UECကဒဲ့ရှင်းပြီ.
ပြောစရာစကား မရှိတော့လို့ပါ
+++++++++++++++++++++++++
တပ်မတော်က တပ်ကမဲပေးခဲ့တဲ့မဲရုံတွေက စာရွက်
စာတမ်းအထောက်အထားတွေ ကူးယူခွင့်တောင်းခံ
လာတယ်။အဓိကကတော့ ပြန်လည်စီစစ်ချင်တဲ့
သဘောပေါ့။ဘယ်လိုစီစစ်မှာလဲဆိုတာ စိတ်ဝင်စား
ဖို့ကောင်းတယ်။နောက်တစ်ခု ဘာကိုသိချင်တာလဲ
ဆိုတာလဲ စိတ်ဝင်စားဖို့ကောင်းတယ်။
ဥပမာ - မဂ်လာဒုံမြို့နယ်ဆိုပါတော့။
မဲဆန္ဒနယ်မြေ (၁) မှာ မဲ့ရုံ ၁၀ ရုံရှိတယ်ဆိုပါစို့။
တပ်မတော်သားအပါအဝင် မဲပေးသူ ၅ သောင်း
ပေးခဲ့တယ်ဆိုကြပါစို့။အရပ်သား မဲဆန္ဒရှင်က
၃ သောင်းမဲပေးခဲ့တယ်။ကျန်တာက တပ်ကပေး
ခဲ့တဲ့ အရေအတွက်ပါပဲ။
အဲ့ဒီနယ်မြေမှာ မဲရလဒ်က -
Nld --------------------------------- ၇၅%
USDP - ---------------------------- ၂၀%
ကျန်ပါတီ ------------------------- ၅ %
မဲပေးခဲ့တဲ့ စာရင်းကိုကြည့်ရင် ရှင်းပါတယ်။
အရပ်သားတွေအားလဲုံံး Nld ကိုပေးခဲ့ရင်တောင်
၇၅ % မရပါဘူး။ တပ်မတော်သားတွေထဲက Nld ကို
မဲပေးခဲ့ကြတယ်ဆိုတာ ထင်ရှားပါတယ်။
တကယ်တော့ မဲလိမ်ဖို့ဆိုတာလည်း လွယ်တဲ့ကိစ္စ
မဟုတ်။Nld က USDP ကိုပေးထားတဲ့ ကြိုတင်မဲ
တွေကို သူ့မဲနဲ့ လဲတယ်လို့စွပ်စွဲမလား။ကြိုတင်မဲ
တွေကို စနစ်တကျသိမ်းဆည်းထားတာ။USDP က
ကိုယ်စားလှယ်တွေ စောင့်ကြပ်နေကြတာပဲ။
ကြိုတင်မဲတွေကောက်တုန်းကလည်း တာဝန်ကျ
ဆရာမတွေက မဲပေးသူဘယ်နှစ်ယောက်ကို
Nld ထည့်ဖို့ စည်းရုံးနိူင်မှာလဲ။
မရိုးမသားလုပ်ရင်ပေါ်မှာပဲ။ပြည်သူတွေထဲမှာ
လည်း USDP ထောက်ခံတဲ့သူတွေ ရှိနေတာပဲလေ။
ငြိမ်နေမှာမဟုတ်ဘူး။မဲရုံတာဝန်ရှိသူတွေကရော
လုပ်ရဲကြမလား။တစ်ယောက်တည်းလုပ်လို့ရတဲ့
ကိစ္စမှ မဟုတ်တာ။တစ်ရုံးလုံးက တာဝန်ရှိသူတွေ
ဝိုင်းလိမ်ကြမှ ဖြစ်မှာပါ။
နောက်တစ်ချက် မဲရေတွက်ရာမှာရော ဘယ်လိုလိမ်
မှာလဲ။ ပါတီကိုယ်စားလှယ်တွေ၊ပြည်သူတွေ၊
မဲရုံတာဝန်ရှိသူတွေ၊စောင့်ကြည့်အဖွဲ့တွေ၊သတင်း
သမားတွေ အများကြီးဘယ်လိုဘယ်ပုံ မသာမာမှု
လုပ်ကြမှာလဲ။အားလုံးကြည့်နေကြတာ။
ဲရွေးကောက်ပွဲကြိုတင်ကာလက အစိုးရက ကိုဗစ်
အကြောင်းပြုပြီး ေထာက်ပံ့ကြေးပေး စည်းရုံး
တယ်လို့ စွပ်စွဲတယ်။အမေရီကန်မှာ အလုပ်လက်မဲ့
ပြည်သူတွေကို ကိုဗစ်ကာလမှာ ထရန့်အစိုးရက
အပြည့်အဝ ထောက်ပံ့ပေးထားတယ်။ ကိုဗစ်ကာလ
မှာ ထရီလီရန်နဲ့ချီပြီး ထောက်ပံ့ပေးထားတာပါ။
ရွေးကောက်ပွဲရောက်တော့ ထရန့်ရှူံးပါလေရော။
ကဲ့ ဘယ်လိုပြောမလဲ။ပြည်သူကမှ မထောက်ခံတာ။
နိဂုံးချုပ်ရရင်တော့ မဲရလဒ်အပြတ်အသတ်ဖြစ်
နေတာကိုကြည့်ရင် ပြည်သူက nld ကို ပြတ်ပြတ်
သားသား ထောက်ခံခဲ့တာ ရှင်းနေတာပဲ။
ဟိုနေ့က သတင်းစားရှင်းလင်းပွဲမှာ UEC က ဘာလို့
ကျောက်ရုပ်ကြီးလိုနေပြီး ထွက်မရှင်းတာလဲလို့
မေးတဲ့မေးခွန်းကို ဖြေလိုက်ပါရစေ။
"ခင်ဗျားတို့ကို ပြောစရာ စကားလုံးမရှိလို့ပါဗျာ။"
.
Credit. U Kyaw

Comments
Post a Comment