Skip to main content

မြန်မာ့ဒီမိုကရေစီအရေးအတွက် အရေးယူဖို့တုန့်နှေးနေတဲ့ နိုင်ငံတကာကို လှုပ်နိုးလိုက်သူ ၂၁ ရာစု သူရဲကောင်း ကုလ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း UNGA မိန့်ခွန်းအပြည့်အစုံ

 မြန်မာ့ဒီမိုကရေစီအရေးအတွက် အရေးယူဖို့တုန့်နှေးနေတဲ့ နိုင်ငံတကာကို လှုပ်နိုးလိုက်သူ ၂၁ ရာစု သူရဲကောင်း ကုလ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း UNGA မိန့်ခွန်းအပြည့်အစုံ

=======================
သဘာပတိကြီးခင်ဗျား
အထူးကိုယ်စားလှယ် Christine Schraner Burgener ရဲ့ ပြည့်စုံတဲ့ ရှင်းလင်းတင်ပြချက်နဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဆက်လက်ထောက်ခံ ပြောဆိုသွားတာတွေအပေါ် ကျေးဇူးတင်ပါတယ်။
ကျနော့်အနေနဲ့ မြန်မာလူထုကရွေးချယ်ထားတဲ့ NLD ဦးဆောင်တဲ့ အရပ်သားအစိုးရကို ကိုယ်စားပြုသွားမယ်ဆိုတာကို ကနဦးအားဖြင့် တင်ပြလိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးပြီးချင်းမှာပဲ ဖေဖော်ဝါရီလ ၅ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ဖွဲ့စည်းခဲ့ပါတယ်။ မကြာသေးခင်က ကျင်းပခဲ့တဲ့ လွတ်လပ်ပြီးမျှတဲ့ ရွေးကောက်ပွဲကနေ မြန်မာလူထုက ဒီမိုကရေစီနည်းကျရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းခဲ့တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။
သဘာပတိကြီးခင်ဗျား၊
ဒီ CRPH က ပေးပို့လိုက်တဲ့ စာကို အခု ဒီအစည်အးဝေးကြီးမှာ ဖတ်ကြားလိုပါတယ်။
(CPRH ကြေညာချက်)
သဘာပတိကြီးခင်ဗျား
" ဒီမိုကရေစီဖွံ့ဖြိုးစ မြန်မာနိုင်ငံမှာ လွတ်လပ်ပြီးမျှတတဲ့ အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့ပြီး၊ ဒါဟာ သမိုင်းမှာ အထင်ကရလည်းရှိခဲ့ပါတယ်။ မြန်မာလူထုဟာ ရွေးကောက်ပွဲမှာ သူတို့မဲပြားတွေကတဆင့် ဒီမိုကရေစီလိုလား ထက်သန်မှုတွေကို ပြသခဲ့ပြီးပါပြီ။ ဒီမိုကရေစီ စံနှုန်း စံထားတွေ ပြည့်ဝတဲ့နိုင်ငံ၊ ငြိမ်းချမ်းရေးကို မြတ်နိုးသူတိုင်း တိုင်းပြည်ထူထောင်ရေးမှာ ပါဝင်နိုင်တဲ့ နိုင်ငံ အဖြစ် တည်ဆောက်လိုတယ်ဆိုတဲ့ ဆန္ဒကို သူတို့ပြသခဲ့ပါပြီ။ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရခဲ့ပါတယ်။ ဒီမိုကရေစီစံနှုန်းတွေအရ ငြိမ်းချမ်းပြီး အလားအလာကောင်းမွန်တဲ့ တိုင်းပြည်ဖြစ်လာစေရေး ခရီးလမ်းကြောင်းမှာ အတားအဆီးတွေကို ကျော်ဖြတ်နိုင်ဖို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နောက်မှာ တညီတညွတ်တည်းရပ်တည်နေတယ်ဆိုတာကို ပြလိုက်တာပါပဲ။"
သဘာပတိကြီးခင်ဗျား ။
