Skip to main content

မကြင်နာသူတွေကို ထားခဲ့ပါ

===================== (OPINION)
ကျွန်တော်တို့ဘဝတွင် အရေးမပါ၍ ထားခဲ့ရမည့်အရာ၊ အရေးပါသော်ငြားလည်းထားခဲ့ရသည့်အရာများစွာရှိပါလိမ့်မယ်။ ဥပမာ ပထမဦးဆုံးချစ်ခဲ့ရတဲ့ကိုယ့်ရဲ့အချစ်ဦး၊ သဘောထားချင်းမတိုက်ဆိုင်၍ လမ်းခွဲလိုက်ရတဲ့သူငယ်ချင်းမိတ်ဆွေ၊ တော်လှန်ရေးတုန်းကအသက်တမျှ ချစ်ရပါတယ်ဆိုတဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ စသဖြင့်ပေါ့။ဒါပေမယ့် ဘယ်သူကဘယ်သူ့ကို မက်မက်စက်စက်ပိုချစ်သလဲဆိုတဲ့အရာက တစ်ခါတစ်လေ လောကကြီးကို အဆုံးအဖြတ်ပေးပါတယ်။ အဖြေကတော့ ရှင်းပါတယ်။ကိုယ့်ကို မချစ်နိုင်တဲ့လူကိုမေ့လိုက်ပါ။ကိုယ့်ကို အကြင်နာမပေးနိုင်တဲ့သူကိုထားလိုက်ပါ။လူမျိုးကိုတန်ဖိုးထားပါ။နိုင်ငံကို ချစ်မြတ်နိုးပါ။ ဒီထက့်ပိုပြောရရင် အာဏာနိုင်ငံရေးမှာ လုပ်ပိုင်ခွင့်နဲ့ နိုင်ငံပိုင် ပစ္စည်းတွေခိုးစား၊ရောင်းစား၊ အလွဲသုံးစားလုပ်ခဲ့တဲ့ လူတစ်စုကို လူထုအတွက် ထားခဲ့လိုက်ပါ။သူတို့ကိုအရေးမယူတော့ဘူးလား။ သူတို့အတွက်နစ်နာတဲ့ လူထုအတွက် ဘယ်လိုလုပ်မလဲဆိုတဲ့အမေးတွေရှိပါလိမ့်မယ်။နိုင်ငံကောင်းဖို့ဆိုရင် ရှေ့ဆက်သွားဖို့သာရှိပါလိမ့်မယ်။ ကမ္ဘောဒီးယားမှာ BROTHER (1)လို့ ထင်ရှားခဲ့တဲ့ ပိုပေါ့ကပြောဖူးပါတယ်။"တိုင်းပြည်အတွက် ငါတို့အကောင်းဆုံးလုပ်ခဲ့တာပဲ"လို့ဆိုပါတယ်။ဒီလိုပါပဲ။ နိုကီယာ CEOကလည်းပြောဖူးပါတယ်။ "ငါတို့ဘာအမှားမှ မလုပ်ခဲ့ဘူး"တဲ့။လောကကြီးမှာ ကျရှုံးပုံကျရှုံးနည်းအမျိုးမျိုးရှိပါတယ်။ စစ်အင်အားကြီးလို့ တစ်ဖက်ကိုကျရှုံးတယ်။နည်းပညာစွမ်းအားကြီးမားလို့ တစ်ဖက်ကို ကျရှုံးတယ်။ တီထွင်နိုင်မှု ဆန်းသစ်လို့ တစ်ဖက်ကိုကျရှုံးတယ်။ ဒီထဲကမှ တိုင်းပြည်ကရသမျှယူ တိုင်းပြည်ကလူထုဖြစ်ချင်တာဖြစ် လှည့်မကြည့်တဲ့ တိုင်းပြည်ကျရှုံးမှုဟာ တိုင်းပြည်ကိုမချစ်တာတင်မကဘဲ တိုင်းပြည်ကလူတွေကိုပါမချစ်တာဖြစ်ပါတယ်။တိုင်းပြည်ကို ချစ်တယ်။လူမျိုးကိုချစ်တယ်ဆိုပြီး ပါးစပ်ကဖန်တရာတေပြောနေပေမယ့် အာဏာနိုင်ငံရေးမှာ တိုင်းပြည်ရှေ့ဆက်မရအောင် ကန့်လန့်လိုက်တိုက်နေရင် နိုင်ငံနဲ့လူမျိုးပဲ အဆုံးသတ်နစ်နာမှာဖြစ်မှာပါတယ်။ အယူဝါဒမတူလို့ မူဝါဒမတူလို့ လက်မတွဲနိုင်ဘူးဆိုရင်တောင် တူတာတွေကိုတွဲလုပ် ၊မတူတာတွေကိုခွဲလုပ်ဆိုတဲ့ လုပ်၂လုပ်နဲ့ တိုင်းပြည်အတွက် ရှေ့ဆက်သွားနိုင်ရမှာဖြစ်ပါတယ်။လတ်တလော မြန်မာနိုင်ငံကို သမင်လည်ပြန့်လှည့်ကြည့်လိုက်ရင် အရှိန်ပြင်းပြင်းနဲ့ခုတ်မောင်းနေတဲ့ မီးရထားတွဲတစ်တွဲကို မြင်ရမှာဖြစ်ပါတယ်။ ရထားပေါ်မှာ အုပ်ချုပ်သူပါမယ်။ အုပ်ချုပ်သူကိုအတည်ပြုပေးလိုက်တဲ့ သန်းပေါင်းများစွာသောပြည်သူတွေပါပါမယ်။ သူတို့ချစ်တဲ့ အစိုးရနဲ့ သူတို့မြတ်နိုးတဲ့ နိုင်ငံတော်သစ်ကို သွားနေကြတာဖြစ်ပါတယ်။ဒီလိုအချိန်မှာ ဘေးထိုင်ဘုပြော၊ အဖျက်သမားလုပ်ရပ်တွေကို အကြိမ်ကြိမ်အခါခါပြု ၊မသမာတဲ့အကြံအစည်တွေနဲ့ လူဆိုးတွေနဲ့မောင်တိုင်ပင်ဆိုတာ ဘယ်လိုမှ မပြုအပ်၊မကြံစည်အပ်တဲ့ အခြေအနေဖြစ်ပါတယ်။မကောင်းတာကိုလုပ်လည်းကိုယ်ပဲသိမယ်။ကောင်းတာကိုလုပ်လည်းကိုယ်ပဲသိမယ်။လူဆိုတဲ့ သတ္တဝါဟာ အစဉ်အမြဲပြောင်းလဲနေတာမို့လို့ မကောင်းတာတွေဘယ်လောက်ပဲလုပ်လုပ်အချိန်တန်ရင်မိုက်ပြစ်နဲ့ဇာတ်သိမ်းတတ်သလို အကျွတ်တရားရလို့သူတော်စင်လည်းဖြစ်သွားနိုင်ပါတယ်။သို့သော် ဒီလိုလူတွေအတွက် ကိုယ့်ဘဝရဲ့အချိန်တွေကိုမပေးလိုက်ပါနဲ့။တစ်နည်းအားဖြင့်အဖက်လုပ်ပြီး စကားပြန်ပြောမနေပါနဲ့။ အုပ်ချုပ်သူကိုစော်ကားမယ်။ အုပ်ချုပ်သူကိုအတည်ပြုပေးလိုက်တဲ့ပြည်သူတွေကိုစော်ကားမယ်။ မသန်စွမ်းတွေကိုစော်ကားမယ်။ ဆရာ၊ဆရာမတွေကိုစော်ကားမယ်။သတင်းမီဒီယာကိုရန်လိုမယ်။ဒီလို နိုင်ငံအဝှမ်းမှာရှိနေတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကို ငါတို့ပြောလို့ရတယ်။ငါတို့ပြောချင်သလိုပြောမယ်ဆိုတဲ့ လူတစ်စုကို လူထုအတွက်ထားခဲ့လိုက်ပါ။သူတို့မှာ အော်ဟစ်ရုံသာ တတ်နိုင်ပြီး SMART POLITICAဆိုတာဘာမှန်းလည်းမသိ။သိပုံလည်းပေါ်မယ်မထင်ပါဘူး။ လိုချင်တဲ့ အာဏာနိုင်ငံရေးကို မရလို့ မည်းမည်းမြင်ရာ လူတွေကို ရန်လိုနေတဲ့အနေအထားသက်သက်တစ်ခုသာရှိပါတယ်။ဒါကြောင့် ကိုယ့်ဘဝထဲမှာ သူကလည်းကိုယ့်ကိုမုန်းမယ်။ကိုယ်ကလည်းသူရှိနေရင် ဘယ်လိုမှရှေ့ဆက်မရဘူး။ညှိနှိုင်းမရဘူးဆိုရင် ကိုယ့်ဘဝအတွက်ရော၊ တိုင်းပြည်အတွက်ရော မကြင်နာသူတွေကိုထားခဲ့လိုက်ပါ။မေ့ပစ်လိုက်ပါ။ဝဲပစ်လိုက်ပါလို့ အခါခါအထပ်ထပ်ပြောကြားလိုက်ရပါတော့တယ်။. ။
(မိုးယံ)
#crd Myanmar Harp
No photo description available.
U Than Naing Oo and 16 others
5 Shares
Like
Comment
Share
Comments

