Skip to main content

ဒေါ်စု ဘာလုပ်နေလဲ ပြေတဲ့ကောင်တွေ ဖတ်ကြည့်

"ဒေါ်စု"ဘာလုပ်နေလဲ ?
🎴🔈🔇🔔🔉📣🔊📢
Credit:Kyaw Khaing
🔹🔸🔹🔸🔹🔸🔹
စိတ်ထဲရှိတာ တစ်ခုပြောမယ်
တိုင်းရင်းသားတွေနဲ့စစ်တပ်နဲ့တိုက်ကြတော့ စစ်တပ်ကကျရင်စစ်တပ်ဖက်ကလူတွေကနာကြတယ်
*"ဒေါ်အောင်ဆန်းစုကြည်ဘာလုပ်နေလဲတဲ့ "တိုင်းရင်းသားတွေကို ဘာမှမပြောဘူးတဲ့ ဒါကစစ်တပ်ဖက်က
တိုင်းရင်းသားတွေဖက်ကကျတာများလာတော့လဲ တိုင်းရင်းသားဆိုင်ရာမျိုးနွယ်စုတွေကနာကြတယ်
*"ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်နေလဲတဲ့" စစ်တပ်ကိုဘာမှမပြောဘူးတဲ့ ဒါကတိုင်းရင်းသားဖက်က
ဟုတ်ကဲ့စစ်တပ်ဖက်ကိုရော၊တိုင်းရင်းသားလက်နက်ကိုင်ရော၊လက်နက်မကိုင်ရော "လက်သည်းဆိတ်လို့လက်ထိပ်နာတတ်သူများ အားလုံး -အားလုံးမေးပါ့မယ်"_
_စစ်တပ်နဲ့တိုင်းရင်းသားတွေကို ဒေါ်စုကစစ်တိုက်ခိုင်းထားတာလား ?
_ဒေါ်စုကြောင့် စစ်တိုက်နေကြတာလား ?
_ဒေါ်စုနိုင်ငံတော်အတိုင်ပင်ခံရာထူးရမှ ထတိုက်ကြတာလား ?
_ဒေါ်စုက ကာချုပ်လား?
_ဒေါ်စုက စစ်ဦးစီးချုပ်လား?
_ဒေါ်စုအကျိုးစီးပွားအတွက် စစ်တပ်ကတိုက်နေတာလား ?
_ဒေါ်စုအကျိုးစီးပွားအတွက် တိုင်းရင်းသားလက်နက်ကိုင်တွေတိုက်နေတာလား?
_ပြီးတော့ခုတိုက်နေကြတဲ့လူတွေကရော ဒေါ်စုလောက်အရည်အချင်းရှိကြပါသလား? ရှိတယ်ဆိုလက်နက်စွန့်ပီး ဒေါ်စုလိုနှလုံးရည်နဲ့ပြည်သူ့ခေါင်းဆောင်ဖြစ်အောင် ထွက်လုပ်ကြပါလား
_ဒေါ်စုက လက်နက်မစွန့်ခိုင်းတာလား ?
