Skip to main content

တိုင်းရင်းသား မဲဆန္ဒနယ်တချို့မှာ ရွေးကောက်ပွဲမလုပ်ဖို့ ကြေညာချက်အပေါ် ဝေဖန်မှုတချို့


17 ေအာက္တိုဘာ၊ 2020


မှတ်တမ်းဓါတ်ပုံ- ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတုန်းက မဲဆန္ဒရှင်တဦး မဲထည့်နေစဉ်

(Zawgyi/Unicode)

နိုဝင်ဘာ (၈)ရက်နေ့ပြုလုပ်မယ့် ၂၀၂၀ ရွေးကောက်ပွဲအတွင်း တိုင်းရင်းသားပြည်နယ် အများစုထဲက မြို့နယ် ကျေးရွာတချို့မှာ ရွေးကောက်ပွဲတွေ ကျင်းပဖြစ်တော့မှာ မဟုတ်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။ ဒါဟာ ဒေသခံ တိုင်းရင်းသားတွေရဲ့ မဲပေးပိုင်ခွင့်ကိုရော၊ ယှဉ်ပြိုင်ကြမယ့် တိုင်းရင်းသားပါတီတွေအတွက်ပါ အခွင့်အရေးတရပ် ထိခိုက်ဆုံးရှုံးစေပြီး၊ နိုင်ငံရေးအရ ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ပါတီခေါင်းဆောင်တချို့နဲ့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေးအဖွဲ့ တွေက သုံးသပ်ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်နဲ့ မွန် - ပြည်နယ် ၅ ခုနဲ့ ပဲခူးတိုင်းထဲက တချို့သော မြို့နယ်/ ကျေးရွာတွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အခြေအနေ မရှိတာကြောင့်ဆိုပြီး အဲဒီဒေသတွေမှာ နိုဝင်ဘာ (၈)ရက်နေ့ ရွေးကောက်ပွဲကို ကျင်းပနိုင်တော့မှာ မဟုတ်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က အောက်တိုဘာ (၁၆)ရက် သောကြာနေ့က ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

အဲဒီဒေသတွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဘာကြောင့် မကျင်းပနိုင်ရတာလဲ ဆိုတာကို UEC အနေနဲ့ အခုထက်ပိုရှင်းပြသင့်တယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး PACE အဖွဲ့ တာဝန်ခံ ဦးစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။
“ဒီ ရွေးကောက်ပွဲတွေကို လုံခြုံရေးအရသော်လည်းကောင်း ဒါမှမဟုတ်ရင် သဘာဝ ဘေးအန္တရာယ် အရသော်လည်းကောင်း အဲဒီအကြောင်းချက်တွေ ကြောင့်မို့လို့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ မကျင်းပနိုင်ဘူးဆိုရင် ၊ ရွေးကောက်ပွဲတွေကို ဖျက်သိမ်းတာ ရွှေ့ဆိုင်းတာ လုပ်လို့ရတယ်လို့ ဥပဒေမူဘောင်က ပေးထားတယ်။ အကယ်၍ ကိုဗစ်ကြောင့်မို့လို့ ကပ်ရောဂါကြောင့် မို့လို့ဆိုရင် ရန်ကုန်ကို ထည့်စဉ်းစားရမယ်။ အခုက ရွေးကောက်ပွဲ ဖျက်သိမ်းတဲ့ထဲမှာ ရန်ကုန် မပါဘူး။ ဆိုတော့ အခုဆုံးဖြတ်ချက်က လုံခြုံရေးပေါ်မှာ အခြေခံတာ ပိုများတယ်လို့ ကျနော်တို့ ပြောလို့ ရပါတယ်။ ဆိုတော့ လုံခြုံရေးအရတို့၊ သဘာဝ ဘေးအန္တရာယ် ဆိုတဲ့ဟာတွေကို တိတိကျကျ အဓိပ္ပါယ်ဖွင့်ဖို့ လိုပါတယ်။ အဲလိုမဟုတ်ရင် ရွေးကောက်ပွဲတွေ ဖျက်သိမ်းတယ်ဆိုတာဟာ လုပ်ငန်းပိုင်းဆိုတာထက်စာရင် နိုင်ငံရေးအရလည်း ကြီးမားတဲ့ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ ဆိုတော့ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ဒီထက်ပို ရှင်းပြဖို့လိုတယ်လို့ ကျနော်တို့ယူဆတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်တချက်က ဒီ ရွေးကောက်ပွဲ တွေကို ဘယ်တော့ ပြန်လုပ်မလဲ ဆိုတဲ့ဟာမျိုး .. အဲဒါမျိုး အချိန်ဇယားကို ထည့်သွင်း ပြောပြဖို့လိုတယ်။”

