မင်္ဂလာညချမ်းပါခင်ဗျာ
အခုတလော
မြန်မာ့နိုင်ငံရေးမှာ စစ်တပ်က ဗြောင်ကျကျ နိုင်ငံရေးမှာ ပါဝင်ပါတ်သက်လာတဲ့
ကိစ္စနဲ့ ပါတ်သက်ပြီး သိရှိနိုင်ဘို့ ၁၉၉၀ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးလှဦးနဲ့ ဆက်သွယ်မေးမြန်းခန်းကိုတင်ပြချင်ပါတယ်
မေး မင်္ဂလာပါ ဦးလှဦးခင်ဗျာ
ရွေးကောက်ပွဲ ကျင်းပတဲ့နေ့က
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ့ဆန္ဒနဲ့ ရလာတဲ့ ရလဒ်ကို လက်ခံမယ်ပြောဆိုခဲ့ပြီး
ရွေးကောက်ပွဲအပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)
ပါတီ အနိုင်ရပြီးနောက်ပိုင်းမှာ
ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ တပ်မတော်ကနေပြီး
မဲမသမာမှုတွေ ရှိနိုင်တယ်ထောက်ပြလိုက်
မဲစာရင်းတွေမှာတယ်ဆိုပြီးထောက်ပြလိုက်
သတင်းစာရှင်းလင်းပွဲတွေမှာ
အာဏာမသိမ်းဘူး
ပြောမရဘူးပြောလိုက်
ဥပဒေထဲမှာ အကျုံးဝင်တဲ့ဟာ
မှန်သမျှ လုပ်ဆောင်သွားမယ်ပြောလိုက်
စစ်ကားတွေ သံချပ်ကာကားတွေ
လမ်းပေါ်မောင်းပြလိုက်
၂၀၀၈ ဖျက်လို့ရတယ်ပြောလိုက်
နောက်တနေ့
တပ်မတော်အနေဖြင့်
တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ကာကွယ်စောင့်ရှောက်လျက် ပြဌာန်းထားသည့် ဥပဒေဘောင်အတွင်းမှသာ ဥပဒေနှင့်အညီ
ဆောင်ရွက်သွားမည်လို့ပြောလိုက်နဲ့
ရှေ့နောက် စကားမညီညွတ်မှုတွေ
တွေ့လာရပြီး
အဲဒီလို အရမ်းကာရော
ပြောဆိုနေမှုများအောက်မှာ လူထုစိုးရိမ်မှုတွေရှိလာတဲ့ ကိစ္စနဲ့ပါတ်သက်ပြီးတော့
ဦးလှဦးရဲအမြင်လေးကို ဆွေးနွေးပေးလိုရမလားခင်ဗျာ့
မေး အခုစစ်တပ်ပြောနေတဲ့
မဲစာရင်းမှားယွင်းမှူကြောင့် နိုင်ငံရေးတင်းမာမှူတွေဖြစ်လာနိုင်တယ်ဆိုတာ
ဘာကိုဆိုလိုနေတာလည်း၊ စစ်တပ်က ဘယ်သူနဲ့ တင်းမာနေတယ်လို့ ထင်ပါသလဲ
မေး အခုလို နေ့တမျိုး၊ ညတမျိုး ဘာဆိုဘာမှ ယုံကြည်လို့မရတဲ့ စစ်တပ်ရဲ့
စကားလုံးတွေအောက်မှာ အာဏာသိမ်းမှုရောပေါ်ပေါက်လာနိုင်လား၊ စစ်တပ်က
အာဏာသိမ်းခဲ့မယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုယ်တိုင် ချိုးဖေါက်ရာ မရောက်နိုင်ဘူးလား၊
တကယ်လို့ ဖွဲစည်းပုံကို ကျော်လွန်ပြီးလုပ်ခဲ့ရင်ရော ဘာဖြစ်မလည်း ကောင်းကျိုးနဲ့
ဆိုးကျိုးပေါ့
မေး တချို့ကလည်း ၂၀၀၈