_ဒေါ်စုအပျိုမဖြစ်ခင်ထဲကဖြစ်နေတဲ့တိုက်ပွဲ "ခုမှဘယ့်နှယ်ထစ်ကနဲဆိုနှစ်ဖက်လုံး ဒေါ်စု ဒေါ်စုနဲ့
ဒေါ်စုများ မှော်ဒုတ်တံကိုင်ထားတဲ့မှော်ဆရာကျလို့"
ပြီးခဲ့တဲ့၁၉၉၄ ကစလို့ ၂၀၁၁ ထိကိုကြီး၊ ညီလေး ဂဘူ ဂနောင် အန်ထယ်နန်းထယ် ဂဂျာအီး ဂဂျာအိုင် နန်ဖက်ငိုင်ဖက် လုပ်လာ၊ပေါင်းစားလာတုန်းကတော့ ဒေါ်စုနာမည်ကို ယောင်လို့တောင်မထွက်ခဲ့၊
မထွက်ရဲခဲ့ကြ
_အရင်စစ်အာဏာရှင်တွေနဲ့ပေါင်းပြီး ကျောက်တူး၊သစ်ခုတ်ရောင်းစားလာတုန်းကတော့ ဘာသံမှမထွက်
_ပေါင်းတူး၊ပေါင်းခုတ်နေတုန်းတော့ ဒေါ်စုဆီကို သစ်ဆိုလို့ သွားကြားထိုးတံတစ်ချောင်းတောင်မရောက်၊ ကျောက်ဆိုရင်လဲ ဟိုအစေ့လောက်ဘဲရှိတဲ့ ကျောက်စေ့တစ်စေ့တောင်မရောက်
ကိုဇာဂနာစကားလိုပြောရရင် ဒေါ်စုအကျယ်ချုပ်ကျနေတုန်းက ခုကချင်ပြည်နယ်မှာတိုက်နေပါတယ်ဆိုတဲ့ စစ်ခေါင်းဆောင်တွေထဲက ဘယ်လိုတိုင်းရင်းသားခေါင်းဆောင်ကများ ငါးခြောက်တစ်ဖတ်ပို့ပေးဖူးပါသလဲ
လွှတ်ပေးပါလို့ရော စစ်အစိုးရကို တောင်းဆိုပေးဖူးသလား ?
စစ်အစိုးရငြိုငြင်မှာကြောက်ပီး ဒေါ်စုနာမည်တောင်မပြောရဲခဲ့ဖူးမဟုတ်လား ?
_တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေဆိုတာ ဒေါ်စုအကျယ်ချုပ်ကျနေကတဲက စစ်တပ်ခေါင်းဆောင်တွေနဲ့ရင်းနှီးပြီးသားပဲ ခုမှဒေါ်စုကခေါ်ပြီးမိတ်ဆက်ပေးရမှာလား ?
-သူ့ခွက်ကိုယ့်ခွက်စားနေတုန်းတော့အသံမထွက်
ကုန်ခါနီးခွက်လုကြတော့မှ
အဝေမတဲ့စားခွက်လု ထကိုက်ကြတော့မှ ဒေါ်စုဘာလုပ်နေလဲတဲ့ !
နင့်မေကလွားတယ်လို့သာ ပြောချင်တော့တာ
ညစာစားပွဲတွေအတူတက်
လက်ဆွဲတွေနှုတ်ဆက်
ပခုံးတွေဖက်လှဲတကင်းတွေနဲ့ နှစ် ၁၀၀ လောက်ခွဲခွာနေရပီးပြန်တွေ့ရတဲ့ ပထွေးနဲ့မယားပါသားတွေကျလို့
ညောင်နှစ်ပင်ညီလာခံတွေအတူတက်
အတူလိမ်
၂၀၀၈ နာဂစ်ခြေဥကိုအတူရေးဆွဲတုန်းကတော့ တသက်မခွဲတော့မယ့်ပုံလိုဟုတ်လို့
မြို့ထဲကတိုင်းရင်းသားတွေကို သိပ်စိတ်မပူနဲ့ သူတို့ကသူတို့ဖာသာ သူတို့အဆင်ပြေတယ်
အနီးနားကစုတ်ပြတ်သတ်နေတဲ့သူတောင်းစားသာသာ ဝါးတဲဖက်မိုးပြီး လူလိုမနေရတဲ့ ကလေးတွေရဲ့ဘဝတွေကို အရင်မြှင့်တင်ပေးပါ
စစ်ခေါင်းဆောင်တွေစီးတဲ့ကားဖြတ်သွားလို့ ထကျန်ရစ်တဲ့ဖုံမှုန့်နဲ့သူတို့ကို နှာစေးချောင်းဆိုးမဖြစ်ပါစေနဲ့
