Skip to main content

ရခိုင်မြောက်ပိုင်းတွင် ARSA အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကို မျက်ကွယ်ပြုထားပြီး ဟိန္ဒူဘာသာဝင် ၁၀၀ ကျော် အသတ်ခံရကာ ၄၀၀ ကျော် တစ်ဖက်နိုင်ငံသို့ထွက်ပြေးခဲ့ရခြင်းများကို မည်သူတစ်ဦးတစ်ယောက်မျှပြောကြားခဲ့ခြင်းမရှိဟု ဟိန္ဒူအမျိုးသမီးကွန်ရက်တစ်ခု ပြောကြား


ARSA အကြမ်းဖက်အဖွဲ့မှ သတ်ဖြတ်ခဲ့သည့် ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်းများကို တူးဖော်တွေ့ရှိစဉ်က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက်စစ်ဆေးခဲ့စဉ် (ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)
ARSA အကြမ်းဖက်အဖွဲ့မှ သတ်ဖြတ်ခဲ့သည့် ဟိန္ဒူဘာသာဝင်များ၏ ရုပ်အလောင်းများကို တူးဖော်တွေ့ရှိစဉ်က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သွားရောက်စစ်ဆေးခဲ့စဉ် (ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

PUBLISHED 14 DECEMBER 2019

ဇော်မင်းနိုင်

ရခိုင်မြောက်ပိုင်းတွင် ARSA အဖွဲ့၏ တိုက်ခိုက်မှုများကို မျက်ကွယ်ပြုထားပြီး ဟိန္ဒူဘာသာဝင် ၁၀၀ ကျော် အသတ်ခံရကာ ၄၀၀ ကျော် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးခဲ့ရသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ ပြောကြားခဲ့ခြင်းမရှိကြောင်း အင်ကြင်းမေ ဟိန္ဒူ အမျိုးသမီးကွန်ရက်မှ ဒေါ်ကက်သလင်းသိန်းက ပြောကြားသည်။
ဒီဇင်ဘာ ၁၄ ရက်ကပြုလုပ်သည့် DVB Debate အစီအစဉ်တွင် ဒေါ်ကက်သလင်းသိန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
ရခိုင်မြောက်ပိုင်းအား ARSA အကြမ်းဖက်အဖွဲ့မှ တိုက်ခိုက်ခဲ့ရာတွင် ဟိန္ဒူဘာသာဝင် ၁၀၀ ကျော် အသတ်ခံခဲ့ရပြီး ၈၀၀ ကျော်မှာ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်များကိုမည်သူမျှ ပြောကြားခဲ့ခြင်းမရှိကြောင်း ဒေါ်ကက်သလင်းသိန်းက ပြောကြားသည်။
“ ၂၀၁၇ ခုနှစ် သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်မှာ သုည ဒသမ ၅ ရာခိုင်နှုန်း ရှိတယ်။ ဒါဆို သောင်းဂဏန်းရှိတယ်။ သောင်းဂဏန်းမှာမှ တစ်ထောင်ကျော်က အိုးမဲ့အိမ်မဲ့ ဖြစ်တယ်။ ၁၀၀ ကျော်က သေတယ်။ ၄၄၄ ယောက်က တစ်ဖက်နိုင်ငံကိုရောက်နေတယ်။ ဒါကိုကျတော့ ဂျီနိုဆိုက်လို့ ပြောလို့မရဘူးလား။ ဆိုလိုတာက ဖြစ်စေချင်တာကိုပြောတာ မဟုတ်ဘူး။ ဘာဖြစ်လို့ ကျွန်မတို့ဟိန္ဒူတွေရဲ့ဘက်ကနေပြီးတော့ အသံမထွက်ပေးတာလဲ။ ဟိန္ဒူတင်ပဲလား။ မဟုတ်သေးဘူးရှင့်။ ရခိုင်မှာ မြို၊ သက်၊ ခမီတို့၊ ကမန်တို့ အဲဒီလိုလူမျိုးတွေ လူနည်းစုတွေ အများကြီး။ သူတို့လည်း ထိခိုက်တယ်” ဟု ဒေါ်ကက်သလင်းသိန်းက ပြောကြားသည်။
