ရန်ကုန်မြို့ ရဲ့လမ်းတွေတောင် ထပ်ချဲ့ရလောက်တဲ့အထိ အင်အားများပြားခဲ့တဲ့ လူထုလှုပ်ရှားမှု ကြီးကြောင့် ကျေနပ်အားရနေတဲ့ညီနန္ဒ

အနုပညာလောကမှာ နှစ်ပေါင်းများစွာ တိုင်အောင် ရပ်တည်အောင်မြင်နေပြီး ပရိသတ်အား ပေးမှုကို အခိုင်အမာ ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင် ညီနန္ဒကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ အခုလက်ရှိ ကာလမှာဆိုရင်လည်း ထောပတ်ထမင်းကို ကိုယ်တိုင် ချက်ပြီးရောင်းချနေတာလည်း ဖြစ်ပါတယ်။ သူရဲ့ထောပတ်ထမင်းဟာဆိုရင်လည်း ပြည်သူတွေတစ်ခဲနက်အားပေးကြတာလည်းတွေ့ရပါတယ် ။

ညီနန္ဒကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေမှာ ဆိုရင်လည်း အများနည်းတူ အနာဂတ်အတွက် ရင်ဆိုင်နေပြီး ပြည်သူလူထုနဲ့ အတူ အားတက်သရော လှုပ်ရှားမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်နော်။နေ့စဉ်တိုင်း လိုလို အနုပညာမောင်နှမတွေ နဲ့အတူ လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုတွေပြုလုပ်သလို ကိုယ်တိုင်ချက်တဲ့ထောပတ်ထမင်းတွေကိုလည်း ပြည်သူတွေ အဆာပြေစား နိုင်စေရန် လိုက်ဝေငှခဲ့တာလည်းဖြစ်ပါတယ်။

ဒီနေ့လည်း ချစ်ရတဲ့ အနုပညာမောင်နှမတွေ အစုံအလင်နဲ့အတူပူးပေါင်းကာ ရန်ကုန်မြို့ရဲ့ အထင်ကရ နေရာသို့သွားရောက်ပြီး မမောမပန်းနိုင်အောင်ကို တက်တက်ကြွကြွနဲ့လှုပ်ရှားမှုပြုလုပ်ခဲ့ပြန်ပါတယ်။ ရန်ကုန်မြို့ရဲ့ လမ်းမကြီးတွေတစ် လျှောက်မှာ များပြားလွန်းလှတဲ့ ပြည်သူလူထု တွေကိုကြည့်ပြီး ကျေနပ်ပီတိဖြစ်ကာ ပုံလေးတွေနဲ့အတူ ” ဒီနေ့ (၁၇.၂.၂၀၂၁) အမေ့သားသမီး တွေ ညီပါတယ် အမေ…ညီတာမှ ရန်ကုန်မြို့ ရဲ့လမ်းတွေတောင် ထပ်ချဲ့ဖို့လိုပါတယ် အမေ…”ဆိုတဲ့စာလေးကိုဝေမျှခဲ့ရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင် စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Source & Photo Credit : Nyi Nanda Facebook Account
unicode

Comments
Post a Comment