By
burmaaffairs
14-1-2021
ဝတ် ချွတ် လဲ အတုအယောင်တွေကို
အရေးယူဖို့ အချိန်ရောက်ပါပြီ.။
ကျုံးဘေးမှာ သေနတ်နဲ့ပစ်သွားတဲ့
တရားခံကလည်း မိတဲ့အခါကြတော့
သင်္ကန်းဝတ်နဲ့ အသွင်ပြောင်းထားပြီးသား
ဖြစ်နေတယ်.။
မုဒိမ်းမှု ကျူးလွန်တဲ့သူကို လိုက်ဖမ်းတော့
သင်္ကန်းဝတ်ပြီး အသွင်ပြောင်းထားပြန်တယ်.။
ဆရာတော်တစ်ပါး စီးလာတဲ့ကားကို တားလိုက်တော့
ဘင်္ဂလီတွေကို သင်္ကန်းဝတ်ပေးပြီး ခိုးသွင်းလာတာ
တွေ့ရပြန်တယ်.။
အခုဆို ဆန္ဒပြအငှားလိုက်တဲ့သူတွေက
သင်္ကန်းဝတ်နဲ့ဆို ပိုက်ဆံပိုရတယ်ဆိုတော့
သင်္ကန်းဝတ်နဲ့ လာကြတာများလာတယ်.။
အချို့ဆို (YBS) ကားပေါ်မှာ
ပေါ်ပေါ်တင်တင် အသွင်ပြောင်းနေတာတွေ့လို့
မှတ်တမ်းတင်ထားတာကို တွေ့ရတယ်.။
ဝတ်ချွတ်လဲ ရဟန်းအတုအယောင်များဟာ
ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီးလုပ်တဲ့
ဆန္ဒပြပွဲတွေ အမျိုးသားရေးအမည်ခံအဖွဲ့က
လုပ်တဲ့ ဆန္ဒပြပွဲတွေမှာ တွေ့ရလေ့ရှိပါတယ်.။
အဲ့ဒါကြောင့် အမျိုးဘာသာ သာသနာလို့ အော်နေတဲ့
ပြည်ခိုင်ဖြိုးပါတီနဲ့ အမျိုးသားရေးလို့အော်ပြီး
အမျိုးဘာသာ သာသနာကို အကွက်ကျကျ
ဖျက်ဆီးနေတဲ့ အဖွဲ့ကြီးနှစ်ဖွဲ့ရဲ့ သာသနာဖျက်
ယုတ်မာမှုများကို အချိန်မှီတားဆီနိုင်ရန် သင်္ကန်းဝတ်
ဆန္ဒပြပုဂ္ဂိုလ်များကို သာသနာဝန်ကဒ် စစ်၍
စစ်ဆေးခြင်း၊ ဒေသနာ အကြားခိုင်းပြီး စစ်ဆေးခြင်း၊
အခြေခံ သမဏသီလဖြစ်တဲ့ သေခိယ (၇၅) ပုဒ်
မေးမြန်းခြင်း၊ ရဟန်းတို့ရဲ့ အဓိက သိက္ခာပုဒ်များဖြစ်တဲ့
ပါရာဇိက လေးပါး၊ သံဃာဒိဿိသ် (၁၃) ပါး၊
မေးမြန်းဖြေဆိုခိုင်းခြင်းများ ပြုလုပ်စစ်ဆေးပေးကြပါရန်
စေတနာရှေ့ထား ရေးသားလိုက်ရပါသည်.။
Crd'
ကျော်သူနိုင် (တောရွာ)
၁၇၁၇
မျှဝေသူ ၇ ဦး
ကြိုက်
မှတ်ချက်ပေးရန်
မျှဝေမယ်




Comments
Post a Comment