ဒေါ်ကက်သလင်းသိန်းမှာ နိုင်ငံအချို့သို့ ငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သက်သည့် အစည်းအဝေးများ၊ ဖိုရမ်များသို့ သွားရောက်ခဲ့ခြင်းများ ရှိသည်။ ယင်းသို့ သွားရောက်ရာတွင် မြန်မာနိုင်ငံအနေဖြင့် ဂျီနိုဆိုက်ကျူးလွန်သည်ဟု စွပ်စွဲပြောဆိုခြင်းများ ရှိကြောင်း၊ ရခိုင်မြောက်ပိုင်းအား ARSA အဖွဲ့မှ တိုက်ခိုက်ခဲ့သည်ဆိုခြင်းကို မည်သူကမျှ ထည့်သွင်း ပြောကြားခဲ့သည်ကို မတွေ့ခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်များကို တတ်နိုင်သမျှ ဖြေရှင်းခဲ့ရကြောင်း ဒေါ်ကက်သလင်းသိန်းက ပြောကြားသည်။
“ ARSA က လာတိုက်ခိုက်ထားတာလည်း မပါဘူး။ နင်တို့ပြောတဲ့ထဲမှာ ဟိန္ဒူတွေ အများကြီးအပျက်အစီးတွေ ဖြစ်သွားတာတွေလည်း မပါဘူး။ အဲဒါတွေ ထပ်ပြောရတယ်။ ...။ နောက်ဆုံးသွားခဲ့တဲ့တစ်ခေါက်မှာ တစ်ယောက်က ဘင်္ဂလားဒေ့ရှ်က။ သူက ကျွန်မတို့ဆီက အဖြစ်အပျက်တွေကို ၁၉၅၀ လောက်ကစပြီး ပြောခဲ့တာတွေကို တစ်လုံးမကျန် လိုက်မှတ်ရတယ်။ သူပြောပြီးတဲ့အခါမှာ နင်ပြောသွားတဲ့အထဲမှာ ဒါတွေ ဒါတွေ ကျန်သွားတယ်ဆိုပြီး ပြောရတယ်။ သူ့ကို သွားစိတ်ဆိုးလို့ မရဘူး။ သူ့နိုင်ငံသား သူ့ဘာသာကိုထိရင် ပြောမှာပဲ။ ကျွန်မတို့ သွားစိတ်ဆိုးလို့မရဘူး။ ... ။ ရောက်တဲ့နိုင်ငံတိုင်းမှာ အပြောခံရတယ်။ ထိုင်းမှာဆိုရင် အနောက်နိုင်ငံက လူကြီးတစ်ယောက်။ ရာထူးတော်တော်ကြီးပါတယ်။ နင်က ဒီဟာကိုဂျီနိုဆိုက်လို့ ပြောတယ်။ ငါတို့ဟိန္ဒူတွေ ၀ ဒသမ ၅ ရာခိုင်နှုန်းရော ပြောခွင့်မရှိဘူးလား ပြောလိုက်ရင် သူတို့ ငြိမ်သွားပြန်ရော။ သူတို့မှာ အဖြေမရှိဘူး” ဟု ဒေါ်ကက်သလင်းသိန်းက ပြောကြားသည်။
မြန်မာနိုင်ငံသားများအနေဖြင့် လက်ရှိအချိန်တွင် စုစုစည်းစည်းနေထိုင်ကြရန် အရေးကြီးကြောင်း၊ မည်သည့်နိုင်ငံတွင် ရောက်ရှိနေသည်ဖြစ်စေ စုစည်းညီညွတ်မှသာ အဆင်ပြေမည်ဖြစ်ကြောင်း ဒေါ်ကက်သလင်းသိန်းက အကြံပြုပြောကြားသည်။
“ ဟိန္ဒူမှ မဟုတ်ဘူး။ ခရစ်ယာန်မှ မဟုတ်၊ ချင်းမှ မဟုတ်၊ ကချင်မှ မဟုတ်ဘူး။ အားလုံး စုစုဝေးဝေးနဲ့ ရင်းရင်းနှီးနှီးရှိပြီးတော့ ဘယ်နိုင်ငံပဲရောက်ရောက် တစ်ဦးကိုတစ်ဦး Protect လုပ်ပေးဖို့ အရေးကြီးပါတယ်” ဟု ဒေါ်ကက်သလင်းသိန်းက ပြောကြားသည်။
ကိုဖီအာနန်၏ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီးသတ်အစီရင် ခံစာထွက်ပေါ်လာပြီး တစ်ရက်အကြာ ၂၀၁၇  ခုနှစ် သြဂုတ် ၂၅ ရက်တွင် ရခိုင်ပြည်နယ်ရှိ ရဲကင်း ၃၀ အား ARSA အဖွဲ့က အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။ ARSA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ကနဦးတွင် ရဲတပ်ဖွဲ့ဝင် ကိုးဦး၊ တပ်မတော်သားတစ်ဦးနှင့် ဒုလဝကမှူးတစ်ဦး ကျဆုံးခဲ့ပြီးနောက်ပိုင်းတွင် ဟိန္ဒူဘာသာဝင်များကို သတ်ဖြတ်ခဲ့ခြင်း၊ ဒေသခံဌာနေ တိုင်းရင်းသားများကို သတ်ဖြတ်ခဲ့ခြင်း စသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
