Skip to main content

ကျေးရွာပေါင်း ၉၇၈၀ ရွာ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မည့် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ဆောင်ရွက်လျက်ရှိ

ကျေးရွာပေါင်း ၉၇၈၀ ရွာ
လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မည့်
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း
(NEP) ဆောင်ရွက်လျက်ရှိ
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ပထမအဆင့် နှစ်မိုင်အတွင်း ကျေးရွာများနှင့် ဒုတိယအဆင့် ငါးမိုင်အတွင်း ကျေးရွာများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ပေါင်း ၉၇၈၀၊ အိမ်ထောင်စုပေါင်း ၁၁၆၆၄၃၁ စုရှိ လူဦးရေ ၅ ဒသမ ၅ သန်းခန့်တို့ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မည်ဖြစ်ပြီး တစ်နိုင်ငံလုံး နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု ရာခိုင်နှုန်း ၁၀ ဒသမ ၇၂ ခန့်အထိ တိုးတက်သုံးစွဲလာနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာသန်း ၃၁၀ ရယူပြီး အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (NEP) ပထမအဆင့်အနေဖြင့် ဓာတ်အားစနစ်မှ နှစ်မိုင်အတွင်း ကျေးရွာ ၅၀၈၀ ရွာကို ဓာတ်အားရရှိရန် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၇ ရက်အထိ စုစုပေါင်း ၁၈၉၁ ရွာတွင် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီး၍ ၁၀၉၁ ရွာတွင် ဓာတ်အားဖြန့်ဖြူးပေးနေပြီဖြစ်သည်။
ပထမအဆင့်စီမံကိန်း ပြီးစီးပါက ကျေးရွာပေါင်း ၅၀၈၀ ရှိ အိမ်ထောင်စုပေါင်း ၆၂၆၇၅၇ ခန့်အား ဓာတ်အား စနစ်မှ လျှပ်စစ်ဓာတ်အားရရှိနိုင်မည်ဖြစ်ပြီး တစ်ဆက်တည်း ဒုတိယအဆင့်အနေဖြင့် ဓာတ်အားစနစ်မှ ငါးမိုင်အတွင်း ကျေးရွာ ၄၇၀၀ ကိုလည်း ဓာတ်အားရရှိရန် တစ်ပြိုင်တည်းစီစဉ်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ NEP ဒုတိယအဆင့်အတွက် ကျေးရွာများအနေဖြင့် ချင်းပြည်နယ်တွင် ၁၁၃ ရွာ၊ မွန်ပြည်နယ်တွင် ၄၂ ရွာ၊ ရခိုင်ပြည်နယ်တွင် ၁၇ ရွာ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ၂၀၁ ရွာ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ၂၀၄ ရွာ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ၁၅ ရွာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၅၅၉ ရွာ၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)တွင် ၅၇၆ ရွာ၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တွင် ၇၈၅ ရွာ၊ မကွေးတိုင်းဒေသကြီးတွင် ၃၈၆ ရွာ၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၁၄၃၄ ရွာ၊ မန္တလေးတိုင်းဒေသကြီးတွင် ၃၅၅ ရွာနှင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)တွင် ၁၃ ရွာ စုစုပေါင်းကျေးရွာ ၄၇၀၀ ကို ဓာတ်အားရရှိနိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး ၎င်းစီမံကိန်းပြီးမြောက်သွားပါက အိမ်ထောင်စုအရေအတွက် ၅၃၉၆၇၄ စုအား လျှပ်စစ်ဓာတ်အား ရရှိသွားမည်ဖြစ်သည်။
#TheMandalayNewsJournal
ဧရာဝတီရဲသွေးနည်
ZN.H 🇦🇺

Comments