ကချင်ပြည်နယ်အစိုးရကို ဗမာနိုင်ငံရေးအင်အားစုတွေမပါဘဲ ဖွဲ့စည်းမယ်လို့ (KNO) ထုတ်ပြန် 2021-06-03 ပုံနှိပ်ပါ ရှယ်ပါ မှတ်ချက်ပေးပါ အီးမေးလ်ပို့ရန် ၆၉ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ၂၀၁၇ ဇန်နဝါရီ ၁၀ ရက်နေ့က တွေ့ရစဉ် Photo: RFA ကချင်ပြည်နယ်အစိုးရကို မည်သည့်ဗမာ့နိုင်ငံရေး အဖွဲ့အစည်းနဲ့ ဗမာ့နိုင်ငံရေးအင်အားစုတွေရဲ့ ဦးဆောင်မှု အောက်ကဖြစ်ဖြစ် လက်တွဲပြီးဖြစ်ဖြစ် ဖွဲ့စည်းပေးဖို့မလိုဘဲ၊ ကချင်ပြည်သူလူထုနဲ့ ကချင်နိုင်ငံရေးအဖွဲ့ အစည်းတွေအကြားမှာပဲ လွတ်လပ်စွာဆွေးနွေးတိုင်ပင်ပြီး ဖွဲ့စည်းမယ်လို့ ကချင်အမျိုးသားအစည်းအရုံး (KNO) က မေ ၃၁ ရက် ရက်စွဲနဲ့ မနေ့က ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Kachin Political Interim Coordination Team (KPICT) နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)တို့ကြား မေလ ၂၇ ရက်နေ့ကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ၊ နှစ်ဖက်သဘောတူညီချက်နဲ့ ကချင်ဒေသ အစိုးရဖွဲ့စည်းဖို့ လုပ်ဆောင်လာတာဟာ မလုပ်သင့်တဲ့အရာဖြစ်တယ်လို့ KNO ရဲ့ ကြေညာချက် မှာပါရှိပါတယ်။ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ခေါင်းဆောင်တစ်ယောက်၊ နှစ်ယောက်ရဲ့ တာဝန်ပေးခြင်းခံရသူတွေက ကချင် တစ်မျိုးသားလုံးကို ကိုယ်စားပြု