ပြည်သူလူထုရဲ့ ဒီလို ဆန္ဒသဘောထားတွေကို မျက်ကွယ်ပြုပြီး၊ တပ်မတော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ နိုင်ငံတော်အာဏာသိမ်းယူလိုက်ပါတယ်။ အဲဒီနေ့ဟာ လွတ်တော်သစ်ကို စတင်ခေါ်ယူရမယ့်နေ့လည်းဖြစ်ပါတယ်။ စစ်တပ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အရပ်ဖက်တတ်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ အလွှာပေါင်းစုံပြည်သူလူထုဟာ လမ်းမတွေပေါ်ထွက်ပြီး စစ်အာဏာသိမ်းမှုအပေါ် မကျေနပ်ဘူးဆိုတာ ပြသခဲ့ပါတယ်။ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ဖို့နဲ့ ရွေးချယ်ခံအစိုးရကတဆင့် နိုင်ငံတော်အာဏာကို လူထုကို ပြန်အပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ မြန်မာလူထုဟာ ဒီတောင်းဆိုချက်တွေ အောင်မြင်လာရမယ်လို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။ စစ်တပ်ကအာဏာသိမ်းတယ်ဆိုတာဟာ ဒီနေ့ခေတ်ကမ္ဘာမှာ ဘယ်လိုမှ လက်ခံလို့မရဘူးဆိုတဲ့ အတွင်းရေးမှုးချုပ်ပြောဆိုတာကို ကျနော်သဘောတူပါတယ်၊ အာဏာသိမ်းမှု ကျရှုံးရမှာပါ။
စစ်အာဏာသိမ်းမှု ကျရှုံးဖို့ ဥပဒေနဲ့မညီဖမ်းဆီးခံရသူတွေ ချက်ချင်းလွတ်လာဖို့ နိုင်ငံတော်အာဏာကို ပြည်သူကို ပြန်အပ်ဖို့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်တည်ဆောက်ဖို့တွေအတွက် မြန်မာလူထုဟာ တညီတညွတ်တည်း ဆက်လက်ရုန်းကန်ရပ်တည်သွားကြမှာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံတဝှမ်း တလျှောက်လုံးဖြစ်လာနေတဲ့ ဆန္ဒပြမှုတွေက သက်သေခံနေပါတယ်။ ဟိုးအရင်တုန်းကြုံခဲ့ရတဲ့ စနစ်မျိုး ကျနော်တို့ ပြန်မသွားလိုကြဘူးဆိုတာ အတော့်ကို ရှင်းလင်းပြတ်သားနေပါတယ်။ ဒီနေရာမှာ Freedom from Fear ကြောက်ရွံ့မှုက လွတ်ကင်းရေးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် စာအုပ်ထဲက စကားကို ပြန်လည်ကိုးကားလိုပါတယ်။
အခြေခံအကျဆုံးလူ့အခွင့်အရေးတွေ ငြင်းပယ်ခံရတဲ့ စနစ်ကြီးထဲမှာ အကြောက်တရားဆိုတာဟာ နေ့စဉ်ကြုံရမယ့်အရာ ဆိုတာပါပဲ။
ဒီလို အရေးကြီးတဲ့ အခိုက်အတန့်မှာ စစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ မြန်မာပြည်သူတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဆက်လက် အခိုင်အမာ ထောက်ခံဖို့က အရေးကြီးလှပါတယ်။ မြန်မာပြည်သူတွေကို ထောက်ခံကြောင်း အလေးအနက် အားပေးကြတဲ့ နိုင်ငံအားလုံးကို ကျေးဇူးတင်ရှိပါတယ်။ အတွင်းရေးမှူးချုပ်၊ အထူးကိုယ်စားလှယ်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့ကိုလည်း ကျေးဇူးတင်ပါတယ်။
ဒါပေမဲ့ မြန်မာပြည်သူတွေကတော့ ကူမယ့်သူ ကင်းမဲ့နေဆဲပါဘဲ။ သဘာပတိကြီးနဲ့ သံအမတ်ကြီးများခင်ဗျား၊ လက်ရှိထောက်ခံမှုတွေအပြင်၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အာဏာသိမ်းမှုချက်ချင်း အဆုံးသတ်ရေး၊ အပြစ်မဲ့ပြည်သူတွေကို နှိပ်ကွပ်တာတွေ ရပ်တန့်ရေး၊ နိုင်ငံတော်အာဏာပြည်သူတွေထံ ပြန်လည်အပ်နှင်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ရှင်သန်ရေးအတွက် အပြင်းထန်ဆုံးအရေးယူမှုတွေ ကျနော်တို့ လိုအပ်နေဆဲဖြစ်ပါတယ်။ဒါ့ကြောင့် အဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးကို အောက် ဖေါ်ပြပါအချက်တွေ ဆောင်ကျဉ်းပေးဖို့ ပန်ကြားပါရစေ။
၁။ စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာ အပြစ်တင်ရှုတ်ချကြောင်း လူသိရှင်ကြားထုတ်ပြန်ပေးရန်။