***_ပြောလိုက်ရင် နှစ်ဖက်လုံးက ပြည်သူကောင်းစားရေး
လုပ်လိုက်ရင် ပြည်သူတွေသူတောင်းစားဖြစ်ယ့်အပေါက်ကြီးပဲ
နှစ်ဖက်လုံးသတ္တိသိပ်ကောင်းနေရင်
ပြည်သူတွေမရှိတဲ့ကွင်းပြင်ထဲ
ရော့မင်း လူ ၁၀၀ ၊သေနတ် ၁၀၀
လာထား ငါလဲလူ ၁၀၀၊သေနတ် ၁၀၀
လာ ချမယ် လုပ်ကြပါလား
ဘယ်နှယ့်အဲလိုတော့မလုပ်ကြပဲ
ပြည်သူတွေကြားထဲ လာမိုင်းထောင်
လာမိုင်းခွဲ
ဓမြ(ဓားပြ)ဆန်ဆန်ပိုက်ဆံတောင်း
မပေးရင် ကျည်ဆံပို့လိုက်မယ်တောင်ပါသေး
ဘယ်ဖက်ကထောင်မှန်းမသိ တက်နင်းမိလိုက်တဲ့မိုင်း ပြည်သူတွေမှာ *သေတဲ့သူကသေ
*ပြတ်တဲ့သူက ပြတ်
*ကန်းတဲ့သူက ကန်း
ပင်းတဲ့သူက ပင်း
*မုဆိုးမဖြစ်တဲ့မိန်းမက မုဆိုးမဖြစ်
*မုဆိုးဖိုဖြစ်ဖြစ်တဲ့ယောက်ျားက မုဆိုဖိုဖြစ်
*သားမဲ့တဲ့မိဘက သားအားကိုးရာတွေမဲ့
*သမီးမဲ့တဲ့မိဘက သမီးအားကိုးရာတွေမဲ့
*အဖေမဲ့တဲ့ကလေးက အဖေမဲ့
*အမေမဲ့တဲ့ကလေးက အမေမဲ့လို့
နောက်တော့သူတို့တွေက လက်ဆွဲတွေနှုတ်ဆက်လို့
***သူတို့ကပဲ တိုင်းပြည်နဲ့အမျိုးကို သိပ်ချစ်သလိုလို!
ကျွန်တော်တို့ဘဝကို သူတို့ကပဲ ကယ်တင်စောင့်ရှောက်ထားသလိုလို
စစ်နယ်မြေကပြည်သူတွေတော့ သူတောင်းစားတွေကိုဖြစ်လို့
သူတောင်းစားဘဝရောက်နေလို့သနားလို့မနေနိုင်တဲ့သူက ပေးစာကမ်းစာပေးစားတာတောင် သူတို့ဆီကနေတဆင့်ပေးရမယ်တဲ့
သြော်...လက်နက်ကိုင်.. လက်နက်ကိုင်
ဘယ်လက်နက်ကိုင်မှ မကောင်းဘူး
လစ်ရင်လစ်သလို၊ရရင်ရသလို လက်နက်အားကိုးနဲ့ပြည်သူကိုဓားပြ(ဒမြ)သာသာလုပ်ချင်သေးတာ
ပြီးတော့ပါးစပ်ကနေ နတ်စကားထွက်သေးတယ် "ပြည်သူ့အတွက် အမျိုးအတွက်တဲ့"
ကျောက်တူးခိုးထုတ်တာလဲ လက်နက်ကိုင်ပဲ
သစ်ခိုးထုတ်တာလဲ လက်နက်ကိုင်ပဲ
ဘိန်းစိုက်ခဲ့တာလဲ လက်နက်ကိုင်ပဲ
ဖိုးကုန်ကူးတာလဲ လက်နက်ကိုင်ပဲ
ဆေးပြားဖြန့်တာလဲ လက်နက်ကိုင်ပဲ
###လက်နက်ကိုင်ကခွင့်မပြုရင် သစ်ဆိုလို့ သွားကြားထိုးတံတောင် ခပ်တည်တည်နဲ့ပါးစပ်ကကိုက်သွားလို့မရဘူး
လက်နက်ကိုင်ကခွင့်မပေးရင် ဟို အစေ့လောက်ရှိတဲ့ ကျောက်စေ့တောင် ဟိုဟာထဲထည့်ယူသွားလို့မရဘူးပြည်ပကိုပြောပါတယ်
အဆင်ပြေနေရင်ပါးစပ်ထဲချီးငုံထားသလို တိတ်လို့-
ပြန်လဲပစ်ကြရော ဒေါ်အောင်ဆန်းစုကြည်ဘာလုပ်နေလဲ? ဘာမှမပြောတော့ဖူးလားတဲ့ !
