Skip to main content

ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းအန္တရာယ် နှင့် ရေနွေးကြမ်း

ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းအန္တရာယ် နှင့် ရေနွေးကြမ်း
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr. Thiha Phyo Myint
ဆီးလမ်းကြောင်းမှာ ကျောက်တည်ခြင်းရဲ့ အစဟာ ကျောက်ကပ်မှာ ကျောက်ဖြစ်စေမယ့်အရာလေးတွေ အနည်ထိုင်စုစည်းရာက စပါတယ်။ ဆီးကျောက်အမျိုးအစား ၄ မျိုးရှိတဲ့ အထဲမှာ အများစုဟာ calcium oxalate ကြောင့် ဖြစ်ကြရတာ ဖြစ်ပါတယ်။
oxalate ဆိုတာ ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစား‌‌အသောက်တွေထဲမှာ ပါဝင်တဲ့ သဘာဝပစ္စည်းတစ်ခုဖြစ်တဲ့အပြင် အသည်းကနေလည်း နေ့စဉ် ထုတ်လုပ်ပါတယ်။ ကျောက်ကပ်ထဲမှာ စပြီးအနည်ထိုင်ဖြစ်တည်လာတဲ့ ကျောက်သေးသေးလေးတွေဟာ များသောအားဖြင့် အန္တရာယ်မရှိဘဲ ဆီးထဲကနေပဲ ခန္ဓာကိုယ် ပြင်ပရောက်အောင် စွန့်ထုတ်လေ့ရှိပါတယ်။ သို့သော်လည်း ကျောက်ဟာ တဖြည်းဖြည်းကြီးလာပြီး ဆီးလမ်းကြောင်း (ဆီးပြွန်)မှာ တစ်သွားတဲ့အခါ နာကျင်မှုဝေဒနာကို စတင်ခံစားရတော့တာပါပဲ။
Tea (လက်ဖက်ရည်ကြမ်း) ဟာ အထက်မှာ ဖော်ပြခဲ့တဲ့ oxalate ကြွယ်ဝစွာပါဝင်တဲ့အတွက် ဆီးလမ်းကြောင်းမှာ ကျောက်တည်တတ်သောသူများအတွက် ရှောင်ကြဉ်ရမယ့် အစားအသောက်တစ်ခုပဲ ဖြစ်ပါတယ်။ သေချာတာက‌ေတာ့ လက်ဖက်ရည် အမျိုးအစားပေါ်မူတည်ပြီး oxalate ပါဝင်မှုနှုန်းလည်း မတူနိုင်ပါဘူး။
ရေနွေးနဲ့စိမ်သောက်တဲ့ လက်ဖက်ခြောက်ထုပ်လေးတွေ နဲ့ မြန်မာလူမျိုးတို့ သောက်သုံးလေ့ရှိတဲ့ လက်ဖက်ခြောက်အရွက် ခတ်သောက်တာမျိုးမှာ လက်ဖက်ခြောက် ၁ ဂရမ်တိုင်းမှာ ၅မီလီဂရမ် ဝန်းကျင်ခန့် ပါရှိပါတယ်။ Green tea နဲ့ oolong tea တို့မှာတော့ လက်ဖက်ခြောက် ၁ ဂရမ်မှာ ၀.၂၃ မှ ၁ မီလီဂရမ်ခန့်သာ ပါဝင်ပါတယ်။ ဒါကြောင့် မိမိဟာ ရေနွေးကြမ်းမသောက်ရမနေနိုင်သူဆိုရင် oxalate ပါဝင်မှုနည်းတဲ့ green teaတို့ herbal tea တို့ကိုသာ ရံဖန်ရံခါ သောက်သုံးပေးနိုင်ပါတယ်။
အခုလို ပူပြင်းလှတဲ့ နွေရာသီများဆိုရင် Iced tea တွေ အသောက်များလှပါတယ်။ ချွေးထွက်များပြီး ရေဓာတ်လိုအပ်နေချိန်မှာ ရေအစား iced tea အများကြီးသောက်လိုက်တာဟာ ဆီးလမ်းကြောင်းမှာ ကျောက်တည်ဖို့အတွက် တွန်းပို့နေသလိုဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ရေဆာရင် ရေ များများသောက်ပါ။ ဒါမှမဟုတ် lemonade သောက်ပါ။ သံပုရာရည်စစ်စစ်မှာ ပါဝင်တဲ့ citrate ဓာတ်ဟာ ဆီးလမ်းကြောင်းမှာ ကျောက်မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...