ရွေးကောက်ပွဲ မကျင်းပနိုင်ရတဲ့ အကြောင်းရင်းကိုသိဖို့ UEC ကော်မရှင်အဖွဲ့ တာဝန်ရှိသူတွေကို VOA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပါဘူး။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA တို့ တိုက်ပွဲဖြစ်ပွားနေဆဲပါ။ ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း (၁၇)မြို့နယ်ရှိတဲ့အနက် [ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး ] (၉)မြို့နယ်မှာ မြို့လုံးကျွတ် ရွေးကောက်ပွဲ လုပ်တော့မှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်တာကြောင့် ဒါဟာ ဒေသခံပြည်သူတွေ အတွက်ရော၊ တိုင်းရင်းသား နိုင်ငံရေးပါတီတွေအတွက်ပါ ဆုံးရှုံးမှုတရပ်ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီ ANP ရဲ့ဥက္ကဌ ဦးသာထွန်းလှက ပြောပါတယ်။

“ ဒါကတော့ တရားမျှတမှု မရှိနိုင်ဘူးဆိုတဲ့ ရွေးကောက်ပွဲ ကော်မရှင်က အဲဒီလိုသုံးသပ်တယ်ဆိုရင် ဒီသုံးသပ်ချက်ကို ကျနော်တို့ လက်ခံနိုင်တဲ့ အခြေအနေ မရှိဘူး။ အဓိက ကတော့ ကျနော်တို့သိသလောက်ဆိုရင် ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြောင့် ပြည်သူတွေ လုံလုံခြုံခြုံ မဲပေးနိုင်တဲ့ အခင်းအကျင်းမျိုးကို သူတို့ မဖန်တီးနိုင်တော့တဲ့ အခြေအနေရှိတဲ့ အတွက်ကြောင့် ကျနော်တို့ ရခိုင်ပြည်နယ်က ၉ မြို့နယ်မှာ ရွေးကောက်ပွဲ မလုပ်တော့ဘူးဆိုပြီး ဒီလိုကြေညာချက်ထုတ်တယ်လို့ပဲ နားလည်တယ်။ ရခိုင်ပြည်နယ်က ၁၇ မြို့မှာ ၉ မြို့နယ်ကိုပယ်ပြီး ၈ မြို့နယ်ပဲ လုပ်တယ်ဆိုတော့ ဒီ ရွေးကောက်ပွဲရလဒ်က ရခိုင်ပြည်သူအများစုကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲ မဟုတ်တော့ဘူးလို့ သုံးသပ်လိုပါတယ်။ ဘာလို့လည်းဆိုရင် ရွေးကောက်ပွဲဆိုတာက ပြည်သူအများစုကို ကိုယ်စားပြုဖို့ လိုတယ်လေ။ ဒီမိုကရေစီစနစ်မှာ ဥပဒေကြောင်းအရ ပြောဖို့ဆိုဖို့ လွှတ်တော်ကိုယ်စားလှယ် ရရှိခွင့် ၊ ရခိုင်ပြည်သူတွေမှာ ဆုံးရှုံးတယ်လို့ ကျနော်တို့မြင်ပါတယ်။”