ယင်းကြောင့် အကြမ်းဖက်တိုက်ခိုက်ခံရသည့် ဘူးသီးတောင်၊ မောင်တောဒေသမှ ဒေသခံဌာနေ တိုင်းရင်းသားများ စစ်တွေမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ARSA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဟိန္ဒူဘာသာဝင်များကို သတ်ဖြတ်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ၂၀၁၈ ခုနှစ် မေလတွင် ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် ARSA အဖွဲ့မှာ ရခိုင်ပြည်နယ် မြောက်ပိုင်းမောင်တောမြို့ရှိ ခမောင်းဆိပ်ကျေးရွာတွင် ဟိန္ဒူဘာသာဝင် ၉၉ ဦးနှင့် အခြားနေရာများတွင် သတ်ဖြတ်မှုများအပါအဝင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်အဖွဲ့ဝင်များမှာ ခေတ်မီလက်နက်များကို ကိုင်ဆောင်ထားခြင်းမရှိဘဲ တုတ်၊ ဓားလက်နက်များကို ကိုင်ဆောင်ထားခဲ့ကြောင်း၊ သတ်ဖြတ်မှုမှ ပြန်လည်လွတ်မြောက်လာသူများကို တွေ့ဆုံမေးမြန်းခြင်းမှ သိရှိရခြင်းဖြစ်ကြောင်း AI အဖွဲ့က သတင်း ထုတ်ပြန်ခဲ့သည်။
ယင်းသို့ ARSA အကြမ်းဖက်အဖွဲ့က ဟိန္ဒူဘာသာဝင်များကို သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဟောက်ဒိုစွမ်းက ရခိုင်ပြည်နယ် အကြမ်းဖက်မှုဖြစ်စဉ်တွင် ARSA အဖွဲ့၏ အကြမ်းဖက်မှုများကိုလည်း ထည့်သွင်းပြောကြားပေးရန် ၂၀၁၈ ခုနှစ် မေ ၁၄ ရက်တွင်  ပြုလုပ်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ပြောကြားခဲ့သည်။
အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက်အထိ ARSA အကြမ်းဖက်အဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ထိတွေ့တိုက်ခိုက်မှုပေါင်း ၉၇ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံ့ဝန်ထမ်း နှစ်ဦး၊ ဒေသခံတိုင်းရင်းသား၂၁ ဦး၊ စုစုပေါင်း ၃၆ ဦးနှင့် ARSA အကြမ်းဖက်သမား ၃၇၁ ဦး (ဇာစ်မြစ် - တပ်မတော်) သေဆုံးခဲ့သည်။
ယင်းအပြင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး၊ နိုင်ငံ့ဝန်ထမ်း သုံးဦး၊ ဒေသခံတိုင်းရင်းသား လေးဦး၊ စုစုပေါင်း ၂၂  ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့ပြင် ကျေးရွာပေါင်း ၅၉ ရွာ၊ အိမ် အလုံးရေ  ၆၈၄၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး တံတားရှစ်စင်း မိုင်းထောင်ဖျက်ဆီးခြင်းခံခဲ့ရကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
သို့သော် လက်ရှိတွင် ဂမ်ဘီယာနိုင်ငံက ရခိုင်မြောက်ပိုင်းဖြစ်စဉ်တွင် မြန်မာအစိုးရနှင့် တပ်မတော်က လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်ဟုဆိုကာ ကြားဖြတ်အမိန့်ချမှတ်ပေးရန် နယ်သာလန်နိုင်ငံ The Huge မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် လျှောက်ထားခဲ့သည်။
