Skip to main content

COVID-19 ရောဂါပြန်ကောင်းလာသူများ၏ သွေးရည်ကြည်ဖြင့် ကုသသော လူနာများ အသက်ရှင်နိုင်ခြေပိုများ

COVID-19 ရောဂါပြန်ကောင်းလာသူများ၏ သွေးရည်ကြည်ဖြင့် ကုသသော လူနာများ အသက်ရှင်နိုင်ခြေပိုများ

Saturday, May 30, 2020 - 00:22
COVID-19 ရောဂါကူးစက်ပြီး ပြန်ကောင်းလာသူများထံမှ ပဋိပစ္စည်းများပါဝင်သည့် သွေးရည်ကြည် ဖြင့် ကုသသောလူနာများသည် ယင်းသွေးရည်ကြည်ဖြင့် မကုသသောလူနာများထက် အသက်ရှင်နိုင်ခြေနှစ်ဆ ပိုများကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

COVID-19 ရောဂါဖြင့် ဆေးရုံတက်ရသူများကို ၎င်းတို့ခန္ဓာကိုယ်တွင် ဗိုင်းရပ်စ်ကို တွန်းလှန်နိုင်သည့် ပဋိပစ္စည်းများ ထွက်ပေါ်လာစေရေး သွေးရည်ကြည်ကို ထိုးသွင်းပေးသောနည်းဖြင့် ကုသသည်။
နယူးယောက်စီးတီးမြို့ မောင့်ဆီနိုင်းဆေးရုံမှ သုတေသီများ၏ အထက်ပါလေ့လာမှုအတွင်း သွေးရည် ကြည်ဖြင့် ကုသမှုခံယူသည့်လူနာများသည် အောက်ဆီဂျင်အကူအညီမလိုဘဲ သေဆုံးနိုင်ခြေနည်းကာ ရောဂါ သက်သာပျောက်ကင်းနိုင်ခြေပိုများကြောင်း တွေ့ရှိခဲ့သည်။
ကျန်းမာရေးကျွမ်းကျင်သူများက COVID-19 ရောဂါကို သွေးရည်ကြည်ဖြင့် အောင်မြင်စွာကုသနိုင်ခြေရှိ သည်ဟု ပြောထားသော်လည်း လှူဒါန်းသူနည်းပါးခြင်းနှင့်ဆရာဝန်များက မည်သည့်လူနာကို ဦးစားပေးကုသ ရမည်ဆိုသည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။
ရောဂါပြန်ကောင်းသူများထံမှ ထုတ်ယူထားသောသွေးရည်ကြည်များဖြင့် COVID-19 ရောဂါဒဏ်အ သည်းအသန်ခံစားနေရသူများကို စမ်းသပ်ကုသမှုများပြုလုပ်နေသည်။
သွေးရည်ကြည်ဖြင့် ကုသမှုခံယူရသူများသည် ရောဂါပြင်းထန်သောအဆင့်သို့ ရောက်ရှိသူပိုနည်းပါး၊ သေဆုံးမှုလည်းပိုနည်းပါးကြောင်း အမေရိကန်သုတေသီများကပြောသည်။ သွေးရည်ကြည်ဖြင့် ကုသခြင်းကို အမေရိကန်ဆေးဝါးနှင့် အစားအစာကွပ်ကဲရေးဌာနက ပြီးခဲ့သည့်လက ခွင့်ပြုခဲ့သည်။
တရုတ်နိုင်ငံမှ လေ့လာမှုကလည်း သွေးရည်ကြည်ဖြင့် ကုသပါက ရောဂါပြင်းထန်မှုလျော့နည်းကာ နေ မကောင်းဖြစ်ချိန်ပိုတိုတောင်းစေကြောင်း ဖော်ပြထားသည်။
_ref:Daily Mail

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...