တတ်လဲတတ်နိုင်တယ် လက်နက်တွေကိုင်ထားပြီး အထိနာလာတာနဲ့အကျများလာတာနဲ့
ဒုက္ခရောက်တာနဲ့ ဒီအသက် ၇၀ ကျော်အမျိုးသမီးရဲ့ လုံချည်ပြင်ဝတ်သံကို နားစွင့်ကြားချင်ကြတယ်ဟုတ်လား !
ခုနေ..၊ဒီချိန်..ဒီနိူင်ငံအခင်းအကျင်း..၊ဒီအခြေအနေ..၊ဒီရေချိန်မှာမှ..
ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးကိုမှ မကြိုက်ဘူး၊ လက်မခံနိူင်ပါဖူးဆိုရင်မေးမယ် ဖြေပါ
-ဦးနေဝင်းကို အသက်သွင်းပေးရမှလား ?
ဦးသန်းရွှေကို အာဏာသိမ်းခိုင်းရမှာလား ?
ဦးခင်ညွန့်ကို ထောက်လှမ်းရေးပြန်ဖွဲ့ခိုင်းရမှာလား ?
ဦးသိန်းစိန်ကို သမ္မတပြန်ခန့်ပေးရမှာလား ?
ဘယ်လက်နက်ကိုင်ခေါင်းဆောင်ကို နိူင်ငံ့ခေါင်းဆောင်ခန့်ချင်တာလဲ ?
နိူင်​ဟံသာကိုလား
ဂွမ်မော်ကိုလား
နော်စီဖိုးရာစိန်ကိုလား
ဆလိုင်းကြီးကိုလား
ရွက်ဆစ်ကိုလား
ပေါက်ယူချန်းကိုလား
ဖုန်ကြားရှင်ကိုလား
လက်နက်ကိုင်ထဲကဘယ်သူ့ကို ခန့်ပေးရမလဲ ?
ဒေါ်စုလောက်ရော ပြည်သူ့ထောက်ခံမှု ရထားလား? ရနိူင်လား ?
အရည်အချင်းရှိလား ?
ပြည်သူ လက်ခံလား ?
နိုင်ငံတကာမှာရော တိုးလို့ပေါက်သလား ?
နိုင်ငံတကာမှာရော မျက်နှာပန်းလှလား ?
နိူင်ငံရေးရော နားလည်တတ်ကျွမ်းသလား ?
လက်နက်ကိုင်တိုက်ပြီးတော့ ဘယ်လက်နက်ကိုင်ခေါင်းဆောင်ကများ နိူင်ငံ့ခေါင်းဆောင်စစ်စစ်ဖြစ်ခဲ့ဖူးသလဲ ?
ဒေါ်အောင်ဆန်းစုကြည် နိူင်ငံ့ခေါင်းဆောင်ဖြစ်လာတာ
သေနတ် မပစ်တတ်ဘူး
သေနတ် မရှိဘူး
လက်နက်ကိုင်တပ် မရှိဘူး
တောင်းစရာကိုယ်ပိုင်ပြည်နယ် မရှိဘူး
သစ်ခိုး မထုတ်ထားဘူး
ကျောက်ခိုး မတူးထားဘူး
ပြည်သူကိုလက်နက်နဲ့ ဒမြ(ဓားပြ)ဆန်ဆန် တိုက်မယူထားဘူး
ဘိန်း မစိုက်ခဲ့ဘူး
ဖိုး မဖြန့်ခဲ့ဘူး
ဆေးပြား မဖြန့်ခဲ့ဘူး
တိုင်ပြည်ကိုလက်ညိုးထိုး ရောင်းမစားထားခဲ့ဘူး
မိုင်းမထောင်ခဲ့ဘူး
မိုင်းမခွဲ ခဲ့ဘူး
၂၁ ပင်လုံနဲ့တိုင်းပြည်ကို ရင်ကြားစေ့နိူင်အောင် ကြိုးစားပေးနေတယ်
ညီလာခံမတိုင်ခင် လမ်းကြောင်းပေးတယ်
