Skip to main content

သယံဇာတတူးဖော်ရေး စာချုပ် များ ပွင့်လင်းမြင်သာစွာချပြရန် သမ္မတ အမိန့်ထုတ်


တွင်းထွက် သယံဇာ တူးဖော်ရေး လုပ်ငန်းတွေရဲ့ စာချုပ်တွေကို အများပြည်သူ သိရှိအောင် ထုတ်ဖော်ချပြ ဖို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေ ၊ ကျောက်မျက်ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေ ၊ ဓာတ်သတ္တု တူးဖော်ရေး လုပ်ငန်းတွေ ၊ ပုလဲ လုပ်ငန်းတွေ၊ သစ်ထုတ်လုပ်ရေး လုပ်ငန်း တွေ နဲ့ ချုပ်ဆိုမယ့် စာချုပ်တွေကို ၂၀၂၁ ဇန်နဝါရီ က စပြီး အများ ပြည်သူ သိရှိ ဖို့ ထုတ်ပြန် ရမှာ ဖြစ်ပါတယ်။
တွင်းထွက် သယံဇာတ တူးဖော်တဲ့ လုပ်ငန်းတွေလုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေ ၊ စီးပွားရေး အဖွဲ့အစည်းတွေ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ ၊ အစိုးရ ဌာန တွေနဲ့ လုပ်ငန်းတွေ ဟာ EITI စံနှုန်း သတ်မှတ်ချက်အရ ၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက် နေ့ကပြီး ချုပ်ဆိုမယ့် စာချုပ်တွေကို ထုတ်ပြန်ပေးရမှာ ဖြစ်ပါတယ်။
မြန်မာ နိုင်ငံ ရှိ တွင်းထွက်သယံဇာတများတူးဖော်ထုတ်လုပ်မှု နဲ့သက်ဆိုင်တဲ့ ပြည်ထောင်စု အဆင့် နဲ့ တိုင်းဒေသကြီး ၊ ပြည်နယ်အဆင့် အစိုးရ ဌာန တွေ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ ၊ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေအရ မှတ်ပုံတင်ထားတဲ့ သယံဇတ တူးဖော်တဲ့ ကုမ္ပဏီတွေ ၊ စီးပွားရေး အဖွဲ့ အစည်း တွေ ကြား နှစ်ဦးနှစ်ဖက် ချုပ်ဆိုထား တဲ့ စာချုပ်တွေ ထုတ်ပြန်ရ မှာ ဖြစ်ပါတယ်။
နှစ်ဦးနှစ်ဖက် သဘော တူ စာချုပ်တွေ အပြင် သယံဇာတ တူးဖော်ထုတ်လုပ်ခွင့် လိုင်စင်တွေ ၊ သတ်မှတ်ချက်တွေ ၊ သဘောတူညီမှုတွေ ကို အများပြည်သူပွင့် လင်းမြင်သာစွာ သိရှိနိုင်ရန်အတွက် ဖွင့်ဟ ဖော်ထုတ်ရမယ်လို့ သမ္မတ က ကြေညာခဲ့တာ ဖြစ်ပါတယ်။
အဲ့ ဒီ စာချုပ်တွေ နဲ့ လိုင်စင်တွေကို MEITI ရုံး ရဲ့ Website ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနတို့ရဲ့ Website တွေမှာ ထုတ်ပြန်ကြေညာ ရမှာလည်းဖြစ်ပါတယ် ။
အဆိုပါ အမိန့်ကြေညာ စာကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် လက်မှတ်ရေးထိုး ကာ ဒီဇင်ဘာလ ၁ ရက်နေ့ နေ့စွဲ နဲ့ ထုတ်ပြန် ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော် သမ္မတ က ၂၀၂၁ ခုနှစ် ဇန်နဝါရီလ က စတင် ဆောင်ရွက် မယ့် တွင်းထွက် သယံဇာ တူးဖော်ရေး လုပ်ငန်း တွေ ရဲ့ စာချုပ် တွေ ကို ချပြရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ နိုင်ငံမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေ ၊ ကျောက်မျက်ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေ ၊ ဓာတ်သတ္တု တူးဖော်ရေး လုပ်ငန်းတွေ ၊ ပုလဲ လုပ်ငန်းတွေ နဲ့ သစ်ထုတ်လုပ်ရေး လုပ်ငန်း တွေ က ယခင်ကတည်း က လုပ်ကိုင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ က ဒီလုပ်ငန်းတွေ ရဲ့ စာချုပ် တွေကို ချပြဖို့ အမိန့် ထုတ်လိုက်တာကို မူ အားဖြင့် ကြိဆိုပါတယ်။
သို့သော်လည်း မြန်မာ နိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေ ၊ ကျောက်မျက်ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေ ၊ ဓာတ်သတ္တု တူးဖော်ရေး လုပ်ငန်းတွေ ၊ ပုလဲ လုပ်ငန်းတွေ နဲ့ သစ်ထုတ်လုပ်ရေး လုပ်ငန်း တွေ ရဲ့ ၂၀၂၁ ခုနှစ် ရှေ့ ပိုင်းက ချုပ်ဆိုထား တဲ့ စာချုပ်တွေ ဟာလည်း မြန်မာနိုင်ငံ အစိုးရ နဲ့ ဒေသခံ လူထု အပေါ် နစ်နာ မှု တွေ ဖြစ်နေပါတယ်။
လက်ရှိ လုပ်ကိုင်နေဆဲ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေ ၊ ကျောက်မျက်ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေ ၊ ဓာတ်သတ္တု တူးဖော်ရေး လုပ်ငန်းတွေ ရဲ့ စာချုပ် တချို့ မှာ လည်း အစိုးရ နဲ့ မြန်မာ နိုင်ငံသူနိုင်ငံ သားတွေ နစ်နာ နေတာ ဖြစ်လို့ ယခင် စာချုပ်တွေကိုလည်း ပြန်ထုတ်ဖော်ချပြဖို့ လိုအပ်နေပါတယ်။
ဒါကြောင့် နိုင်ငံတော် သမ္မတ အနေနဲ့ ၂၀၂၁ ခုနှစ် ရှေ့ ပိုင်း က ချုပ်ဆိုထားတဲ့ တွင်းထွက် သယံဇာတ တူးဖော်ရေး လုပ်ငန်း တွေရဲ့ စာချုပ်တွေကို အများပြည်သူကို ချပြန်ဖို့ အမိန့် ထုတ်ပြန်ပေးပါရန် မောင်း က တဆင့်တောင်းဆို လိုက်ပါတယ်။
ZN.H 🇦🇺
You, အောင်ကျော် မင်း, Aye Aye and 156 others
12 Comments
19 Shares
Like
Comment
Share
Comments
View 5 more comments
  • အရမ်းပြတ်သားတဲ့ သမတကြီး ကျန်းမာပါ​စေ
    • Like
    • Reply
    • 30m

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...