၂။ အုပ်ချုပ်မှုကောင်စီနဲ့ စစ်အစိုးရကို ဘယ်လိုနည်းနဲ့မှ အသိအမှတ် မပြုရန်။
၃။ လွတ်လပ်ပြီး တရားမျှတတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို စစ်အစိုးရ လေးစားလိုက်နာဖို့ တိုက်တွန်းပေးပါရန်။
၄။ နိုင်ငံတော်ရဲ့ အာဏာကို ရွေးကောက်ခံအစိုးရကတဆင့် ပြည်သူ့ထံ ပြန်လည် မအပ်နှင်း မချင်း၊ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါရန်။
၅။ လုံခြုံရေးတပ်ဖွဲ့တွေက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သူတွေကို အကြမ်းဖက်၊ အင်အားသုံးနှိပ်ကွပ်တဲ့ လုပ်ရပ်တွေ ရပ်တန့်သွားအောင် အပြင်းထန်ဆုံးနဲ့ အဖြစ်နိုင်ဆုံး အရေးယူမှုတွေနဲ့ စစ်အာဏာသိမ်းမှု ချက်ချင်းရပ်တန့်အောင် ဟန့်တားပေးပါရန်။
၆။ CRPH ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကောက်မတီကို ထောက်ခံပါရန် ပန်ကြားအပ်ပါတယ်။
နိဂုံးချုပ်အနေနဲ့၊ သဘာပတိကြီးခင်ဗျား။ ပြည်သူကနေ၊ ပြည်သူ့အတွက်ရွေးချယ်ပေးတဲ့ ပြည်သူ့အစိုးရ အတွက် ကျနော်တို့ ဆက်လက် တိုက်ပွဲဝင်ကြမှာဖြစ်ပါတယ်။ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ကြဖို့အတွက် ပြည်သူတွေနဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရက နှစ်ဆတိုး ကြိုးပမ်းသွားမှာဖြစ်ပါတယ်။
သဘာပတိကြီးခင်ဗျား။
ကျနော်တို့ရဲ့ ပြည်တွင်း ပြည်ပက မြန်မာပြည်သူတွေ၊ ဒီအစည်းအဝေးကို အထူးစိတ်ဝင်တစား ကြည့်နေကြမယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် မြန်မာလို စကားပြောခွင့်ပြုပါ ခင်ဗျား။
မဂၤလာပါ။
ညီအစ်ကိုမောင်နှမများနဲ့ သွေးချင်း ညီနောင် သားချင်များခင်ဗျာ၊ မိမိတို့ ဆောင်ရွက်နေတဲ့ စစ်တပ် အာဏာသိမ်းမှု ချက်ချင်း အဆုံးသတ်ရေး၊ မိမိတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့် နဲ့ တခြား မတရားထိန်းသိမ်းခံထားရသူများ ချက်ချင်း လွှတ်ပေးရေး၊ နိုင်ငံတော်အာဏာပြည်သူ့ထံ ပြန်လည်ရရှိရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေး နဲ့ ဒီမိုကရက်တစ်ဖယ်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး နဲ့ ဒီအရေးတော်ပုံကြီးအောင်မြင်ရေးကို မိမိတို့အလွှာအသီးသီးမှာ ပြည်သူပြည်သားများအားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ အတူတကွလက်တွဲဆောင်ရွက်နေတာကို အထူးကျေးဇူးတင်ရှိပါတယ်။ ဆက်လက်ဆောင်ရွက်သွားကြဖို့ကိုလည်း မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်ခင်ဗျာ။
ဒီအရေးတော်ပုံ မုချအောင်မြင်ရမည်ဖြစ်ပါတယ်။ ပြည်သူသာအဓိကပါ။
အရေးတော်ပုံ .. အောင်ရမည်။
ကျေးဇူးတင်ပါတယ် သဘာပတိကြီးခင်ဗျား။
Credit: VOA
ZN.H 🇦🇺
Jaw Ni Win၊ Nay Zin နှင့် အခြား ၇၀ ဦး
မှတ်ချက် ၈ ခု
မျှဝေသူ ၁၉ ဦး
ကြိုက်
မှတ်ချက်ပေးရန်
မျှဝေမယ်
မှတ်ချက်များ
အသက်ဆိုင်ဆုံး


Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...