Skip to main content

Posts

ပည်ထောင်စု အင်္ဂါစဉ်သစ်အပေါ် အမြင်တချို့

နိုင်ငံတော် အာဏာထိပ်ပိုင်းမှာ တာဝန်ယူထားသူတွေရဲ့ ရာထူးအစဉ် အလိုက် ဖေါ်ပြထားတဲ့ ပြည်ထောင်စုအင်္ဂါစဉ်ကို မနေ့က နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်လိုက်ပါတယ်။ ဒီထုတ်ပြန်ချက်အရ သမ္မတ ဦးထင်ကျော်က နံပါတ် (၁) အဲဒီနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နံပါတ် (၂) ပြီးမှ ဒုသမ္မတ နှစ်ဦးက အစဉ်လိုက်ရှိနေပါတယ်။ ထူးခြားချက်အနေနဲ့ ကာကွယ်ရေး ဦးစီးချုပ်က နံပါတ်(၈)နေရာမှာ ရှိနေတာဖြစ်ပါတယ်။ ပြည်ထောင်စု အင်္ဂါစဉ်ကြောင့် စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကြား ယုံကြည်မှု တည်ဆောက်ရေး ထိခိုက်စေမလား။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြ

ငြိမ်းချမ်းရေး ညီလာခံ မတိုင်ခင် အပစ်ရပ်ကြဖို့ လိုလား

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကနေ ၂၁ ရာစု ပင်လုံညီလာခံ ကို တလ၊ နှစ်လအတွင်း ကျင်းပနိုင်ဖို့ ဧပြီလ(၂၇)ရက်နေ့ ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အစည်းအဝေးမှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၁ရာစု ပင်လုံညီလာခံပြုလုပ်နိုင်ရေး ပြောဆိုချက်အပေါ် တိုင်းရင်းသားခေါင်းဆောင်တွေက အမြင်သဘောထား ဘယ်လိုရှိနေပါသလဲဆိုတာ ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလို ဆက်သွယ်မေးမြန်းပြီးသတင်းပေးပို့ထားပါတယ်။ ၂၁ရာစု ပင်လုံညီလာခံဟာ တိုင်းရင်းသားတွေအားလုံး မျှော်လင့်နေ

NLD အစိုးရသစ်လက်ထက် သစ်ထုတ်လုပ်မှု ၁ နှစ် ရပ်ဆိုင်းမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသစ်လက်ထက်တွင် သစ်ထုတ်လုပ်ခြင်းကို တနှစ် လုံးဝ ရပ်ဆိုင်းသွားမည် ဖြစ် ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက ပြောသည်။ “၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် သစ်တွေလည်း တနှစ်စာလောက် ရှိသေးတယ် တန် ၄ ၊ ၅ သိန်းလောက်ပေါ့။ ဒါကြောင့် ဒီနှစ်ကို လုံးဝ မထုတ်တော့ပါဘူး။ ကျတော်တို့ဌာန အနေနဲ့ ဆုံးဖြတ်တာ။ အစိုးရအဖွဲ့ကို တင်ပြရဦးမယ်။ အခုလို ရပ်လိုက် တဲ့ အရသာကို ကြိုက်လို့ မထုတ်နဲ့ သစ်တောတွေကို ထိန်းဆိုရင်လည်း ထိန်းသွားမယ်ပေါ့။ ရပ်ဆိုင်းပြီး နောက်ပိုင်း ကိုတော့ မသိဘူးပေါ့”ဟု ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက ပြောသည်။ ယခင် အစိုးရလက်ထက် နိုင်ငံတော်၏ လိုအပ်ချက် များခဲ့ခြင်းကြောင့် နိုင်ငံခြားငွေရှာဖွေပေးနိုင်ရန် သစ်ထုတ်လုပ် ခြင်းဖြင့် ၀င်ငွေရှာ

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် ၁ သိန်းကျော် ပြန်ပို့ရန် ပြင်ဆင်

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ရှိ ဒုက္ခသည်စခန်း ၃ ခုမှ  ဒုက္ခသည်ပေါင်း တစ်သိန်းကျော်ကို နေရင်းမြန်မာနိုင်ငံကို ပြန်ပို့ဖို့ ပြင်ဆင်နေတယ်လို့ တာ့ခ်ခရိုင်မှ ဒုခရိုင်ဝန်ရဲ့အပြောကို ကိုးကားပြီး INN အိုင်အန်အန်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဧပြီ ၂၇ ရက်က တာ့ခ်ခရိုင် မဲဆောက်မြို့နယ် အထူးစီးပွားရေးဇုန်ခန်းမမှာ ကျင်းပတဲ့ ဒုက္ခသည်များဆိုင်ရာ အစည်းအဝေးအပြီး တာ့ခ် ဒုခရိုင်ဝန် နိုင်းဆုထဒ် ဆိုင်းဝမ်းချိုင်းက သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးသမားများကို ဖိနှိပ်တဲ့ ဥပဒေများ ဖျက်သိမ်းတော့မည်

၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေ နဲ့ နိုင်ငံတော် အားနှောက်ယှက် ဖျက်ဆီး လိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေတွေကို ရုပ်သိမ်းဖို့ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ပြင်ဆင်နေပါပြီ။ ဒီဥပဒေတွေဟာ လက်ရှိဒီမိုကရေစီစနစ်နဲ့လည်း ကိုက်ညီမှုမရှိပဲ ၊ ရုပ်သိမ်း ဖို့ ပြင်ဆင်နေတဲ့ အပေါ်မှာ နိုင်ငံရေးခေါင်းဆောင်အသီးသီးကလည်း ကြိုဆိုလိုက်ပါတယ်။