ယင်းသို့ လျှောက်ထားမှုနှင့်ပတ်သက်ပြီး မြန်မာအစိုးရဘက်မှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက်ခဲ့ပြီး ဖြေရှင်းခဲ့သည်။
ဒီဇင်ဘာ ၁၀ ရက်တွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှုအား စတင်လျှောက်လဲခဲ့ပြီး  ဒီဇင်ဘာ ၁၁ ရက်တွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ချေပခဲ့သည်။ ဒီဇင်ဘာ ၁၂ ရက် တွင် နှစ်နိုင်ငံက ICJ တရားရုံးတွင် အပြန်အလှန် လျှောက်လဲခဲ့ကြသည်။
ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့သည့် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA (Arakan Royigya Salvation Army) ကို ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး မောင်တောဒေသရှိ မေယုတောင်တန်းများတွင် ရခိုင်ပြည်နယ်သို့ ခိုးဝင်လာသည့် ဘင်္ဂါလီများကို အခြေခံတိုက်ခိုက်ရေး သင်တန်းများ သင်ကြားပေးခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
ARSA အဖွဲ့ကို ဦးဆောင်သူမှာ အာတာအူလာဖြစ်ပြီး ၎င်းကို ပါကစ္စတန်နိုင်ငံ ကရာချိတွင် မွေးဖွားခဲ့ပြီး ဆော်ဒီအာရေဗျတွင် ကြီးပြင်းခဲ့ကာ ပြောက်ကျားသင်တန်းအချို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဖမ်းဆီးရမိသည့် ဘင်္ဂါလီအကြမ်းဖက်သမားများကို စစ်ဆေးချက်များအရ ARSA အဖွဲ့အား ပြည်ပက ထောက်ပံ့မှုများရှိကြောင်း မြန်မာအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
ARSA (Arakan Royigya Salvation Army) အဖွဲ့၏ ဘဏ္ဍာရေးတာဝန်ခံ မော်လဝီဂျီရာဘူရာမန်အား ကျွန်းဂေါကျေးရွာနေ အိမ်တွင် ဇွန် ၂၀ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းမိခဲ့ပြီး ၎င်းအား စစ်ဆေးချက်များ အရ ARSA အဖွဲ့၏ စစ်ရေးတာဝန်ခံအဖြစ် ဟာဗစ်ဒူဟာက တာဝန်ယူထားကြောင်း သိရသည်။
ထို့ပြင် ဖမ်းမိခဲ့သည့် မောင်တောဒေသတွင် အကြမ်းဖက်သင်တန်း တက်ရောက်သူများအား စစ်ဆေးချက်များအရ သင်တန်းသားများကို တစ်လကျပ်နှစ်သိန်း ထောက်ပံ့ကာ ငါးလကြာ အကြမ်းဖက်သင်တန်းများ ပို့ချခြင်း၊ ပြည်ပနိုင်ငံအချို့မှ သင်တန်းဆရာများကို ငွေပို့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ARSA အဖွဲ့၏ ဘဏ္ဍာရေးအား အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အလှူငွေ ကောက်ခံခြင်းကို အဓိကထားဆောင်ရွက်လျက်ရှိပြီး အရှေ့အလယ်ပိုင်းဒေသနှင့် ဖိလစ်ပိုင်တောင်ပိုင်းဒေသများတွင် အခြေအနေမကောင်းသည့် ISIS အဖွဲ့နှင့် ချိတ်ဆက်လှုပ်ရှားမှုများ ရှိနေကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။

