By
burmaaffairs
သံအမတ်ကြီး ဦးကျော်မိုးထွန်း အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ရှိနေဆဲဟု #ကုလသမဂ္ဂ ပြော
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တရားဝင် ဆက်ရှိနေဆဲပဲလို့ ကုလသမဂ္ဂ ပြောခွင့်ရသူ စတက်ဖ်နီ ဒူဂျာရစ်က ပြောပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂဟာ အာဏာသိမ်း စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ အစိုးရသစ်လို့ တရားဝင် အသိအမှတ် မပြုထားတဲ့အပြင် အပြောင်းအလဲဆိုင်ရာ ဘယ်လို တရားဝင် အကြောင်းကြားစာမှ မရသးတဲ့ အတွက် ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ် အဖြစ်အခုလည်း ဆက်ရှိနေဆဲပဲလို့ ကုလသမဂ္ဂ ပြောခွင့်ရသူ စတက်ဖ်နီ ဒူဂျာရစ်က ပြောကြားလိုက်တာဖြစ်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ နိုင်ငံဝန်ထမ်းဥပဒေကို ဖောက်ဖျက်ကျူးလွန်ကြောင်းတွေ့ရှိတဲ့အတွက် ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်လိုက်ကြောင်း မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီ ၂၇ ရက်မှာ ကြေညာခဲ့ပါတယ်။
ကုလသမဂ္ဂအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ထုတ်ပယ်လိုက်တယ် ကြေညာခဲ့ပေမယ့် သူကတော့ စွမ်းသလောက် ပြန်တိုက်မယ်လို့ ရိုက်တာသတင်း ဌာနကို ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ခရစ်စတင်းဘာဂီနာကလည်း မြန်မာအာဏာသိမ်းစစ်ကောင်စီကို ဘယ်နိုင်ငံကမှ တရားဝင် အသိအမှတ်မပြုသင့်ဘူးလို့ နိုင်ငံပေါင်း ၁၉၃ နိုင်ငံ အဖွဲ့ဝင်အဖြစ်ပါရှိတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောကြား ထားပါတယ်။
DVB
၆၂ဥကၠၠာ စၾကၤာ၊ AyeKyaw Thu နှင့် အခြား ၆၀ ဦး
မျှဝေသူ ၄ ဦး
ကြိုက်
မှတ်ချက်ပေးရန်
မျှဝေမယ်
မှတ်ချက်များ
ပြည်သူတစ်ယောက် အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စစ်တပ်အား ယနေ့မှစပြီး ကမ္ဘာမှာ အဆိုးရွားဆုံး အဆင့်အတန်း အမဲ့ဆုံးသော လက်နက်ကိုင်အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေငြာလိုက်သည်။
As a citizen of #Myanmar, I declare
- Get link
- X
- Other Apps
Labels
နိုင်ငံခြားသတင်း
Labels:
နိုင်ငံခြားသတင်း
- Get link
- X
- Other Apps

Comments
Post a Comment