပိုင်းက တိုက်ပွဲတွေအကြောင်း၊ ဒုတိယအကြိမ် ကျင်းပမယ့် ၂၁ ရာစုပင်လုံ ညီလာခံ အကြောင်းနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်တချို့ရဲ့ အမှု ကိစ္စတွေကို အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က

ရခိုင်အရေးဖြေရှင်းရေး အချိန်ကာလတခုပေးဖို့ ဒု ကာကွယ်ရေးဝန်ကြီး ပန်ကြား

ရခိုင်ပြည်နယ် အရေးကို ဖြေရှင်းဖို့ အတွက် မြန်မာ အစိုးရသစ်ကို အချိန်ကာလ တခုနဲ့ လုပ်သာကိုင်သာ အခြေအနေမျိုး ပေးပြီး ပံ့ပိုးထောက်ခံပေးဖို့ ဒုတိယ ကာကွယ်ရေး ၀န်ကြီးက တိုက်တွန်းပါတယ်။ အာရှ ပစိဖိတ် ဒေသတွင်းက ကာကွယ်ရေးဆိုင်ရာ အကြီးတန်း တာဝန်ရှိသူတွေ တက်ရောက်နေတဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ ဆွေးနွေးပွဲ အတွင်း နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာနရဲ့ ဆွေးနွေးပွဲမှာ

ဒုတိယအကျော့ ငြိမ်းညီလာခံအတွက် ပြင်ဆင်ဆွေးနွေး

၂၀၁၆ သြဂုတ်လတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ တွေ့ဆုံဆွေးနွေး (Myanmar State Counsellor Office) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ကိုယ်စားလှယ်တွေ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံ တနိုင်ငံလုံးငြိမ်းချမ်းရေး၊ အားလုံးပါဝင်ရေးနဲ့ လက်ရှိ ဖြစ်ပွားခဲ့တဲ့

၂၁ ရာစု ပင်လုံ မတိုင်ခင် ဝ နဲ့မိုင်းလား NCA လက်မှတ်ထိုးဖွယ်ရှိ

 ဒေါ်အောင်ဆန်း စုကြည်နဲ့ အပစ်ရပ် တိုင်းရင်းသား ခေါင်းဆောင်တွေ တွေ့ဆုံ ဖေဖော်ဝါရီလကုန် မတိုင်ခင် ကျင်းပမယ့် ၂၁ ရာစု ပင်လုံ မတိုင်ခင် ဝ နဲ့ မိုင်းလား အဖွဲ့တို့ NCA စာချုပ် မှာ လက်မှတ် ရေးထိုး လာနိုင်ခြေ ရှိတယ် လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စု ကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံခဲ့တဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ PNO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။