Skip to main content

Posts

Showing posts from September, 2020

"တည်ဆောက်သူကိုနှောင့်ယှက်ပါလျှင် အဖျက်သမားဖြစ်သွားမည်"

  "တည်ဆောက်သူကိုနှောင့်ယှက်ပါလျှင် အဖျက်သမားဖြစ်သွားမည်" ------ ------ ------ ----- ----- နိုင်ငံကျော်တရားဟောဓမ္မကထိက ဥူးကဝိသာရ (မော်ကျွန်းဆရာတော်)က“ဒီကနေ့ မြန်မာနိုင်ငံ လူ့အဖွဲ့အစည်းမှာဖြစ်နေတဲ့ ပြဿနာတိုင်းဟာ ကျဉ်းမြောင်းသော အသိအမြင်၊ အယူအဆသေးသိမ်သော၊ အစွန်းရောက်စိတ်ဓာတ်တွေနဲ့ တဘဝစာအကျိုးကိုပဲ ကြည့်နေကြသူတွေကြောင့် ဖြစ်နေတဲ့ အရာတွေပါပဲ။ မိမိဘဝကိုရော၊ မိမိပတ်ဝန်းကျင်ကိုရော၊ မိမိဘာသာတရားကိုရော၊ နောက်ဆုံး မိမိနိုင်ငံ မိမိလူမျိုးအတွက် ဘယ်လိုမှကောင်းကျိုး ဖြစ်လာစရာမရှိတဲ့ အစွန်းရောက်စိတ်ဓာတ်တွေကို ခဝါချပစ်ကြပါ။မေတ္တာတရားကသာ အရာရာကိုအောင်မြင်နိုင်တယ်ဆိုတာ သိလာပါလိမ့်မယ်။ အမုန်းစကားတွေ၊ အငြိုးအတေးတွေ၊ အဖျက်လုပ်ရပ်တွေ မလုပ်ကြပါနဲ့တော့လို့ အလေးအနက်ပြောချင်ပါတယ်''ဆရာတော်၏ တရားဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးပါတီတွေရဲ့ အကွဲအပြဲကိုအကြောင်းပြုပြီး ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းခဲ့တယ်။ ဗိုလ်ချုပ်ကြီးနေဝင်း ၂၆ နှစ်။ ဗိုလ်ချုပ်မှူးကြီးစောမောင် ၃ နှစ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၁၉ နှစ်။ နှစ်ပေါင်း ၄၈ နှစ်ကျော်ကာလတိုင် စစ်ခေါင်းဆောင်တွေ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကဗျာ

 

ထောင်နန်းစံ ရဟန်းသံဃာတော်များ

"ဟေ့ကောင်.. ထောင်မှာ ဘုန်းကြီးမရှိဘူး နားလည်လား? အချုပ်နဲ့အကျ နှစ်မျိုးပဲရှိတယ် နောက်တစ်ခါဆိုရင် ထုတ်ရိုက်ပစ်မယ်" (ဒါက မန္တလေးအိုးဘိုထောင် ထောင်မှူးကြီးမြမောင် ရဲ့ စကားပါပဲ) (၁၉၉၀) ခုနှစ်အတွင်း မန္တလေးနန်းတွင်းထောင် သီးသန့် (၂)ဆောင်မှာရှိနေတုန်း တစ်ညနေစောင်းကျတော့ ဇွတ်အတင်းလူဝတ် အလဲခံထားရတဲ့ အကျဉ်းကျသံဃာတွေကို ဧရာမစဉ့်နှီတုံးကြီးပေါ်မှာ သူတို့ခြေထောက်တွေအတင်ခိုင်းပြီး ခြေကျဉ်းရိုက်တာမြင်ခဲ့ရတယ် သူတို့အားလုံးကို စစ်အစိုးရက စိတ်ကောင်းစေတနာကောင်းတွေထားပြီး ရဲဘက်စခန်းတွေဆီပို့့လိုက်တာပါ ရဲဘက်စခန်းအပို့ခံရတဲ့ ရဟန်းတွေထဲက မန္တလေးခင်မကန်တိုက်ဆရာတော် ဦးဓမ္မ အပါအဝင် ရဟန်း(၁၂)ပါးခမျာ ကချင်ပြည်နယ် "ကြိမ်ခရန်ခ "ရဲဘက်စခန်းမှာ ပျံလွန်တော်မူရှာပါတယ် အဲဒီတုန်းကခြေကျဉ်းသံတွေကို နားထဲမှာခုထိ ကြားယောင်နေမိတုန်းပါပဲ ခြေကျဉ်းရိုက်ဖို့ တူအထုခံနေရတာ အောက်ခံ စဉ့်နှီတုံး မဟုတ်တော့ဘဲ ကျွန်တော်တို့နှလုံးသားဖြစ်သွားတယ် (၁၉၉၂)ခုနှစ် ဒုတိယအခေါက် နန်းတွင်းထောင်မကြီး (၃)တိုက်ထဲနေရပြန်တော့ အစိုးရဆန့်ကျင်စာ ဖယောင်းကူလှိမ့်ပေးရာကနေ ထောင်ချခံရတဲ့ အသိဦးဇင်းတစ်ပါးကို ထောင်မကြီး အကျသစ်ဆိုက်ရောက်နေတာ ဖူးတ