ဖျက်သိမ်းမယ်ဆိုတဲ့ ကာကွယ်ရေးဦးစီးချုပ်ပြောတဲ့စကားကိုတော့ နှစ်သက်ကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့
၂ဝဝ၈ စာ လုံးဝတရား မျှတမှုမင်းမဲ့နေတယ်။ စစ်တပ်က ရာသက်ပန် အထက်စီးက ဥပဒေနဲ့အညီ
တဖက်သတ် အနိုင်ကျင့်ခွင့်ရနေတဲ့ ဖွဲစည်းပုံဖြစ်နေတဲ့အတွက် ၂၀၀၈ ကိုဖျက်မယ်ဆိုရင် ကြိုက်တယ်
ဆက်သာလုပ်လိုက်စမ်းပါဆိုတဲ့ အတွေး အမြင်တွေပေါ်မှာရော
ဘယ်လိုများသုံးသပ်လိုပါသလည်း။
မေး ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေအရ ပြောရင် UEC ရဲ့ အဆုံးအဖြတ်ဟာ အပြီးအပြတ်ဘဲ။
နောက်ဘယ်ခုံရုံးမှ တက်စရာ လည်း မလိုဘူး။ နောက်ပြီးအခု စစ်တပ်က အခုသူတို့ပြောနေတဲ့
မဲမသမာမှုတွေဆိုတာ ဒုတိယ အကြိမ်မဲစာရင်းက ဟာတွေကိုယူပြီးပြောနေတာလေ ဒါက
နောက်ဆုံးမဲစာရင်းအတည်မှမဟုတ်တာ။ ရွေးကောက်ပွဲမလုပ်ခင်အချိန်ကာလကတည်းက
မဲစာရင်းတွေကို UEC က ထုတ်ပြန်ကြေညာထားတယ်။
မှားယွင်းတဲ့ မဲစာရင်းတွေကို ပြင်ပါ။ ဖြည့်စွက်စရာရှိတာ ဖြည့်စွက်ပါပြောနေတာဘဲ။
အဲတုန်းက ဘာစစ်ဆေးမှုမှမလုပ်ခဲ့ဘူး၊ အခု ဒီ အချိန်ကျမှ အစဆုံး ပြန်ဖော်တယ်ဆိုတော့ ဘယ်လိုပြန်လုပ်ပေးလို့ရမှာလည်း။ နောက်ပြီး ဘာနည်းပညာနဲ့ စစ်ဆေးခဲ့တယ်ဆိုတာလည်း မရှင်းပြနိုင်ဘူး
လမ်းဘေးစကားတွေလျှောက်ပြောနေတယ် သူငယ်တန်းကျောင်းသားအဆင့်နဲ့ လုပ်တဲ့ pdf ကနေ excel ကိုပြောင်းပြီး
ပြုစုထားတယ်ဆိုတော့ တပ်မတော်အဖို့ ကမ္ဘာအလည်မှာ အရှက်မရစေဘူးလား
အဲဒါလေးလည်းရှင်းပြပေးပါဦး
မေး မဲစာရင်း မှားတာနဲ့ မသမာမှု
ဖြစ်နိုင်တယ်လို့တော့ ပြောလို့မရဘူး
သူက မဲစာရင်းအမှားတွေကို ပြောချင်တာလား၊ မဲရလဒ်ကို သူ
လက်မခံတာလား။ အဲဒါ သိပ်မသဲကွဲဘူး ဖြစ် နေတယ်။ မဲစာရင်းမှားတာနဲ့ ဒီမဲရလဒ်ကို
လက်မခံဘူးဆိုတဲ့ ကြားထဲမှာ ဘောင်းဘီကြပ်နေတဲ့ သဘောဖြစ်တယ် ရွေးကောက်ပွဲဥပဒေ၊
နည်းဥပဒေနဲ့ ဒီအခြေခံဥပဒေကို အရလည်း တပ်မတော်ကနေပြီး ရွေးကောက်ပွဲ ကိစ္စ တွေကို
လာပြီး ထိန်းကျောင်းခွင့်လည်း မရှိသလို ဝေဘန် ထောက်ပြ ခွင့်လည်းမရှိပါဘူး။ အဲဒါကိုဘာလို့
အတင်းကြီး အပါတ်စဉ် မဲစာရင်းတွေထုန်ပြန်၊ စစ်ကားတွေမြို့ထဲမျာမောင်းပြနဲ့ တိုက်ဆိုင်မှုလိုပြောလို့မလား၊
ဒါမှမဟုတ် ဘယ်လိုများထင်ပါလည်း။

Comments
Post a Comment