"ရချင်လိုချင်တာအရင်မပြောပဲ ဘာတွေပေးနိူင်မလဲဆိုတာ အရင်ဆွေးနွေးပါတဲ့
...ဒါပေမယ့် လာသမျှအဖွဲ့ အကုန် တောင်းတယ်။ပေးမယ်ဆိုတဲ့အဖွဲ့ တဖွဲ့မှ မရှိဘူး
၂၁ ပင်လုံဟာ နောက်တော့ ဘယ်လိုလာမယ်မသိ
ခုနေချိန်ထိကတော့ နိူင်ငံကိုခုတ်မယ်၊ပိုင်းမယ်၊ဖြတ်မယ်၊ဖဲ့မယ်ဆိုပြီး ရသမျှတောင်းသွားတဲ့
သူတောင်းစားညီလာခံကြီးကိုဖြစ်လို့
ဒီလိုပြောလို့ ပင်လုံညီလာခံကို သေးသိမ်အောင်လုပ်တယ်ထင်ရင် အချိန်မရွေးလာဖမ်းပြီး တရားစွဲနိူင်တယ်
စိတ်ချ..အာမခံမယူဘူး ၊ထောင်တစ်သက်ကျခံရဲတယ်
ဒါတွေဟာ ပေါက်ပန်းဈေးပြောနေတာမဟုတ်
ကိုယ်တိုင်လက်နက်ကိုင်ပြီး ကိုယ်တိုင်ကြုံခဲ့ဖူးတယ်
တရားသောစစ် ဆင်နွဲတယ်တဲ့ ဟုတ်လား !
ထွီ... ရွံစရာကောင်းတယ်
လက်နက်ကိုင် ၂ ဖွဲ့တိုက်လို့ ပြည်သူသေနေတာကို တရားသောစစ် ဟုတ်လား ?
သတ္တိဆိုတာ လက်နက်ကိုင်၊လက်နက်ကိုအားကိုးပြီး ပြည်သူကို ဒမြ(ဓားပြ)ဆန်ဆန်လုပ်နေတာကို သတ္တိလို့ ခေါ်တာမဟုတ်ဖူး
ကိုင်ထားတဲ့လက်နက်စွန့်ပြီး ပြည်သူလူထုရဲ့အဆုံးအဖြတ်ကို လက်ခံရဲတာမှ သတ္တိလို့ခေါ်တာပါ
ဒါတွေကိုမေ့ထားပြီး ဘယ်သူဘယ်လောက်ချမ်းသာသာ၊ ဘယ်လောက်ပညာတတ်တတ်၊ဘယ်လောက်ဂုဏ်သရေရှိရှိ၊ဘယ်လောက်ဘုန်းကြီးကြီး၊ဘယ်လောက်ရာထူးကြီးကြီး၊ဘယ်လောက်ရုပ်ချောချော၊ဘယ်လောက်ရုပ်ဆိုးဆိုး၊ဘယ်လောက်ဖြူ ဖြူ ၊ဘယ်လောက်ညိုညို၊ဘယ်လောက်မဲမဲ ဘာကြီးဖြစ်နေပါစေ သေရင်အားလုံးမသာတွေကြီးပဲ ။မသာကားစီးပြီးအားလုံးနီးတူဒီမီးသဂြိုဟ်စက်အပေါက်ထဲထည့်၊တစ်ပုံစံထဲမီးရှို့ရတာပဲဆိုပြီး ပရဟိတအလုပ်စိတ်နှစ်ထားပါတယ်ဆို
ပြောစရာတွေ ပေါ်ပေါ်လာလို့ ပြောလိုက်ရပါတယ်
ဘဝတစ်ပါးပဲ ကူးပြောင်း ပြောင်း
ခရစ်တော်ထံမှာပဲ အိပ်ပျော် ပျော်
အလ္လာထံမှာပဲ တစ်ရေးမှမနိုးတမ်း အိပ်စက် စက်
အားလုံးဟာ သေတာကြီးပါပဲ
ပုံစံတူမသာကား စီးရမှာပါကြီးပါပဲ
ဒါ့ကြောင့်မသေခင် ဘယ်သူ့မှအပြစ်မတင်ပဲ ကျန်ရစ်ထားမယ့်လောကလှအောင် လုပ်ကြရအောင်
ဒီည...ငါ...အိပ်လို့ မရဘူး
ဒေါ်အောင်ဆန်းစုကြည်... ဘာလုပ် နေလဲ ? !
