Skip to main content

ရန်ကုန်စည်ပင်မှ သိမ်းဆည်းထားသည့် မြေများနှင့်စပ်လျဉ်းပြီး မူလသိမ်းဆည်းခံမြေများ၏ မူလတောင်သူများသို့ မြေယာလျော်ကြေးငွေများ ယနေ့ပေးအပ်ခဲ့သည်။

ဖွတ်တွေလက်ထက်နဲ့ အပြောမဟုတ် လက်တွေ့ ဘာတွေကွားခြားသွားလဲ မြင်အောင်ကြည့် ...
ပြည်သူပိုင်မြေကို တစ်လက်မမျှ မသိမ်းတဲ့အပြင် အရင်အစိုးရ အဆက်ဆက် သိမ်းထားတဲ့ မြေတွေအတွက်ပါ
သူတို့အာဏာရချိန်မှာ ထိုက်ထိုက်တန်တန် လျော်ကြေး​
ပြန်ပေးနေကြတယ်။ ပြည်သူကို မျက်နှာမူတဲ့ ပြည်သူ့အစိုးရဆိုတာ ဒါပါပဲ ....
ရန်ကုန် ၁၀မြို့နယ်မှ တောင်သူ၁၀၀ကျော်ကို လျော်ကြေးငွေကျပ်သန်းပေါင်း ၁၅၀၀၀ခွဲကျော် ယနေ့ပေးအပ်
----------------------
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက်
ရန်ကုန်စည်ပင်မှ သိမ်းဆည်းထားသည့် မြေများနှင့်စပ်လျဉ်းပြီး မူလသိမ်းဆည်းခံမြေများ၏ မူလတောင်သူများသို့ မြေယာလျော်ကြေးငွေများ ယနေ့ပေးအပ်ခဲ့သည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ လှိုင်သာယာ ၊ ရွှေပြည်သာ ၊ မင်္ဂလာဒုံ ၊ ဒလ ၊ ကြည့်မြင်တိုင် ၊ တိုက်ကြီး မြို့နယ်များမှ တောင်သူ ၁၃၉ ဦးအတွက် လျော်ကြေးငွေ ကျပ် ၁၅၃၈၁. ၂၂ သန်းကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက “ နိုင်ငံတော် သမ္မတကြီးက အမြဲတမ်းလမ်းညွှန်ပါတယ်။ မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့။ ဒါကြောင့် ကျွန်တော်တို့ ဘတ်ဂျက်ငွေ အတွင်းမှာ ၃၀ ဘီလီယံ လျော်နိုင်ဖို့ပြင်ဆင်ထားပါတယ်။ လာမည့် ဧပြီလမှာ ထပ်မံရေးဆွဲမည့် ဖြည့်စွက် ဘဏ္ဍာငွေမှာ ၂၀၀ ဘီလီယံကျော် လောက်ထပ်ပြီး ထည့်သွင်းချင်တာမို့ ကျွန်တော်တို့ ငွေရှာနေပါတယ်။ ဒါပေမယ့် ဒီငွေတွေကိုပေးနိုင်ဖို့ အတွက်ဆိုရင် ပြည်သူလူထုဘက်က ကျွန်တော်တို့ကို အချက်အလက် သေသေချာချာ တင်ပြဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆို ကျွန်တော်တို့ဘက်ကလည်း တာဝန်ယူတာဝန်ခံမှု ရှိရမယ်။ လျော်ကြေးငွေ လက်ခံထားတဲ့ သူတွေဘက်ကလည်း တာဝန်ယူ တာဝန်ခံမှုရှိရမယ်။ ဒီဆောင်ရွက်မှုမှာ ပွင့်လင်းမြင်သာမှုရှိပြီး နှစ်ဘက်စလုံးအတွက် အဆင်ပြေမယ့် အခြေအနေ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကျွန်တော်တို့ဘက်က ဌာနဆိုင်ရာတွေ ဘက်ကလည်း တစ်ချိန်ချိန်မှာ စစ်ဆေးတဲ့ ကာလမှာ မှားယွင်းခဲ့မှု အတွက် အခက်အခဲဖြစ်နိုင်ပါတယ်။ ပြည်သူလူထုဘက်ကလည်း ဒီအချက်အလက်တွေ အပေါ်မှာ မှန်မှန်ကန်ကန် မတင်ပြနိုင်တဲ့ အတွက် အခက်အခဲ ကြုံနိုင်စရာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်အနေနဲ့ တိတိကျကျနဲ့ စိစစ်ပြီး လျော်ကြေးပေးနိုင်မယ့် သူတွေကိုအမြန်ဆုံး ဆောင်ရွက်ပေးနိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်“ ဟု ပြောကြားသည်။
ထိရောက်မြန်ဆန်သည့် ဆောင်ရွက်မှုများကို ၂၀၂၀ ခုနှစ်အတွင်းမှာ ပြီးပြတ်အောင်ဆောင်ရွက်ကြရန်လည်း ဝန်ကြီးချုပ်က တာဝန်ရှိသူများကို တိုက်တွန်းခဲ့သည်ဟုသိရသည်။
မောင်မောင်/Myanmar Harp
Photos Credit- YRG Info:
ZN.H 🇦🇺

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...