Skip to main content

ကျမက မြန်မာနိုင်ငံ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းရဲ့ စီမံချက်မန်နေဂျာ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းပါ။

 ကျမက မြန်မာနိုင်ငံ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းရဲ့ စီမံချက်မန်နေဂျာ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းပါ။

အခုဆိုရင် စိတ်မကောင်းစွာနဲ့ပဲ ကျမဟာ စစ်အာဏာရှင်များရဲ့ မတရားစွပ်စွဲမှုကို ခံရနိုင်ခြေ အရှိဆုံးသူတစ်ဦးဖြစ်နေပါပြီ။ သူတို့က အချက် (၂) ချက်နဲ့ စွပ်စွဲနိုင်ပါတယ်။
၁။ အိန္ဒိယနိုင်ငံ၊ Serum Institute of India (SII) ကထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ကို ဝယ်ယူတဲ့နေရာမှာ အကျိုးအမြတ်ရယူပြီး အလွဲသုံးစားလုပ်ခြင်း၊
၂။ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရေး ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်ခြင်း တို့ပဲဖြစ်ပါတယ်။
ဒီကာကွယ်ဆေးဝယ်ယူခြင်း ကိစ္စတွေမှာ အသေးစိတ် ပါဝင်ခဲ့တဲ့ ယခု ကျန်းမာရေးနှင့်အားကစား ဝန်ကြီး ​ဒေါက်တာသက်ခိုင်ဝင်း (ယခင်အမြဲတမ်း အတွင်းဝန်) နှင့် ကျမတို့ဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့ဟာ အခုအချိန်မှာ SII နဲ့ ကာကွယ်ဆေး ဝယ်ယူခြင်းလုပ်ငန်းကို သူတို့ မသိပါဘူးဆိုပြီး ငြင်းဆိုနေပါတယ်။ နောက်ပြီး ကျမရဲ့နေအိမ်ကို ရှာဖွေဖို့ ရဲတွေကို ခွင့်ပြုခဲ့တဲ့သူကလည်း သူတို့ပဲ ဖြစ်ပါတယ်။
ပထမအချက်အနေနဲ့ SII က ကာကွယ်ဆေး ဝယ်ယူတဲ့ကိစ္စ အသေးစိတ်အခြေအနေ (up to date) အားလုံးကို သက်သေများနှင့်တကွ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ပေးပို့ပြီး ဖြစ်ပါတယ်။
ဒုတိယအချက်နဲ့ ပတ်သက်ပြီး ကျမဟာ ကာကွယ်ဆေး ဝယ်ယူရေး ကော်မတီမှာရော ကာကွယ်ဆေး ဝယ်ယူရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီမှာရော ပါဝင်ခြင်း မရှိပါဘူး။ အဲဒီ့ကော်မတီ (၂) ခုစလုံးဟာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနလက်အောက်မှာ ဖြစ်ပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ကျမဟာ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းစီမံချက်နှင့် COVAX facility အတွက် Focal point သာဖြစ်ပါတယ်။ SII မှ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန်အတွက် စေလွှတ်တဲ့ ပညာရှင်အဖွဲ့မှာ ကာကွယ်ဆေး အရေအတွက်နှင့် ကာကွယ်ဆေး ရောက်ရှိမည့်အချိန်တို့နှင့် ပတ်သက်ပြီး ညှိနှိုင်းရန်အတွက် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါတယ်။
