Skip to main content

တရားလွှတ်တော်ချုပ် တရားသူကြီးများ ၂၀၀၈ ဖွံ့စည်းပုံအခြေခံဥပဒေကို သေချာစွာလေ့လာဖို့လိုအပ်ပါတယ်။

 · 

မြင့်မိုရ်မေမေ မြင့်မိုရ်မေမေ
 က 
Aung Win Tun
၊ အခြား ၁၂ ဦး တို့နဲ့အတူ ကျွမ်းကျင်ပညာရှင်ဆန် နေပါတယ်။
✍️တရားလွှတ်တော်ချုပ် တရားသူကြီးများ ၂၀၀၈ ဖွံ့စည်းပုံအခြေခံဥပဒေကို သေချာစွာလေ့လာဖို့လိုအပ်ပါတယ်။ နားမလည်မချင်းထပ်ကာထပ်ကာလေ့လာဖို့လိုအပ်ပါတယ်။ဥပဒေသဘောတရားကိုသေချာစွာနားလည်ရန်လိုအပ်ပါတယ်။
✍️ စစ်ဥပဒေချုပ်ဟောင်း ဦးစီုးမောင်အနေနှင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုအနည်းဆုံးတစ်ခေါက်လောက်ဖတ်ဖို့ အကြံပြုချင်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုမဖတ်ဖူးပဲ ဒါမှမဟုတ် သေချာစွာနားမလည်ပဲ ၊ ဥပဒေသဘောတရားသေချာစွာမသိပဲ တပ်မတော်စစ်ဥပဒေချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်၊ ဦးသိန်းစိန်အစီုးရရဲ့ သမ္မတရုံးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်ဆိုရင် အံအားသင့်စရာပါ။
✍️ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများနှင့် အငြိမ်းစားစစ်ဥပဒေချုပ်ဦးစီုးမောင်တို့ အပါအဝင် ပြည်သူများအနေနဲ့ နားလည်စေရန် ၊ နားလည်ပြီးသားဖြစ်နေလျှင်လည်း ပိုမိုနားလည်နိုင်စေရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားစီရင်ရေးစနစ်အကြောင်းကို အလွယ်ဆုံးနည်းနဲ့ ရှင်းပြပေးပါမယ်။
၁။ ၂၀၀၈ အခြေခံဥပဒေအရ တရားစီရင်ရေးမဏ္ဏိုင် ၊ စနစ် ၄ ခုရှိပါတယ်။
1️⃣ အရပ်ဖက်တရားစီရင်ရေးစနစ်။
2️⃣ စစ်ဖက်တရားစီရင်ရေးစနစ်။
3️⃣ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဆိုင်ရာတရားစီရင်ရေးစနစ်။
4️⃣ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားစီရင်ရေးစနစ်တို့ဖြစ်ပါတယ်။
၂။ အထက်ပါတရားစီရင်ရေးစနစ်များအနက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှလွဲ၍ ကျန်တရားရေးစနစ်များဟာ သီးခြားလုပ်ငန်းစဉ် နှင့် သီးခြားအခွင့်အာဏာများရှိနေကြပါတယ်။
၃။ တရားရေးစနစ်တစ်ခုရဲ့ လုပ်ငန်းစဉ် နှင့် အခွင့်အာဏာကို ကျန်တရားရေးစနစ်တစ်ခုက ကျုးကျော် ဝင်ရောက်စွက်ဖက်မှုများဖြစ်ခဲ့လျှင် တရားစီရင်ရေးစနစ်ဆိုင်ရာအကြပ်အတည်းဖြစ်ပေါ်စေနိုင်ပြီး၊ တရားစီရင်ရေးစနစ်ပြိုလဲမှုပါဖြစ်ပေါ်သွားစေနိုင်ပါတယ်။ အဲ့ဒီလိုအခြေအနေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ အခန်းကဏ္ဏဟာလွန်စွာအရေးကြီးလာပါတယ်။
