Skip to main content

Posts

Showing posts from October, 2020

တိုင်းရင်းသား မဲဆန္ဒနယ်တချို့မှာ ရွေးကောက်ပွဲမလုပ်ဖို့ ကြေညာချက်အပေါ် ဝေဖန်မှုတချို့

17 ေအာက္တိုဘာ၊ 2020 ကိုဉာဏ်ဝင်းအောင် မှတ်တမ်းဓါတ်ပုံ- ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတုန်းက မဲဆန္ဒရှင်တဦး မဲထည့်နေစဉ် မွ်ေ၀ပါ   Print (Zawgyi/Unicode) နိုဝင်ဘာ (၈)ရက်နေ့ပြုလုပ်မယ့် ၂၀၂၀ ရွေးကောက်ပွဲအတွင်း တိုင်းရင်းသားပြည်နယ် အများစုထဲက မြို့နယ် ကျေးရွာတချို့မှာ ရွေးကောက်ပွဲတွေ ကျင်းပဖြစ်တော့မှာ မဟုတ်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။ ဒါဟာ ဒေသခံ တိုင်းရင်းသားတွေရဲ့ မဲပေးပိုင်ခွင့်ကိုရော၊ ယှဉ်ပြိုင်ကြမယ့် တိုင်းရင်းသားပါတီတွေအတွက်ပါ အခွင့်အရေးတရပ် ထိခိုက်ဆုံးရှုံးစေပြီး၊ နိုင်ငံရေးအရ ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ပါတီခေါင်းဆောင်တချို့နဲ့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေးအဖွဲ့ တွေက သုံးသပ်ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။ ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်နဲ့ မွန် - ပြည်နယ် ၅ ခုနဲ့ ပဲခူးတိုင်းထဲက တချို့သော မြို့နယ်/ ကျေးရွာတွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အခြေအနေ မရှိတာကြောင့်ဆိုပြီး အဲဒီဒေသတွေမှာ နိုဝင်ဘာ (၈)ရက်နေ့ ရွေးကောက်ပွဲကို ကျင်းပနိုင်တော့မှာ မဟုတ်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က အောက်တိုဘာ (၁၆)ရက် သောကြာ

ရခိုင်နဲ့ ရှမ်း (၁၅) မြို့နယ်မှာ မြို့နယ်လုံးကျွတ် ရွေးကောက်ပွဲဖျက်သိမ်း

2020-10-16 ပုံနှိပ်ပါ ရှယ်ပါ မှတ်ချက်ပေးပါ အီးမေးလ် ၂ဝ၁၅ ရွေးကောက်ပွဲတွင် မဲရလဒ်ရေတွက်စဉ်။ Photo: AFP ရခိုင်ပြည်နယ်က မြို့နယ် ၉ မြို့နယ်နဲ့ ရှမ်းပြည်နယ်က မြို့နယ် ၆ မြို့နယ် အပါအဝင် တိုင်းနဲ့ပြည်နယ်‌ ခြောက်ခုက နေရာအတော်များများမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ‌ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာတွေကတော့... ရခိုင်ပြည်နယ်မှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦး စတဲ့ မြို့နယ် ၉ မြို့နယ်လုံးနဲ့ ကျောက်ဖြူမြို့နယ်က ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၅၂ ခု၊ အမ်းမြို့နယ်က ရပ်ကွက် ၃ ခု၊ ကျေးရွာအုပ်စု ၂၉ ခု၊ စစ်တွေမြို့နယ်က ကျေးရွာအုပ်စု ၄ ခု၊ တောင်ကုတ်မြို့နယ်က ရပ်ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု ၅၂ ခု ဖြစ်ပါတယ်။ အခုရွေးကောက်ပွဲ မကျင်းပတဲ့နယ်မြေတွေဟာ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်တုန်းက ရခိုင်အမျိုးသားပါတီ ANP အနိုင်ရခဲ့တဲ့ နယ်မြေတွေဖြစ်သလို လက်ရှိမှာလဲ ANP ပါတီထောက်ခံမှုအားကောင်းတဲ့ နယ်မြေတွေ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အမ်းမြို့နယ်အမှတ်(၂)ကနေ ဝင်ပြိုင်မယ့် ANP ပါတီ ကိုယ်စားလ

ပြည်ခိုင်ဖြိုးပါတီဦးဆောင်သော နိုင်ငံရေးပါတီ ၃၄ ခုနှင့် တပ်ချုပ် တွေ့ဆုံ

တွေ့ဆုံပွဲတက်ရောက်ခဲ့သူများတွင် ဦးသိန်းညွန့်၊ ဒေါက်တာနေဇင်လတ်၊ ဦးခင်မောင်ဆွေ၊ ဒေါ်သက်သက်ခိုင်၊ မိုက်ကယ်ကျော်မြင့်နှင့် တိုင်းရင်းသားပါတီအချို့မှ ခေါင်းဆောင်များလည်း ပါဝင်ခဲ့သည် ဉာဏ်လှိုင်လင်း Published on  Aug 14, 2020 ဖြိုးသီဟချို Published on  Aug 14, 2020 ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဦးဆောင်သည့် နိုင်ငံရေးပါတီ ၃၄ ခုမှ ခေါင်းဆောင်များနှင့် ယနေ့ (ဩဂုတ် ၁၄) နေပြည်တော်၌ တွေ့ဆုံခဲ့ရာတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးအပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ ဒေါက်တာနေဇင်လတ်၊ ဦးခင်မောင်ဆွေ၊ ဒေါ်သက်သက်ခိုင်၊ မိုက်ကယ်ကျော်မြင့်နှင့် တိုင်းရင်းသားပါတီအချို့မှ ခေါင်းဆောင်များလည်း ပါဝင်ခဲ့သည်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။  ရွေးကောက်ပွဲအပြင် ပြည်သူ့ကိုယ်စားလှယ်လောင်းများ ရွေးချယ်တင်မြှောက်ရာတွင် သိရှိသင့်သည့် အခ

ပြည်ပမှ ကြိုတင်မဲပေးရန် ကနဦး လျှောက်ထားသူ ၅ သောင်းကျော်ရှိ

  ပြည် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲပေးရန်လျှောက်ထားသည့် ပုံစံ ၁၅ ဖောင်များအား စိစစ်နေစဉ် / ၂၀၂၀ ရွေးကောက်ပွဲ အထောက်အကူပြု ကော်မတီ-ကိုရီးယား 43.0k By  ထွန်းထွန်း  18 August 2020 Want create site? Find  Free WordPress Themes  and plugins. ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကြိုတင်မဲ ပေးရန် ပြည်ပနိုင်ငံအသီးသီးမှ လတ်တလော ရရှိထားသည့် ပုံစံ ၁၅ လျှောက်ထားလွှာ ၅၀၁၃၂ စောင်အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လွှဲပြောင်းပေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ယင်းတို့ လက်ခံရရှိခဲ့သည့် ပုံစံ ၁၅ ဖောင်များအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ သံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံး၊ ကောင်စစ်ဝန်ရုံးများမှ ဩဂုတ် ၁၄ ရက်နေ့ က ၄၆၃၁၇ စောင်၊ ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့တွင် ၃၈၁၅ စောင် လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံ အသီးသီးထံမှ ဆက်လက် ပေးပို့ လာမည့် ပုံစံ ၁၅ နှင့် ပုံစံ ၃ လျှောက်ထားလွှာ များကိုလည်း ရွေးကောက်ပွဲကော်မရှင်ထံ ထပ်မံလွှဲပြောင်းပေးမည် ဖြစ်ကြောင်းလည်း ဆိုထားသည်။ ယင်းအပြင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွ