လူတစ်ယောက် သေပြီးရင် ဘာတွေ လှူလို့ရလဲဆိုတာ အပြည့်အစုံ သိထားရန်
လူတစ်ယောက် သေပြီးရင် ဘာတွေ လှူလို့ရလဲဆိုတာ အပြည့်အစုံ သိထားရန်
လူတစ်ယောက်သေပြီးပြီးချင်း သင်ကိုယ်တိုင် လှူနိုင်သော အလှူတစ်ခု
#လူတစ်ယောက်သေပြီးပြီးချင်း
(1)နှလုံးက10မိနစ်အထိရှင်ပါတယ်။
(2)ဦးနှောက်ကမိနစ်20အထိရှင်တယ်။
(3)မျက်လုံးက4နာရီအထိရှင်ပါတယ်။
(4)အရေပြားကငါးရက်အထိရှင်ပါတယ်။
(5)အရိုးကရက်30အထိရှင်တယ်လို့ သိရတယ်။
သေလွန်ပြီးတဲ့အချိန်မှာ လူတစ်ယောက်က သုံးရက်အကြာမှာ လက်သည်းခွံတွေ ကြွေတယ်။
လေးရက်အကြာမှာ ဆံပင်တွေ ကျွတ်တယ်။
ငါးရက်အကြာမှာဦးနှောက်က အရည်ပျော်တယ်။
ခြောက်ရက်အကြာမှာ အစာအိမ်က အရည်ဖြစ်ပြီး ပါးစပ်နဲ့ ဒွါရပေါက်ကနေ ယိုစီးတယ်။
ရက်ခြောက်ဆယ်အကြာမှာ အရိုးက ကမ္မဌာန်းရုပ်ကလွဲလို့ ဘာမှမကျန်အောင် ခြောက်သွေ့သွားတယ်။
လူတစ်ယောက်က သူသေဆုံးပြီးနောက် အလှုနှစ်ခု ထပ်မံပြုလုပ် လှူဒါန်းနိုင်ပါသေးတယ်။
အဲဒါကတော့ မိမိရဲ့ခန္ဓာကိုယ်ကို လှုဒါန်းခြင်းနဲ့ မျက်ကြည်လွှာ လှူဒါန်းနိုင်ခြင်းတို့ပဲ ဖြစ်တယ်။
သေဆုံးပြီးနောက်တန်ဖိုးမရှိ သုံးမရတော့တဲ့ ခန္ဓာကိုယ်ကို မီးလောင်တိုက်သွင်းပြီး ပြာကျခံမယ့်တူတူ အကျိုးပြုပေးနိုင်မယ့် နေရာတွေမှာ လှုဒါန်းပေးလိုက်တော့ …..
အလှူနှင့် အမြင်အာရုံ ချို့တဲ့သူတွေ အတွက် အလင်းဓါတ်အမြင်ဓါတ် ရရှိပိုင်ဆိုင်စေဖို့ မျက်ကြည်လွှာ လှူဒါန်းခြင်း အလှူတွေလှူဒါန်းသွားလို့ရတယ်။
လူတစ်ယောက်သေဆုံးပြီးနောက် (4) နာရီ အတွင်း မျက်ကြည်လွှာက ရှင်နေသေးတဲ့အတွက် လှုဒါန်းထားလို့ရတယ်။
ဆန္ဒရှိပါက ခန္ဓာကိုယ်ပါ ထပ်လှုလို့လဲရတယ်။ ဆေးပညာအကျိုး ဖြစ်ထွန်းစေတယ်။
ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်ဖို့ ပညာသင်ကြားတဲ့ နေရာမှာ အထောက်အကူပြုတယ်။အချို့ကတော့မသိလို့ အဆက်စပ်မရှိလို့ မလှုဖြစ်ကြသူတွေ ရှိတယ်။
ကျွန်မကတော့ သေဆုံးပြီး ကိုယ့်အတွက် အကျိုးမရှိပဲ ပုပ်သိုးပြီး သုံးမရ အလဟဿ အဖြစ်မခံနိုင်လို့ ခင်တွယ်မမက်မောပဲ ပြတ်သားတဲ့စိတ်နဲ့ အကျိုးပြုပေးမယ့် နေရာမှာ လှုဒါန်းဖြစ်ခဲ့တာ ကြာခဲ့ပြီ။
လှုဒါန်းလိုသူများ city mallနားက ဆေး(၁)မှာလဲလှုလို့ ရသလို မြောက်ဥက္ကလာဆေး(၂)မှာ လှုလို့ရပါတယ်။
မျက်ကြည်လွှာကိုတော့ ကန်ပတ်လမ်း မျက်စိဆေးရုံကြီး အပေါ်ဆုံးထပ်မှာ လှုဒါန်းနိုင်ပါတယ်။
မျက်စိဆေးရုံရောက်ရင်တော့ မျက်မမြင် လူနာပေါင်းများစွာကို တွေ့ရင် ငါ့ဆုံးဖြတ်ချက် မှန်ပါလားဆိုတဲ့ မုဒိတာစိတ်တွေ တိုးလာပါလိမ့်မယ်။
လှုဒါန်းလိုသူများမှတ်ပုံတင်ရယ် ဓါတ်ပုံလေးပုံရယ် မိသားစုဝင် တစ်ဦးရယ်တော့ ခေါ်သွားရပါလိမ့်မယ်။
ပိုစ့်ပိုင်ရှင်အား #credit ပေးပါသည် ။ကျေးဇူးပြု၍ ရှယ်ပေးခြင်းဖြင့်မျှဝေပေးကြပါခင်ဗျာ….။
unicode
Comments
Post a Comment