၄။ အရပ်ဖက်တရားစီရင်ရေးစနစ် မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ အဆုံးအဖြတ်သည် နောက်ဆုံးအဆင့်ဖြစ်သလို ၊ အပြီးအပြတ်အတည်ဖြစ်ပါတယ်။
၅။ စစ်ဖက်ဖက်ဆိုင်ရာတရားစီရင်ရေးစနစ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆုံးအဖြတ်သည် နောက်ဆုံးအဆင့်ဖြစ်သလို ၊ အပြီးအပြတ်အတည်ဖြစ်ပါတယ်။
၆။ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်သည် နောက်ဆုံးအဆင့်ဖြစ်သလို ၊ အပြီးအပြတ်အတည်ဖြစ်ပါတယ်။
၇။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆိုမှု ၊ အငြင်းပွါးမှုကိစ္စရပ်တွေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ အဆုံးအဖြတ်သည် အပြီးအပြတ်အတည်ဖြစ်ပါတယ်။ နိုင်ငံရေး နှင့် ဥပဒေသဘောတရားအရ တရားစီရင်ရေးစနစ် ၄ ခုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် အမြင့်ဆုံးဖြစ်ပါတယ်။
၈။ ဘယ်ကိစ္စရပ်တွေမှာ ဘယ်တရားစီရင်ရေးစနစ်နှင့် ဖြေရှင်းရမည်ဟု မရှင်းလင်းခဲ့လျှင်၊ သို့မဟုတ် အငြင်းပွါးစရာဖြစ်ခဲ့လျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဥပဒေအားလုံးရဲ့အချုပ်ဖြစ်သည့်အတွက်၊ ဥပဒေအားလုံးရဲ့အထက်မှာရှိနေသည့် မိခင်ဥပဒေကြီးဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ အဆုံးအဖြတ်ကို လျောက်ထား၊ တောင်းခံ၊ နာယူကြရမှာဖြစ်ပါတယ်။
၉။ လက်ရှိတရားစီရင်ရေးစနစ်အားလုံးသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်သည့်အတွက် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓိပ္ပါယ်ဖွင့်ဆိုနိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသည် တရားစီရင်ရေးစနစ်အားလုံးရဲ့ အကြီးအမှုး၊အခေါင်အချုပ်တရားရုံးဖြစ်ပါတယ်။
၇။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်အာဏာရှင်တွေရေးဆွဲခဲ့တဲ့ အခြေခံဥပဒေဖြစ်တဲ့အတွက် နိုင်ငံရေးဂုဏ်သိက္ခာအရ အဆင့်နိမ့်ပါးနေပါတယ်။ ဒါကြောင့်လည်း ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေလို့ဆိုလိုက်တာနှင့် နှာခေါင်းရှုံချင်ကြသူ၊ မလေးမစားပြုချင်ကြသူများနေကြတာဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သေချာစွာ ဂဃနဏနားလည်ရန် တရားရေးနှင့် ဥပဒေပိုင်းဆိုင်ရာ အမြင့်ဆုံးတာဝန်ရှိသူများပင် မကြိုးစားကြသည်မှာ အဆိုပါ အထင်မကြီးမှု၊ မလေးစားမှုတို့ကြောင့်ဖြစ်ပါတယ်။