ကမ္ဘာ့သြဇာကြီးမားသူတွေထဲ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆဲ

ဒေါ်အောင်ဆန်းစုကြည်ဟာ သန်း ၅၀ ကျော် မြန်မာလူထုအတွက်သာမက ကမ္ဘာတ၀န်းက သန်းပေါင်းများစွာသော လူတွေအတွက် တရားမျှတမှုရဲ့ မျှော်လင့်ချက်မီးရှူးတန်ဆောင် တခုအဖြစ် အခုဆိုရင် ဘယ်တုန်းကနဲ့မှမတူတဲ့ အနေအထားနဲ့ ဆက်ရှိနေဆဲပါ လို့ အမေရိကန်သမ္မတ အိုဘားမားက ချီးကျူး ရေးသားလိုက်ပါတယ်။

ရိုဟင်ဂျာလို့ သုံးနှုန်းသည့်အပေါ် အမေရိကန်သံရုံးကို ဆန္ဒပြ

အမေရိကန်သံရုံးက ဘင်္ဂလီတွေကို ရိုဟင်ဂျာလူမျိုးဆိုပြီး ကြေညာချက်ထုတ်ပြန်ခဲ့တဲ့အပေါ် မကျေနပ်တဲ့အတွက် ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးရှေ့မှာ ဒီနေ့ နေ့လယ်က ဆန္ဒပြပွဲ ဖြစ်ပွားခဲ့ပါတယ်။ အစိုးရအဖွဲ့က အမေရိကန်သံရုံးရှေ့အစား ဗိုလ်စိန်မှန်ကွင်းမှာ ခွင့်ပြုခဲ့ပေမယ့် မျိုးချစ်အမျိုးသားကွန်ရက်အဖွဲ့က သံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့တာဟာ ငြိမ်းစုစီ ပုဒ်မနဲ့ ငြိစွန်းတာကြောင့် ဥပဒေအရ ဆက်လက်အရေးယူမယ့်လို့ အနောက်ပိုင်းခရိုင် ဒုရဲမှူးကြီးက ပြောပါတယ်။ (ဓာတ်ပုံ – လေးလေးမွန်)

ရပ်ကျေး အုပ်ချုပ်ရေးမှူးများ ပြန်ရွေးရန် သမ္မတရုံးက ပြည်ထဲရေးကို အကြောင်းကြား.....

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်ခန့်အပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် တဲ့ နိုင်ငံတော်သမ္မတရုံးက ပြည်ထဲရေးဝန်ကြီးဌာနကို အကြောင်းကြားပါတယ်။

်ဒေါ်အောင်ဆန်းစုကြည်အား စိုးရွံ့နေကြသော အာဆီယံ ဝန်ကြီးများ

ဒီအရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အား ထိုင်းသတင်းစာမှ အာဆီယံနှင့် ပါတ်သက်၍ အချက် (၁၀) ချက် သတိထားရမည်ဟု ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အခုလာမယ့် ဇွန်လိုင်လမှာ လာအိုနိုင်ငံ ဗီယင်ကျန်းမှာ ပြုလုပ်ရန်ရှိတဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အစည်းအဝေး တက်ရန်ရှိတဲ့ အရေးကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက ကျောင်းအုပ်ဆရာအသစ် ပြောင်းလာမှာကို မိမိတို့နဲ့ အဆင်ပြေပါ့၊ ပြေပါ့မလား စိုးရွံ့နေကြတဲ့ ကျောင်းဆရာ၊ ဆရာမ တွေလို ဖြစ်နေပါတယ်။ ဒီအတွက် ထိုင်းသတင်းစာ The Nation မှ ထိပ်တန်း ဆောင်းပါးရှင် Kavi Chongkittavon က အခုလို သတိပေး ရေးသားထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အရှိန်အဝါဟာ ပြည်ပမှာ နည်းနည်းနောနော မဟုတ်ဘူးဆိုတာ ဖတ်ကြည့်ရင်

ဦးရွှေမန်း ဗိုလ်သင်တန်းဆင်းပွဲ သို့ ရည်ရွယ်ရေးသားတဲ့ မေတ္တာမွန်စာလွှာ

ဦးရွှေမန်း ဗိုလ်သင်တန်းဆင်းပွဲ သို့ ရည်ရွယ်ရေးသားတဲ့ မေတ္တာမွန်စာလွှာနဲ့ ပတ်သက်ပြီး အဲဒီ စာပါ စာသားတွေ ဟာ တပ်မတော်ပြိုကွဲရေး ကို ဦးတည် တဲ့သဘောရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ထုတ်ပြန်ကြေညာထားပါတယ်။ ဦးရွှေမန်းရဲ့ စာထဲမှာ ညီနောင်များ ကွင်းစကွင်းပိတ်နဲ့အမေ့သား ဆိုတာ ဟာ စစ်တက္ကသိုလ်ကျောင်းဆင်းတွေ ကို ရည်ရွယ်ထားပြီး ဒါဟာ လက်ရှိ တပ်မတော်အရာရှိ အတွင်းမှာ ကော အငြိမ်းစား တပ်မတော်အရာရှိ တွေ ကို ကော တပ်မတော်သား အားလုံးအတွက်သွေးကွဲစရာ ဖြစ်တယ်လို့ စစ်တပ်ရဲ့တုံ့ပြန်ချက်မှာ ရေး သားထားပါတယ်။ ဦးရွှေမန်းရဲ့ အဲဒီစာထဲမှာ ငါ့တို့သည်နိုင်ငံတော်နှင့်နိုင်ငံသားများရဲ့ သစ္စာကို စောင့်သိရိုသေပါမည်ဟု သစ္စာပြုထား သူများဖြစ်သည် လို့ ရေးထားတဲ့ စာသားတွေ လည်း ပါဝင်ပါတယ်။ ဓာတ်ပုံ - Reuters