အားလုံးကိုချစ်ခြင်းများစွာဖြင့်
ကျော်ခိုင်
16 Oct; 2016 (00:17)am
[ကိုကျော်ခိုင်ဝင်း @ Kyaw Khaing ဟာ အဖေဗမာ၊အမေတရုတ်စစ်စစ်၊ဗမာကပြားဖြစ်ပေမယ့် မြန်မာပြည်နဲ့လူမျိုးကို အင်မတန်ချစ်သူ။၈၈၈၈အရေးတော်ပုံမှာ အလယ်တန်းကျောင်းသားဘဝဖြင့် တော်လှန်ရေးသပိတ်တွင်ပါဝင်လာရာမှ တောခိုကျောင်းသားဘဝ(မြောက်ပိုင်း)ABSDF (NB)ဖြင့်လက်နက်ကိုင်တော်လှန်ခဲ့ရာ ပညာတစ်ပိုင်းတဆဖြင့် တိုင်းပြည်အတွက်အနစ်နာခံခဲ့သူ။အလင်းဝင်လာပြီးနောက် မြို့ရွာကောင်းကျိုးအတွက် ဗိုလ်ချုပ်ရာပြည့်ပွဲ၊မင်းဘူးရေဘေးကယ်ဆယ်ရေး၊၂၀၁၅ရွေးကောက်ပွဲအောင်နိုင်ရေး၊ဒေါ်အောင်ဆန်းစုကြည်၏မဲဆွယ်ပွဲမိုးညှင်းမြို့ခရီးစဉ်နှင့်အောင်နိုင်ရေးကလတခုလုံး၊မဲပညာပေး၊စာပေဟောပြောပွဲများ၊၁၉ဇူလိုင်အာဇာနည်နေ့ပွဲ၊၇၁နှစ်မြောက်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့သစ်ပင်စိုက်ပွဲ၊ ၂၁ ရာစုပင်လုံညီလာခံထောက်ခံကြိုဆိုပွဲနှင့် ၁၀နှစ်သက်တမ်းကျော်ပြီဖြစ်သောမတ္တာမွန်လူမှုကူညီရေးအသင်း၏ခေါင်းဆောင်တဦး၊လူနာတင်သယ်ပို့၊နိဗ္ဗာန်ယာဉ်မောင်းတဦး၊သုသာန်သာယာလှပရေးအတွက်ဥယျာဉ်မှူးတဦး၊သုဘရာဇာတဦး။
အမှန်တရားကိုချစ်မြတ်နိုးသူ၊ချစ်ခြင်းမုန်းခြင်းကင်းကင်းနဲ့ပြောဆိုဝေဖန်တတ်သူ။
သူ့လိုလူတဦးကို မိုးညှင်းမြို့ကရရှိတဲ့အတွက်ဂုဏ်ယူသလို သူလျှောက်တဲ့လမ်းကို အားကျစွာဖြင့်နောက်မှစမ်းတဝါးလိုက်နေပေမယ့် မမှီသေးသလို သင်ယူစရာအများကြီးပါ။သူ့အတွက်ဂုဏ်ယူရင်း သူရေးတဲ့စာကိုကူးယူတင်လိုက်ပါသည်။)
စာကြွင်း:: သူသည်NLDပါတီဝင်မဟုတ်ပါ။မည်သည့်ပါတီမျှဝင်မထားပါ။လူမျိုးစွဲ၊ပါတီစွဲကင်းကင်းဖြင့် ကျရာနေရာမှထမ်းဆောင်နေသူဖြစ်ပါတယ်။
်MyintZaw -Fb မှ ကူးယူသည်
Credit:.
From 😁CJ🦅

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...