ရခိုင်ပြည်နယ်မှာလိုပဲ ရှမ်းပြည်နယ်က [မိုင်းလား၊ ပန်ဆန်း၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်၊ မိုင်းကိုင်] (၆)မြို့နယ်မှာလည်း တမြို့နယ်လုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲ မကျင်းပဖို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်ထဲက [ ကျောက်မဲ၊ နောင်ချို၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ ကွတ်ခိုင်၊ မူဆယ်၊ မက်မန်း၊ မိုင်းတုန်၊ တန့်ယန်း၊ လားရှိုး၊ ကွမ်းလုံ၊ ကုန်းကြမ်း၊ ဟိုပန်] (၁၇)မြို့နယ်ထဲမှာတော့ တချို့ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲ ကျင်းပတော့မှာ မဟုတ်ဘူးလို့ UEC ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ကချင်ပြည်နယ်မှာဆိုရင် [ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်၊ မချမ်းဘော၊ မံစီ၊ မိုးမောက်၊ ရွှေကူ၊ ချီဖွေ၊ ဆော့လော်၊ တနိုင်း၊ ဝိုင်းမော်၊ အင်ဂျန်းယန် ] (၁၁) မြို့နယ်က ကျေးရွာအုပ်စု တချို့မှာ ရွေးကောက်ပွဲ မကျင်းပဖြစ်ဘူးလို့ UEC က ဆိုပါတယ်။ ဒါဟာ ဒေသခံတွေပေါ် အားထားနေရတဲ့ ကချင်ပါတီတွေ မဲရဖို့ ဆုံးရှုံးသ ွားစေတယ်လို့ ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ဒုဥက္ကဌ ဦးဂွမ်ဂရမ် အောင်ခမ်းက ပြောပါတယ်။

“ အခုဒီကြေညာချက်က ၂၀၁၅ တုန်းကလည်း ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့တဲ့ ဒေသတွေပဲဖြစ်တယ်။ အဲဒီဒေသတွေမှာ အခုရွေးကောက်ပွဲအတွက် မဲထည့်လို့ မရတော့ဘူးဆိုတော့ ကျနော်တို့ ကချင်ဒေသ ပါတီတွေအနေနဲ့ မဲရဖို့ ဆုံးရှုံးသွားတဲ့အပိုင်းလည်း ဖြစ်ပါတယ်။ ဆိုတော့ အခုလို ကြေညာတဲ့အခါကျတော့ လက်ရှိ NLD အစိုးရအနေနဲ့ သူတို့အတွက် အားသာချက်ဖြစ်စေတဲ့ သဘောမျိုးဖြစ်ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့တော့ တကယ်ပဲ လုံခြုံရေးကို အကြောင်းပြတာလား ဒါမှမဟုတ်ရင်လည်း သူတို့ ရှုံးမယ်ထင်လို့ ဒီလိုဖျက်သိမ်းတာလား ဆိုတာကတော့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ကျန်တဲ့ပါတီတွေပဲ သိပါလိမ့်မယ်။”

ကရင်ပြည်နယ်မှာဆိုရင် [ ဖားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဖါပွန်၊ သံတောင်] (၆)မြို့နယ်ထဲက ကျေးရွာတချို့၊ မွန်ပြည်နယ်က ဘီးလင်းမြို့နယ် ကျေးရွာအုပ်စု တချို့နဲ့ ပဲခူးတိုင်းထဲမှာတော့ ကျောက်ကြီး၊ ရွှေကျင်မြို့နယ်တွေထဲက ကျေးရွာတချို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဘူးလို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုပါတယ်။

 တိုက်ရိုက် လင့်ခ် 


............

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည်း ဒ

ဘုရားကျောင်းတိုက်ခိုက်ခံရပြီးနောက် ဖိလစ်ပိုင်က အကြမ်းဖက် နှိမ်နင်းမယ်လို့ဆို

In this photo provided by WESMINCOM Armed Forces of the Philippines, a soldier views the site inside a Roman Catholic cathedral in Jolo (AAP) Hide Grid Image 1 / Video