ဒါပေမယ့် ကျမ ရုံးကနေ ထွက်ခွာပြီး (၇) ရက်မြောက်တဲ့နေ့ (၁၈-၂-၂၀၂၁) ရက်နေ့မှာပဲ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်းရဲ့ စီမံချက်မန်နေဂျာက ငွေတွေအများကြီးကို ယူပြီး ထွက်ပြေးနေပါတယ်လို့ ကျမရဲ့ပုံနဲ့အတူ Facebook ပေါ် အတင်ခံရပါတော့တယ်။
ဒါဟာ စစ်အာဏာရှင်များနဲ့ ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လက်ခံနိုင်စရာအကြောင်း မရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
ဒီလိုလုပ်တဲ့အတွက် နောက်ကွယ်မှာ အကြောင်း (၃) ရပ် ရှိနိုင်မယ်လို့ တွေးမိပါတယ်။
၁။ စစ်အာဏာရှင်တွေဟာ နိုင်ငံခြားငွေအပါအဝင် ဘဏ္ဍာငွေ အလွန်နည်းပါးနေပါတယ်။ သူတို့ဟာ SII ကိုကြိုတင်ပေးချေထားတဲ့ အမေရိကန်ဒေါ်လာ (၇၅) သန်းကို တွေ့တဲ့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွပ်စွဲပြီး အဲဒီငွေကို ပြန်လိုချင်နေပါတယ်။ ထပ်ပေးရမယ့် (၇၃) သန်းကိုလည်း ပေးချင်ဟန် မရပါဘူး။
MoHS ကလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံဖို့အတွက် လိုအပ်တဲ့ ဆေးထိုးအပ် (AD syringes) တွေကို UNICEF ကနေတဆင့် ဝယ်ယူဖို့ စီစဉ်ထားတာကိုလည်း စစ်အာဏာရှင်တွေဆီကနေ နိုင်ငံခြားငွေ မတောင်းရဲတဲ့အတွက် ခွင့်မပြုခဲ့ပါဘူး။
၂။ ကာကွယ်ဆေး ဝယ်ယူဖို့အတွက် ပြည်သူတွေ လှူဒါန်းထားတဲ့ ရန်ပုံငွေက စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနလက်အောက်မှာ ရှိတဲ့ ဘဏ္ဍာရေးဌာနမှာ ဖြစ်ပါတယ်။ (၁၈-၂-၂၀၂၁) ရက်နေ့မှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို ထိန်းသိမ်းလိုက်ပြီး အဆိုပါ ဘဏ္ဍာငွေများကို သိမ်းဖို့အစီအစဉ် ရှိနိုင်ပါတယ်။
၃။ ကျမတို့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းတစ်ဖွဲ့လုံးဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းကို ထားခဲ့ပြီး MoHS ကနေ ထွက်လာခဲ့ကြတဲ့အတွက် ကျမကို ငြှိုးနေကြတာ ဖြစ်ပါတယ်။ ကျန်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကြောက်သွားအောင် နမူနာအဖြစ် လုပ်ပြချင်နေပုံရပါတယ်။
စစ်အာဏာရှင်များဟာ ကာကွယ်ဆေးထိုးလုပ်ငန်းကို အသုံးချပြီး ဝန်ထမ်းတွေကို ပြန်လည်ဆွဲဆောင်ကာ Civil Disobedient Movement (CDM) ကို အဆုံးသတ်ချင်နေပါတယ်။
စစ်အာဏာရှင်များဟာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ ညွှန်ကြားရေးမှူးချုပ်တို့ကို စစ်ဘက်က လူတွေနဲ့ အစားထိုးလိုက်ပါတယ်။
