UNICODE
ခန္ဓာကိုယ်အတွက် အရေးပါတဲ့ ကျောက်ကပ်ဟာ ဟိုမုန်းတွေကို ထုတ်လုပ်ပေးပြီးတော့၊ မလိုအပ်တဲ့ အရည်တွေဖြစ်တဲ့ ဆီးတွေ၊ အဆိပ်အတောက်ဖြစ်စေတဲ့ အရည်တွေနဲ့ တစ်ခြားသော ပိုလျှံနေတဲ့ အရာတွေကို စွန့်ထုတ်ပေးပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာဖို့က တကယ့်ကို အရေးကြီးပါတယ်။ မထင်ထားလောက်တဲံ နေ့စဉ် စားသောက်နေတဲ့ အရာတွေထဲမှာ ကျောက်ကပ်ကို ပျက်စီးစေနိုင်တဲ့ အစားအစာတွေ ပါဝင်နေပါတယ်။
ထောပတ်သီး

လူကြိုက်များတဲ့ အသီးတစ်မျိုးဖြစ်တဲ့ ထောပတ်သီးကို အလွန်အကျွံစားခြင်းက ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ထောပတ်သီးမှာ potassium မြင့်မားစွာ ပါဝင်တဲ့ အတွက်ကြောင့် အထူးသဖြင့် ကျောက်ကပ်ရောဂါ ရှိသူတွေ မစားသင့်ပါဘူး။
ခန္ဓာကိုယ်အတွက် potassium ဓာတ်ဟာ လိုအပ်တယ်ဆိုပေမယ့် များလွန်းသွားတဲ့ အခါမှာ ကြွက်သားတွေ နာကျင်တာ၊ နှလုံးခုန် မမှန်တာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
အသား
နေ့စဉ်စားသောက်တတ်တဲ့ အသားကို အလွန်အကျွံစားမိရင်တော့ ကျောက်ကပ်ကို ပြသနာဖြစ်စေပါတယ်။ တိရစ္တာန်တွေကရတဲ့ အသားဟာ ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေပြီးတော့ ဆီးလမ်းကြောင်းကို ပြသနာဖြစ်စေနိုင်ပါတယ်။
အသားမှာပါဝင်တဲ့ purines ဓာတ်ဟာ uric acid ထုတ်လုပ်မှုကို ဖြစ်ပေါ်စေတဲ့အတွက် ကျောက်ကပ်ကျောက်တည်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ဆား

Sodium ဖြစ်တဲ့ ဆားကို တစ်နေ့မှာ ပျမ်းမျှအားဖြင့် လက်ဖက်ရည်ဇွန်း တစ်ဇွန်စာ ခန့်သာ စားသုံးပေးသင့်ပါတယ်။ ဆားကို အလွန်အကျွံစားမိရင် ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုလုပ်ငန်းတွေကို ခက်ခဲစေပြီးတော့ သွေးတိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။
ZAWGYI

ငှက်ပျောသီး
ငှက်ပျောသီးဟာ အဟာရရှိပေမယ့်လို့ တန်ဆေး လွန်ဘေးဆိုတဲ့ စကားရှိပါတယ်။ ငှက်ပျောသီးမှာ potassium ဓာတ်မြင့်မားစွာပါဝင်တဲ့ အတွက် ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ အရွယ်ရောက်ပြီးသား ကျန်းမာတဲ့ လူတစ်ယောက်ဟာ potassium 3500-4700 mg တစ်နေ့ကို အစားအသောက်တွေကနေ စားသုံးပေးသင့်ပါတယ်။
ငှက်ပျောသီး တစ်လုံးမှာ ပျမ်းမျှ potassium 537mg ပါဝင်တဲ့ အတွက်ကြောင့် အလွန်အကျွံစားရင် ခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေပါတယ်။
Comments
Post a Comment