၈။ ဒါအပြင် ၂၀၀၈.ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖယ်ဒရယ်သဘောတရားအရ၊ ဒီမိုကရေစီပြည့်ဝမှုအရ ၊ ပြည်သူ့အခြေပြုနိုင်ငံရေးစံနှုန်းတွေအရ၊ ဥပဒေစံနှုန်းတွေအရ လိုအပ်ချက်တွေ၊ လွဲမှားမှုတွေ၊ ကမောက်ကမဖြစ်နေမှုတွေ အများအပြားရှိနေတာကိုလည်း သဘောတရားအရရော၊ လက်တွေ့ဖြစ်စဉ်တွေအရပါ တွေမြင်၊ သိရှိနေကြပြီဖြစ်ပါတယ်။
၈။ မည်သို့ပင်ဆိုစေ လက်ရှိပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်း၊ လည်ပတ်နေခြင်းဖြစ်တဲ့အတွက် သေချာစွာလေ့လာဖတ်ရှုရန်လိုအပ်သကဲ့သို့ ၊ မရှင်းလင်းပါကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို လျောက်ထား၊ မေးမြန်းဖို့လိုအပ်ပါတယ်။
၉။ မြန်မာနိုင်ငံပြည်သူလူထုတစ်ရပ်လုံးက ကိုယ်စားပြုပါဝင်ရေးဆွဲထားတဲ့ နိုင်ငံရေးဂုဏ်သိက္ခာမြင့်မားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းမလာမချင်း ယခုကဲ့သို့ ပြဿနာများ စဉ်ဆက်မပြတ်ပေါ်ထွက်နေမှာဖြစ်ပါတယ်။
၁၀။ မြန်မာနိုင်ငံတော် ရေရှည်ဖွံဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးတည်ငြိမ်အေးချမ်းဖို့လိုအပ်ပါတယ်။ ပြဿနာပေါင်းများစွာ၊ အမှားအယွင်းများစွာ၊ လွဲမှားမှုများစွာနှင့် အတင်းအဓမ္မရေးဆွဲကာ ၊ အတင်းအဓမ္မနည်းဖြင့် အတည်ပြုပြဌန်းထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မြန်မာနိုင်ငံတော်ကို ဆက်လက်ဖွဲ့စည်း၊ လည်ပတ်နေမယ်ဆိုရင် မြန်မာနိုင်ငံဟာ ပြဿနာများ၊ ပဋိပက္ခများ၊ အကြပ်အတည်းတွေကြားထဲမှာ ပိတ်မိနေပြီး ဘယ်တော့မှ နာလန်ထူနိုင်မှာမဟုတ်ပါဘူး။ ကျဆုံးတဲ့နိုင်ငံတော် failed state ဖြစ်သွားနိုင်ပါတယ်။
၁၁။ မြန်မာနိုင်ငံတော်ကို ကယ်တင်ရန် ပြည်သူလူထုကိုယ်စားပြုရေးဆွဲထားသည့် ၊ နိုင်ငံရေးအရ ဥပဒေကြောင်းအရ ပြည့်ဝခိုင်မာမှုရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာရေးဟာ မြန်မာနိုင်ငံတော်အတွက်အရေးပေါ်လိုအပ်ချက်ဖြစ်နေပြီဆိုတာ အထင်အရှားတွေ့ရမှာဖြစ်ပါတယ်။
၁၂။ ဒါကြောင့်မို့ မြန်မာနိုင်ငံတော်ကို ချစ်မြတ်နိုးပြီး၊ ကယ်တင်လိုသူ ပြည်သူလူထုတစ်ရပ်လုံးအနေနင့် အခြေအနေအရပ်ရပ်ကို ပညာ၊ သတိဖြင့် အစဉ်မပြတ်စောင့်ကြည့်ပြီး မြန်မာနိုင်ငံတော်ကို အခက်အခဲ အကြပ်အတည်းများကြားမှ ကယ်တင်၊ ကယ်ထုတ်ရန်ကြိုးပမ်းဆောင်ရွက်နေကြသည့် အမေဒေါ်အောင်ဆန်းစုကြည် နှင့် ခေါင်းဆောင်များကို အခြေအနေ၊ အချိန်အခါအရ လိုအပ်လျှင် ၊ လိုအပ်သည့်ပုံစံဖြင့် ဝိုင်းဝန်း၊ အားပေး၊ ကူညီနိုင်ရန် အစဉ်အမြဲ အသင့်ပြင်ထားကြစေလိုပါတယ်။
လေးစားစွာဖြင့်
မျိုးရန် နောင်သိန်း
၁၈-၁-၂၀၂၁
၁၂:၀၀နာရီ
၁၄၈
မှတ်ချက် ၁ ခု
ကြိုက်
မှတ်ချက်ပေးရန်

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...