တိုင်းဒေသကြီး/ပြည်နယ်အားလုံးက တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း တာဝန်ရှိသူ ဝန်ထမ်းအားလုံးကတော့ CDM လုပ်နေကြပါတယ်။ စစ်အာဏာရှင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို လစ်လျူရှုပြီး အာဏာသိမ်းခဲ့တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေကလည်း သူတို့ လက်အောက်မှာ ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ဖို့ ဆန့်ကျင်ပြီး သပိတ်မှောက်နေကြတာ ဖြစ်ပါတယ်။
ကျမကိုယ်တိုင် လက်ရှိကမအဝ ဝန်ကြီးကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းနဲ့ ပတ်သက်ပြီး စိတ်ရှည်ဖို့ဖြောင့်ဖြခဲ့ပေမယ့်လည်း စစ်အာဏာရှင်တွေဟာ ကာကွယ်ဆေးထိုးလုပ်ငန်းကို အကြောင်းပြပြီး အကျိုးအမြတ်ရယူဖို့ ကြံစည်နေခြင်းဖြစ်ပါတယ်။ သူတို့ဟာ ကျမကို ကျန်းမာရေး ဝန်ထမ်းများ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးဖို့နဲ့ အခြားအစိုးရဝန်ထမ်းများအားလုံးကို ကာကွယ် ဆေးထိုးဖို့ဆိုပြီး ကျန်းမာရေးဝန်ထမ်းများကို အလုပ်ပြန်လုပ်ဖို့ တွန်းအားပေးခိုင်းပါတယ်။ ဒါဟာ ကျမတို့ သေချာစီစဉ်ဆောင်ရွက်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအစီအစဉ်နဲ့ လုံးဝဆန့်ကျင် နေပါတယ်။
ကာကွယ်ဆေးထိုးလုပ်ငန်းကို ကျမတို့နိုင်ငံကို စစ်အာဏာရှင်များရဲ့ စစ်ဖိနပ်အောက် ရောက်သွား​စေမယ့် လက်နက်အဖြစ် အသုံးချခွင့်မပြုနိုင်ပါဘူး။
ကျမတို့ဟာ တခြားနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့အတွက် ပြီးခဲ့တဲ့(၅-၁၀) နှစ်တလျှောက် နေ့မအား ညမနား ကြိုးပမ်းခဲ့ကြရပါတယ် ဆိုတာ ကျမတို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့သူအားလုံးလည်း သိပြီးဖြစ်ပါတယ်။
ကျေးဇူးပြုပြီး စစ်အာဏာရှင်များရဲ့ ရက်စက်မှု၊ ဉာဏ်မရှိမှုနဲ့ ကျမတို့နိုင်ငံကို လုယူသွားပြီး စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလားတဲ့ ပြည်သူတွေကို နှိပ်စက်နေမှုတွေကို တစ်ကမ္ဘာလုံးကို အသိပေး ပေးကြပါ။ ဒါဟာ လက်မခံနိုင်စရာ၊ ခွင့်မလွှတ်နိုင်စရာ၊ မမေ့ပစ်နိုင်စရာပါပဲ။
ချစ်ခင်ရတဲ့ အသိမိတ်ဆွေများ၊ သူငယ်ချင်းများရှင့်
ဒီစာကို သင်တို့ ဖတ်နေရချိန်မှာ ကျမဟာ ထွက်ပြေးပုန်းရှောင်နေရတာသော်လည်းကောင်း၊ စစ်အာဏာရှင်များရဲ့ ဖမ်းဆီးခံနေရခြင်းသော်လည်းကောင်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ကျမ ဘယ်တော့မှ ကျမနိုင်ငံနဲ့ ကလေးငယ်များရဲ့အနာဂတ်အတွက် အရှုံးပေးသွားမှာ မဟုတ်ပါဘူး။

အမေ ဝယ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးဖိုး ဒေါ်လာ ၇၅ သန်းကို မအလက ဆေးမဝယ်နဲ့တော့ ပိုက်ဆံပဲပြန်လိုချင်တယ် ပြန်တောင်းပေးတဲ့ မတောင်းပေးလို့ တာဝန်ယူမှာရတဲ့ ဆရာဝန်ကို ဖမ်းမယ်တဲ့ ....
ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန Covid-19 ကာကွယ်ဆေး Program အဖွဲ့တွေ တစ်ဖွဲ့လုံး CDM လုပ်သွားတာကြောင့် အဖွဲ့ခေါင်းဆောင် Director ဒေါက်တာထားထားလင်း ကို Covid-19 အတွက် ပိုက်ဆံတွေ အလွဲသုံးစားလုပ်တယ်လို့ စစ်တပ်က စွပ်စွဲပြီး လိုက်ဖမ်းနေပါတယ်။
အဖြစ်မှန်ကို သိရအောင် ဒေါက်တာ ထားထားလင်း ရေးလိုက်တဲ့ စာကိုပါ ပူးတွဲ တင်ပေးလိုက်ပါတယ်။
Credit
➖➖➖➖➖➖➖➖➖
ဒေါက်တာထားထားလင်းရဲ့စာ
*အရေးကြီးပါတယ် *
"လိုရင်းပဲရေးထားတာမို့ အရှည်ကို English မူရင်းtext ကို ဖတ်ပေးပါ"
-Covid ကာကွယ်ဆေးအတွက် အဓိက တာဝန်ယူထားတဲ့ ဒေါက်တာထာထားလင်း စွပ်စွဲပစ်တင်ခံနေရပါတယ်။
၁။လာဘ်စားမှု
၂။အများပြည်သူအလှူငွေအလွဲသုံးစားမှူ
တွေနဲ့ပါ။
-တခုမှမမှန်ပါဘူး။
-စွပ်စွဲခြင်းအကြောင်း၃ချက်ရှိနိုင်ပါတယ်။
၁။ သူတို့ မှာ နိုင်ငံခြားငွေ နည်းနေပါတယ်။ ဒေါ်အောင်ဆန်းဆုကြည်ကကာကွယ်ဆေးအတွက် ငွေကြိုလွှဲထားတာကို စွပ်စွဲပစ်တင်ပီး ကြိုတင်ပေးငွေဒေါ်လာ၇၅သန်းပိုက်ဆံတွေပြန်ရအောင်လုပ်ချင်တာ ဒါမှမဟုတ် ကျန်နေသေးတဲ့ ၇၃သန်းထပ်မပေးချင်တာ။
၂။လူထုလှူတန်းထားတဲ့ ငွေတွေဟာ စီမံကိန်း/ဘဏ်္ဒာရေး နှင့်စက်မှု ဝန်ကြီးဌာနလက်အောက်မှာဖြစ်ပြီး ဝန်ကြီးကတော့ထိန်းသိမ်းခံထားရပါတယ် ။ အလှူငွေတွေ အကုန်သိမ်းပြီးဖြစ်နိုင်ပါတယ်။
၃။ ဒေါက်တာထားထားလင်းကCDM လုပ်ထားသူတယောက်မို့ နမူနာ အရေးယူပြချင်တာဖြစ်နိုင်ပါတယ်။
-CDM တွေ အရှိန်ကောင်းလာတာကိုရပ်တန့်ဖို့ ကာကွယ်ဆေးနဲ့ မျှားဖို့ အစီအစဉ်ရှိနေပါတယ်။
-ဒုတိယတကြိမ် ကာကွယ်ဆေးထိုးဖို့ကျန်နေတဲ့ ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ဆေး ထိုးပေးပြီး CDM ပျက်ပြယ်အောင်လုပ်ပါလိမ့်မယ်။
*ဒါလက်ခံလို့မရပါဘူး။ဒီ vaccine programme ကြောင့် တိုင်းပြည် စစ်ဖိနပ်အောက်ပြန်ရောက်လို့မဖြစ်ပါဘူး။
Credit ....
ZN.H 🇦🇺
Cho Wai၊ Kyawswe နှင့် အခြား ၃.၇သောင်း ဦး
မှတ်ချက် ၉၉၀ ခု
မျှဝေသူ ၃.၅သောင်း ဦး
ကြိုက်
မှတ်ချက်ပေးရန်
မျှဝေမယ်
လူတစ်ယောက် သို့မဟုတ် လူအများ နှင့် 'SHAME ON YOU, DICTATOR WE NEVER FORGIVE YOU' ပြောသည့်စာသား ရဲ့ ဓာတ်ပုံတစ်ပုံ ဖြစ်နိုင်ပါတယ်
သင်၊ Laa Minn နှင့် အခြား ၁၁၂ ဦး
မှတ်ချက် ၄ ခု
မျှဝေသူ ၃၆ ဦး
စိတ်ဆိုး
စိတ်ဆိုး
မှတ်ချက်ပေးရန်
မျှဝေမယ်
မှတ်ချက်များ
အသက်ဆိုင်ဆုံး


Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...