Comments

Popular posts from this blog

စာအုပ် Download Myanmar Book စာအုပ် ဒေါင်းလု လုပ်ရန်

PDFဖိုင်တွေ တင်ပေးလိုက်ပြီဗျာ .. . အကြိုက်ဆွဲတော့ ကြိုက်နှစ်သက်သော စာရေးဆရာအမည်ကို ရွေးချယ်၍ ပေးထားသော link ပေါ်မှာ click တချက်ပေးလိုက်ပါ။ စာအုပ်များပေါ်ထွက်လာလိမ့်မယ် နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ကာ download ပြုလုပ်ပါရန်... PDF ဖိုင် ဒေါင်းလုဒ်ဆွဲနည်းကို အောက်ဆုံးတွင်ဖော်ပြထားပါတယ်.. Browserကတဆင့်၀င်ပြီးဆွဲရတာကြောင့် Browserမှာ မြန်မာစာ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အဆင့်ဆင့်အတိုင်း ဆက်လက်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါတယ်... ကဗျာစာအုပ်များ https://yadi.sk/d/BQyHLzoufQXPX ခင်ခင်ထူး https://yadi.sk/d/KtKuAcbXgVNmj ချစ်စံဝင်း https://yadi.sk/d/BU2XKZbugx9Ex ချစ်ဦးညို https://yadi.sk/d/rU4MkOd1gApsz ဂမ္ဘီရစာအုပ်များ https://yadi.sk/d/dJEyZO6CfQXPZ စပ်စု https://yadi.sk/d/i4yJ56s8eut8i စွယ်စုံကျမ်း https://yadi.sk/d/FoE5markfQXPj စာအုပ်ပေါင်းစုံ https://yadi.sk/d/70hWsKVTfQXPf ဇာဂနာ https://yadi.sk/d/mZnPo9MafQXPm တက္ကသိုလ်ဘုန်းနိုင် https://yadi.sk/d/8f3aw1u3fQXap တာရာမင်းဝေ https://yadi.sk/d/HnHuiehUfQXar ဒဂုန်ရွှေမျှား https://yadi.sk/d/zsjJwRs7fhdsq နတ်နွယ် https://yadi.sk/d/...
ဦးဆန်းဆင့် ရမည်းသင်းထောင်ပို့ခံရ ဂျွန်လ ၂၀ ရက် နိုင်ငံတော်သမ္မတအမိန့်နဲ့ ရာထူးကနေ အနားပေးခံရတဲ့ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရမည်းသင်းအကျဉ်းထောင်ကို ခေါ်ဆောင်သွားတယ်လို့ နေပြည်တော် သတင်းရပ်ကွက်က သိရပါတယ်။ သမ္မတက ဇွန် ၁၉ ရက်နေ့မှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မကျေပွန်မှုနဲ့ ရာထူးကနေ ဖယ်ရှားမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနေ့ခင်း ၁ နာရီလောက်မှာပဲ အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ) တာဝန်ရှိသူတဦးက လာရောက်အမှုဖွင့်တယ်လို့ ရဲစခန်းကို ကိုယ်တိုင်သွားရောက်တဲ့ ဒီဗွီဘီသတင်းထောက် ဦးအောင်ကြီးက ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

  ၄ နိုဝင်ဘာ ၂၀၂၀ ဓာတ်ပုံ ရင်းမြစ်, SNLD ဓာတ်ပုံ ပုံစာ, SNLD ထောက်ခံသူများ မဲဆွယ် လှည့်လည့်စဥ် မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးရေချိန် အရ ၂၀၁၅ တုန်းကလို ပြည်နယ်တွေမှာ အာဏာရပါတီ အနိုင်မရနိုင်တော့ဘူးလို မှန်းဆမှုတွေရှိပြီး ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ ဓာတ်ပုံ ရင်းမြစ်, SAIONE LENG KHAN ဓာတ်ပုံ ပုံစာ, ကိုယ်စားလှယ်လောင်း ၁၃၀ ကျော်နဲ့ ရှမ်းပြည်နယ်အတွင်း မြို့နယ် အတော်များများမှာ SNLD ဝင်ရောက်ယှဉ်ပြိုင် ချင်း၊ ကချင်၊ ကရင် နဲ့ မွန် တို့မှာ ဒေသခံတိုင်းရင်းသားပါတီတွေ ပေါင်းစည်းပြီး ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ကြသလို ကယား၊ ရခိုင်နဲ့ ရှမ်းတို့မှာလည...