လွန်ခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ကြံခိုင်ရေးအမတ်ဟောင်း ဦးလှဆွေက ကြံခိုင်ရေးဟာ ၂၆ % မဲရရင် တပ်မတော်သားကိုယ်စားလှယ် ၂၅% နဲ့ ပေါင်းပြီး အစိုးရ ဖွဲ့နိုင်တယ်လို့ ပြောခဲ့ပါတယ်။
ကြံခိုင်ရေးပါတီဟာ ဘူးလက်လှဆွေ ပြောသလို ဖြစ်မလာပဲ ၂၀၁၅ မှာ မဲရှုံးသွားတဲ့အခါ၊ စစ်တပ်ရဲ့ ခါးပိုက်ဆောင် ပါတီတွေဟာ ၂၀၀၈ အခြေခံဥပဒေကို ပိုမို တင်းကြပ်ဖို့ အကြံထုတ်လာပါတယ်။
NLD အစိုးရသက်တမ်းအတွင်း လွှတ်တော်ထဲမှာ ကြံခိုင်ရေး အမတ် ဦးမောင်မြင့် အဆိုတင်သွင်းသွားတဲ့ (၃) ချက် ကို လေ့လာကြည့်ရအောင်
(၁) တပ်မတော်သားကိုယ်စားလှယ် ၂၅% ကနေ ၅၀% အထိ တိုးမြှင့်ဖို့ ပုဒ်မ ၄၃၆ ကို ပြင်ပါလိမ့်မယ်။
စစ်အမတ် ၅၀% ဖြစ်သွားရင် သာမန်ဥပဒေလေးတွေကအစ စစ်တပ်က ၅၀% နဲ့ ကြံခိုင်ရေး ၁မဲ ရရုံဖြင့် ပြဌာန်းအတည်ပြုနိုင်ပါတယ်။
(၂)နိုင်ငံတော်သမ္မတ အမိန့်မရပဲ ကာလုံကို ခေါ်ယူခွင့် ကို ပုဒ်မ ပြင်သွားပါလိမ့်မယ်။
ကာလုံမှာ စစ်တပ်က တစ်မဲ အသာရထားသည့်အ တွက် သမ္မတ အာဏာမရှိတော့ပဲ၊ အကြောင်းအ မျိုးမျိုးပြကာ အစိုးရရဲ့ ဆောင်ရွက်ချက်ကို လွှမ်း မိုးချုပ်ကိုင်နိုင်ပါတယ်။
(၃) နိုင်ငံတော်သမ္မတ နဲ့ လွှတ်တော် တို့၏ ဆုံး ဖြတ် ချက် ရယူစရာ မလိုဘဲ စစ်တပ်က နိုင်ငံ တော်အာဏာကို "တရားဝင်" ထိန်းသိမ်းခွင့် ပုဒ်မကို ပြင်သွားပါလိမ့်မယ်။
ဒါဟာ သူတို့ အစိုးရဖြစ်သွားရင် လုပ်မယ့် အစီအ စဉ် ဖြစ်ပါတယ်။
ထိုအကြံအစည်ကို ကြံခိုင်ရေးအမတ် ဦးမောင်မြင့်က အဆိုတင်သွင်းခဲ့သော်လည်း NLD အများစု ရှိတဲ့ လွှတ်တော်ထဲမှာ မအောင်မြင်ခဲ့ပါ။
အကယ်၍ ၂၀၂၀ မှာ NLD သာ မဲအပြတ်အသတ် မနိုင်ရင် ကြံခိုင်ရေး နဲ့ အပေါင်းပါ ပါတီတွေရဲ့ ညွန့်ပေါင်း အစိုးရ ဖြစ်လာရင်...
ကြံ့ဖွံ့နဲ့ စစ်တပ် ပေါင်းပြီး ၂၀၀၈ အခြေခံဥပဒေကို ပိုဆိုးအောင် ပြင်သွားမယ့် သဘောရှိနေပါတယ်။ ဒါဟာ တိုင်းပြည်နဲ့ ပြည်သူများအတွက်လည်း အန္တရာယ်ရှိပါတယ်။
ကြံခိုင်ရေး မင်းကင်းအမတ် ဦးမောင်မြင့် တင်ခဲ့တဲ့ အဆိိုတွေကို ထပ်မံ တင်ပါမယ်။ ကျိန်းသေပေါက် အတည်ပြုသွားပါလိမ့်မယ်။ အထက်ဖော်ပြပါ အချက် သုံးချက်သာမက အခြား ပုဒ်မများစွာကို "အဆိုးဘက်သို့ " ပြင်သွားပါလိမ့်မယ်။
NLD က အပြတ်အသတ် နိုင်မှသာ "အကောင်းဘက်သို့ " ပြင်မှာ ဖြစ်ပါတယ်။ ချက်ချင်း မပြင်နိုင်တောင်မှ၊ ယခုအနေအထားအတိုင်း စစ်အမတ် ၂၅% ရဲ့ ကန့်လန့်တိုက်မှုကြားက တဖြည်းဖြည်း စီးပွားရေး တိုးတက်ရေး၊ မိုးကျ ကင်းရှင်းသည့် အစိုးရယန္တရား ပြင်ဆင်ရေး၊ အဂတိကင်းစင်ရေး၊ ၂၁ ပင်လုံ ငြိမ်းချမ်းရေး မှတဆင့် အခြေခံဥပဒေပြင်ဆင်ရေးကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ညွန့်ပေါင်းအစိုးရဟာ လပိုင်းမျှ ယာယီသာ ခံပြီး ကြံခိုင်ရေးက ပုဒ်မ ၄၃၆ ကို ပြင်ပြီးတာနဲ့ စစ်အမတ် ၅၀% ထပ်တိုးပြီး ၊ ကျန် ဥပဒေတွေကို ကာချုပ် စိတ်ကြိုက် ပြဌာန်းပါလိမ့်မယ်။
အချိန်မရွေး သမ္မတ အမိန့်မပါပဲ တရားဝင် အာ ဏာသိမ်းခွင့် ရသွားပါလိမ့်မယ်။ အာဏာမသိမ်းတောင်မှ သမ္မတကို ကာလုံနဲ့ ချုပ်ကိုင်ပြီး အစိုးရနဲ့ လွှတ်တော်ဟာ ကာချုပ်ရဲ့ ရုပ်သေးရုပ်ဖြစ်သွားပါလိမ့်မယ်။
မလုပ်ရဲတာ ဘာမှ မရှိဘူးဆိုတဲ့ လူမိုက်တစ်ယောက် အောက်မှာ နိုင်ံငံတော် အာဏာ ကို လုံးဝ ဥဿုံ ထိုးထည့်ကြမှာလား မိမိဘာသာ ဖြေကြည့် ပါ။
Vote for NLD ✔️❤️
Comments
Post a Comment