 

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

ကချင်ကို ထိုးစစ် မဆင်ဖို့ သမ္မတ ညွှန် ကြား ဦးသိန်းစိန် ကချင် စစ်တပ် အပြစ်ရပ် ငြိမ်းချမ်းရေး

၁၂ ဒီဇင်ဘာ ၂၀၁၁ ကေအိုင်အေ ကချင် လွတ်လပ်ရေး တပ်မတော် အပေါ် အစိုးရ စစ်တပ် ဘက် စတင် ထိုးစစ်ဆင် တိုက်ခိုက် တာမျိုး မပြုလုပ်ဘဲ ခုခံ ကာကွယ် စစ်သာ ပြုလုပ်ဖို့ သမ္မတ ဦးသိန်းစိန်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကို အကြောင်း ကြားစာ ပေးပို့ခဲ့ ပါတယ်။ ဓာတ်ပုံ ပုံစာ, ကချင် ဒုက္ခသည်တွေကို အကူအညီငွေ ပေးအပ်ပွဲ မှာ သမ္မတရဲ့ ပေးစာ အကြောင်း ပြောခဲ့ တာဖြစ် မြစ်ကြီးနား မြို့တော် ခန်းမမှာ ပြုလုပ်တဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက် ပြည်ထောင်စု လွှတ်တော် က လှူဒန်းတဲ့ အလှူငွေ ပေးအပ်ပွဲ မှာ ကချင် ပြည်နယ် ဝန်ကြီး ချုပ်က သတင်းထောက် တွေနဲ့ အခမ်း အနား တက်ရောက်သူ တွေကို ပြောခဲ့ တာပါ။ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ကေအိုင်အေ တပ်စခန်း တွေကို မြန်မာ အစိုးရ စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှု မပြုလုပ်ဖို့ ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အချက် သုံးချက်ပါ တဲ့ စာကို ဖတ်ပြ ခဲ့တယ်လို့ အခန်း အနားကို တက်ရောက် ခဲ့သူ သတင်း သမား တစ်ယောက်က ဘီဘီစီကို ပြန်ပြောပြ ပါတယ်။ အဲဒီ အချက်တွေ ကတော့ အစိုးရ ဘက်က နိုင်ငံရေး အရ ဆွေးနွေး နိုင်ရန် စီစဉ် နေတဲ့ အကြောင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နိုင်ဖို့ အတွက် ခုခံ တိုက်ခိုက် ရုံက လွဲပြီး တပ်ရွှေ့တာ၊ စစ်ချီ တာတွေ ...